
၂၀၂၁ခုနှစ်၊ ဧပြီလ ၆ရက်နေ့တွင် တပ်မတော်စစ်ကားများ ခရီးသွားနေသည့် ၀--- နှင့် မ--- ရွာကြားရှို ဆော ထိမြို့နယ်၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် လမ်းကြောင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည် [စစ်ကား များ ပျက်စီးမှုမရှိခဲ့ပါ]။ ထိုအချိန်တွင် အခင်းဖြစ်ပွားရာ နေရာသို့ အမည်မသိတပ်ရင်းမှ တပ်မတော်စစ်သား များရောက်ရှိလာ၍ ၀--- ဒေသခံရွာသားနှစ်ဦးမှ အခင်းဖြစ်ပွားရာနေရာနှင့် နီးစပ်ရာနေရာ ၎င်းတို့၏မော် တော်ဆိုင်ကယ်ပေါ် ထိုင်နေသည်ကို တပ်မတော်စစ်သားများ မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် ဒေသခံရွာသား နှစ်ဦးကို ဗုံးဖောက်ခွဲခဲ့သည်ဟု တပ်မတော်စစ်သားများမှ သံသဝင်ခဲ့သောကြောင့် ၄င်းတို့၏မော်တော်ဆိုင် ကယ်ကို ညနေ ၄း၄၅ ဝန်းကျင်တွင် အတင်းအဓမ္မသိမ်းယူခဲ့သည်။ [အဆိုပါ ဒေသခံရွာသားနှစ်ဦးကို မသ င်္ကာမှုဖြင့် မဖမ်းဆီးခဲ့သည်မှာ တပ်မတော်စစ်သားများသည် ၄င်းတို့၏မော်တော်ဆိုင်ကယ်ကို ခိုးယူလိုစိတ် ဆန္ဒတစ်ခုတည်းသာ ရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်မှုကြောင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ၏ပုဒ်မ ၉(ဃ)မှ ဖော်ပြသော “တိုက်ခိုက်လုုယက်မှု၊ ခိုးမှု (သို့မဟုတ်) တစ်ပါးသူ၏ပစ္စည်းကို ခွင့်ပြုချက်မတောင်းဆိုကာ အသုံးပြုမှု” ကို ချိုးဖောက်နေခြင်းဖြစ်သည်။
ဒေသခံရွာသားနှစ်ဦးသည် ထိုနေရာမှထွက်ခွာပြီး ၄င်းဒေသခံတစ်ဦးမှ မိမိ၏နိုင်ငံသားစိစစ်ရေးကတ်ပြားကို မော်တော်ဆိုင်ကယ်ထိုင်ခုံအောက်ရှိ ပစ္စည်းထားသည့်နေရာတွင်ထားရှိသည်ကို သတိရသွားခဲ့သည်။ ထို့ ကြောင့် တပ်မတော်မှ မိမိ၏နိုင်ငံသားစိစစ်ရေးကတ်ပြားကို ရှာဖွေတွေ့ရှိပါက အခင်းဖြစ်ပွားပြီး နောက်စုံ စမ်းလိုက်ရှာဖွေမည်ကို စိုးရိမ်ပူပန်သဖြင့် တပ်မတော်ရှိရာ အရပ်ဆီသို့ ချည်းကပ်ပြီး ၄င်း၏ကတ်ပြားကိုရယူ ရန် ကြိုးပမ်းခဲ့သည်။ ထိုအချိန်တွင် တပ်မတော်စစ်သားများမှ ဒေသခံတစ်ဦးထွက်ပြေးအောင် သေနတ်ဖြင့် ဆယ်ချက် ပစ်ခတ်သတိပေးခဲ့သည်။ ထို့နောက် တပ်မတော်စစ်သားများသည် မော်တော်ဆိုင်ကယ် နှစ်စီးကိုယူ၍ ထွက်သွားခဲ့သည်။ ၄င်းဒေသခံရွာသားနှစ်ဦးသည် တပ်မတော်စစ်သားများ၏ တပ်ရင်းနာမည်ကို မသိခဲ့ပေ။ ထိုတပ်မတော်စစ်သားများအသုံးပြုသော လမ်းကြောင်းအရ ညောင်လေးပင်မြို့ရှိ တပ်မတော်ခြေ လျင်တပ်ရင်း (ခလရ) ၂ စခန်းသို့ သွားရောက်သည်ဟု ယူဆကြသည်။