Karen Human Rights Group

တောင်ငူမှုခင်းဆိုင်ရာမှတ်တမ်းလွှာ: ၂၀၁၉ခုနှစ်၊ မေလတွင် သံတောင်ကြီးမြို့နယ်ရှိ ရွာသားတစ်ဦးသည် တပ်မတော်ကားတစ်စီးမှ အတိုက်ခံရပြီး ဒဏ်ရာရခဲ့ခြင်း

ဤဓါတ်ပုံအား ၂၀၁၉ခုနှစ်၊ မေလ၊ ၁၂ ရက်နေ့ တောင်ငူခရိုင်၊ သံတောင် ကြီးမြို့နယ်၊ န--- ရွာတွင် ရိုက်ယူခဲ့ခြင်းဖြစ်သည်။ ဤပုံသည် တပ်မတော် ကားနှင့်တိုက်မိပြီး ဒဏ်ရာရရှိခဲ့သော စောတ---၏ခြေထောက်ပုံအား ဖေါ်ပြထားပါသည်။ (ဓာတ်ပုံ- KHRG)

အဆင့် ၁ - မူခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

တပ်မတော်မှ အရှိန်ဖြင့်ကားမောင်းနှင်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ပွားခြင်း 

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၁၉ ခုနှစ်၊ မေလ ၁၀ ရက်

အခင်းဖြစ်ပွားသည့်နေရာ (ကျေးရွာ၊ မြို့နယ်၊ ခရိုင်)

တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာ၏အပြင်ဘက်

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောတ ---

အသက်

၂၆နှစ်

ကျား/မ

ကျား

လူမျိုး

ကရင်

မိသားစုရှိ/မရှိ

ရှိ

အလုပ်အကိုင်

လယ်သမား

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ရာထူးအဆင့်

ရွာသား

နေရပ် ရွာအမည်

ဟ---

ပြစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

ရာထူး

စစ်ကြောင်း၊တပ်ရင်း၊တပ်မ

အခြေစိုက်သည့်နေရာဒေသ

အထက်အရာရှိ အမည်

မသိ

မသိ

မသိ

မသိ

မသိ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤဖြစ်ပျက်မှုအား ရွာသားတစ်ဦးထံမှကြားရပြီးနောက် ကားတိုက်ခံရသည့်ရွာသား ကိုယ်တိုင်အား တွေ့ဆုံမေးမြန်းခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြ လိုပါသနည်း။ ၄င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤအကြောင်းအရာသည် မှန်ကန်ကြောင်း ကားတိုက်ခံရသည့်ရွာသား ကိုယ်တိုင်ပြောပြခဲ့ပါသည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

 ၂၀၁၉ ခုနှစ်၊ မေလ ၁ဝ ရက်နေ့တွင် သစ်များနှင့်ဝါးများတင်ဆောင်လာသော တပ်မတော်ကား ၅ စီးသည် သံတောင်ကြီး၊ ဘောဂလိမှ တောင်ငူသို့ အရှိန်ပြင်းစွာဖြင့်မောင်းနှင်လာခဲ့သည်။ သံတောင်ကြီးမြို့နယ်၊ ရွာကြီးကျေးရွာအုပ်စု၊ ပျားစခန်းအပြင်ဘက်ရှိ ဆယ့်တစ်မိုင်တွင် တပ်မတော်ကား နောက်ဆုံးတစ်စီးသည် အခြားသောကား (၄) စီးအား ကျော်တက်ရန်မောင်းနှင်လာစဉ် တောင်ငူမှ ဟ---ရွာသို့ ဆိုင်ကယ်ဖြင့် မောင်းနှင်လာသောရွာသားတစ်ဦးဖြစ်သူ စောတ---အား တိုက်မိခဲ့သည်။ ထိုရွာသား၏ ဆိုင်ကယ်သည် လမ်းဘေးသို့လှဲကျသွားပြီး ပျက်စီးခဲ့သည်။ စောတ--- သည်လည်း ဒူးခေါင်းနှင့်ခြေထောက်တွင် ဒဏ်ရာရခဲ့ပါသည်။ ၎င်းဆိုင်ကယ်ဖြင့် တင်ဆောင်လာသော  ဆန်အိတ်နှစ်အိတ်လည်း ပေါက်ပြဲကာ လမ်းမပေါ်တွင်ဖိတ်ကျခဲ့သည်။

 

ထိုတပ်မတော်ကားသည် ရွာသားအားတိုက်မိသော်လည်း ကားမရပ်ခဲ့ပါ။ စောတ---သည် ဒဏ်ရာများရခဲ့ သောကြောင့် မထနိုင်တော့သည့်အတွက် ပျားစခန်းရွာတွင်နေထိုင်သောမိတ်ဆွေများအား ဖုန်းဖြင့်ခေါ်၍ အကူအညီတောင်းခဲ့ပါသည်။ မိနစ် ၃၀ အကြာ ညနေ ၃ နာရီ မိနစ်၃၀ အချိန်တွင် ၎င်း၏မိတ်ဆွေများ ထိုဖြစ်ပျက်မှုဖြစ်ပွားသောနေရာသို့ရောက်ရှိခဲ့ပြီး လမ်းပေါ်တွင် ဖိတ်ကျနေသောဆန်အား ကောက်သိမ်းခဲ့ သည်။

 

၎င်းတို့သည် ထိခိုုက်ဒဏ်ရာရရှိခဲ့သည့် စောတ--- အား ဆေးကုသရန်အတွက် ဆေးခန်းသို့ပို့ဆောင်ခဲ့ သည်။ စောတ---၏ဒူးခေါင်းအနာအား လေးချက်ချုပ်ရပြီး ဓါတ်မှန်ရိုက််ရန်လိုသည်ဟု ၎င်းအားပြောခဲ့သည်။ ထိုဆေးခန်းတွင် ဓာတ်မှန်စက်မရှိသည့်အတွက် ဆေးရုံတွင် ဓာတ်မှန်ရိုက်မည်ဆိုပါက ငွေကြေးများစွာ ကုန်ကျမည်ဖြစ်သောကြောင့် စောတ--- သည် ဓာတ်မှန်ရိုက်သည့်အစီအစဉ်ကို မရွေးချယ်ခဲ့ပေ။ ထိုအစား ၎င်း၏ရွာသို့ပြန်၍  ဓလေ့ရိုးရာဆေးဝါးများဖြင့်သာကုသမည်ဟု ဆုံးဖြတ်ခဲ့သည်။ 

 

စောတ--- သည် ထိုကိစ္စနှင့်ပတ်သက်၍ မည်သူအား အကြောင်းကြားရမည်ကို မသိရှိသည့်အပြင် ၎င်းအား တပ်မတော်ကား ဖြင့်အတိုက်ခံရ သဖြင့် အမှုရင်ဆိုင်ရမည်ကို လည်း ကြောက်ရွံ့ခဲ့ရသည်။ ထို့ ကြောင့် စောတ---သည် ဘာမျှမ ပြောဘဲ တိတ်ဆိတ်စွာ နေခဲ့ သည်။ စောတ---သည်၎င်းဒဏ် ရာများ  ပျောက်ကင်းရန်အတွက် အချိန်မည်မျှကြာမည်နှင့် ဆေး ကုသရန်အတွက် ငွေကြေး မည်မျှကုန်ကျလိမ့်မည်ကို မသိ သောကြောင့်စိတ်ဖိစီးမှုများခံစား နေရပါသည်ဟု ပြောခဲ့ပါသည်။ ထို့အပြင် ပျက်စီးသွားသည့် ဆိုင်ကယ်ကိုလည်း ပြန််လည် ပြုပြင်ရန် သို့မဟုတ် အသစ်တစ် စီးဝယ်ရန် ငွေကြေးမတတ်နိုင်ခဲ့ ပေ။ 

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့ သို့သောနည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။
ကားတိုက်ခံသည့်ရွာသားကိုယ်တိုင်မှကရင်လူ့အခွင့်အရေးအဖွဲ့ အားဤအချက်အလက်များအသုံးပြုရန် ခွင့်ပြုချက်ပေးခဲ့ပါသည်။