ဤပုံကို ၂၀၂၁ခုနှစ်၊ မတ်လ ၅ရက်နေ့တွင် ရိုက်ယူခဲ့သည်။ ပုံတွင် မူတြော်ခရိုင်၊ ဘူးသိုနှင့်ဒွယ်လိုးမြို့နယ်များရှိ ကျေးရွာအုပ်စုပေါင်း (၁၂)အုပ်စုမှ ရွာသားများ ဦးဆောင်၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သောဆန္ဒပြပွဲကို ဖော်ပြထားပါသည်။ လူဦးရေ (၁၀၀၀၀) ခန့်ရှိ သောရွာသားများသည် အဖွဲ့ငယ်များခွဲပြီး မူတြော်ခရိုင်၊ ဝေမုံကျေးရွာနှင့် ဖာပွန်မြို့နှင့် ကမမောင်းမြို့သို့ ချီတက်၍ မနက် (၈) နာရီမှ ညနေ (၄)နာရီအထိ ဆန္ဒပြခဲ့သည်။ ပုံတွင် ဆန္ဒပြသူများနှင့် ၎င်းတို့လုံခြုံ ရေးအတွက် တာဝန်ယူပေးသော KNLA စစ်သားများ ဖြစ်သည်။ (ဓာတ်ပုံ - ရွာသားတစ်ဦး)
နိဒါန်း
ဤဒေသတွင်းအစီရင်ခံစာသည် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလနှင့် ဇွန်လအကြားတွင် KHRG ကွင်းဆင်းလုပ်သားများမှ ပြုစုထားသော အကြောင်းအရာအပေါ်အခြေခံကာ ဆန်းစစ်မှုပြုလုပ်ထားပါသည်။
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်အာဏာသိမ်းမှုသည် ဤအစီရင်ခံစာအား ရေးသားပြုစုနေစဉ်အတွင်း ဖြစ်ပွားခဲ့သော အထင်ရှားဆုံးအဖြစ်အပျက်တစ်ခုဖြစ်သည်။ ၂၀၂၀ခုနှစ်အထွေထွေရွေးကောက်ပွဲအတွင်း ရွေး ကောက်တင်မြောက်ခံရသည့် အစိုးရလွှတ်တော်အဖွဲ့မှ ကတိသစ္စာပြု၍ တာဝန်အပ်နှင်းသည့် အခမ်းအနားမပြု လုပ်မီအချိန်တွင် မြန်မာ့တပ်မတော်၏ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဟု စွပ်စွဲခဲ့ပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။ ရွေးကောက်တင်မြောက်ခံရသည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဝန်ကြီးချုပ်များ နှင့်အစိုးရ လွှတ်တော်အဖွဲ့ဝင်များသည် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ နိုင်ငံတော်အရေးပေါ်အခြေအနေအား ကြေညာပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုင်ငံတော် အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)[1] ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး မိမိကိုယ်ကို နိုင်ငံတော်ဥက္ကဌအဖြစ် ခန့်အပ်ခဲ့သည်။
စစ်တပ်အာဏာသိမ်းမှုကြောင့် KHRG လှုပ်ရှားရာနယ်မြေအပါအဝင် နိုင်ငံအနှံ့အပြားတွင် ဆန့်ကျင်ဆန္ဒပြမှုများ ရုတ်တရက်ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့သည်။ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြော ဆိုရန်အတွက် ပြည်သူလူထုများသည် လမ်းပေါ်ထွက်ခဲ့ကြပြီး ထောင်ချီသော အစိုးရဝန်ထမ်းများလည်း အာဏာသိမ်း စစ်အစိုးရအားဆန့်ကျင်သည့်အနေဖြင့် အာဏာဖီဆန်ရေးအကြမ်းမဖက် လူထုလှုပ်ရှားမှုတွင် ပါဝင်လာပြီး ၎င်းတို့ အလုပ်တာဝန်မှ နုတ်ထွက်ခဲ့သည်။ ပြည်သူလူထုများမှ အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြခြင်းတို့ကြောင့် နောက် ဆက်တွဲအနေဖြင့် SAC ၏အကြမ်းဖက်ဖြိုခွင်းမှုများ ဖြစ်ပေါ်ခဲ့သည်။ မြို့ပြဒေသများတွင် အကြမ်း ဖက်ဖြိုခွင်းမှုများ အများအပြားဖြစ်ပွားခဲ့သော်လည်း ကျေးလက်နေဒေသများရှိ ဆန္ဒပြသူများသည် ဆန္ဒပြပွဲများတွင် ပါဝင် လုပ်ဆောင်ရာတွင် SAC စစ်သားများနှင့် အာဏာပိုင်များ၏ခြိမ်းခြောက်ခြင်းနှင့် သတိပေးခြင်းစသည့် အတား အဆီးများကို မကြာခဏ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ မြို့ပြဒေသရှိ အချို့သောဆန္ဒပြသူများနှင့် အစိုးရဝန်ထမ်း များသည် အာဏာဖီဆန်ရေး အကြမ်းမဖက်လူထုလှုပ်ရှားမှု (CDM)[2] တွင်ပါဝင်လာသည့်အတွက်ကြောင့် SAC လုံခြုံရေးတပ်ဖွဲ့များ၏ခြိမ်းခြောက်ခြင်းနှင့် ဖမ်းဆီးခြင်း တို့မှ လွတ်မြောက်ရန်အတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဒေသများတွင် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ မကြာမှီက KHRG ထုတ်ဝေခဲ့သည့် အစီရင် ခံစာ၌ CDM လှုပ်ရှားမှုတွင် ပါဝင်လာသူများနှင့် ဆန္ဒပြသူများ၏အတွေ့အကြုံများကို အသေးစိတ်ဆန်းစစ်လေ့လာ ဖော်ပြထားပါသည်။[3]
အာဏာသိမ်းမှုပြီးနောက် မကြာမှီတွင် SAC လုံခြုံရေးတပ်ဖွဲ့များမှ မြေပြင်နှင့်ဝေဟင်တွင် ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲများအပါအဝင် စစ်လှုပ်ရှားမှုများမှာ ပိုမိုများပြားလာခဲ့သောကြောင့် ဒူးပလာယာ၊ ဒူသထူ(သထုံ)၊ ခလယ်လွီ ထူ (ညောင်လေးပင်)နှင့် မူတြော်ခရိုင်များရှိ ဒေသခံရွာသားများအတွက် ဆိုးရွားသည့်လုံခြုံရေးအခြေအနေနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြုံတွေ့ခံစားခဲ့ရသည်။ အာဏာသိမ်းပြီးအစပိုင်းတွင် SAC မှ ထိုးစစ်ဆင်မှု ကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ထောင်ပေါင်းများစွာသောရွာသားများသည် နေရပ်မှ ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်။ ၎င်းတို့သည် စားနပ်ရိက္ခာနှင့် အသုံးအဆောင်အနည်းသာ ယူဆောင်နိုင်ခဲ့သည်။ ၎င်းတို့အတွက် လုံလောက်သည့်သောက်သုံးရေမရရှိသည့်အပြင် သင့်တင့်သော နေရာထိုင်ခင်းများလည်း မရရှိကြပေ။ ထို့အပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီများလည်း မရရှိနိုင်ခဲ့ပေ။ ထွက်ပြေးတိမ်းရှောင်နေသူအများစုသည် ပုန်းခိုရန်အတွက် ယာယီဗုံးခိုကျင်းများကို ဆောက်လုပ်ခဲ့ပြီး နောက်ထပ်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောက်ရွံ့နေကြရပါသည်။ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရသည်ဖြစ်စေ၊ မတိမ်းရှောင်ရသည်ဖြစ်စေ ခရိုင်ခုနှစ်စလုံးတွင်နေထိုင်ကြသည့် ကရင်လူထုများသည် ဆိုးရွားသော မလုံခြုံမှုအခြေအနေနှင့်ပတ်သတ်ပြီး စိုးရိမ် ကြောက်ကြနေကြာင်း ထုတ်ဖော်ပြောပြခဲ့သည်။ စစ်လှုပ်ရှားမှုများနှင့် မလုံခြုံမှုများ ပိုမိုမြင့်မားလာသောကြောင့် ဒေသခံများအတွက် အခြေအနေသည် ပို၍ခက်ခဲလာပါသည်။ ရွာသားများသည် ၎င်းတို့၏လယ်ယာခြံတွင် လုပ်ကိုင်စိုက်ပျိုးနိုင်ခြင်းမရှိတော့ဘဲ အကျိုးဆက်အနေဖြင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင် ခဲ့ရသည်။ တိုက်ပွဲများနှင့် ထိုးစစ်ဆင်မှုတို့ကြောင့် ပညာရေးနှင့် ကျန်းမာရေးတို့အပေါ် သက်ရောက်မှုများ ရှိစေပြီး စာသင်ကျောင်းနှင့် ဆေးပေးခန်းအဆောက်အဦးများလည်း ဖျက်ဆီးခံခဲ့ရသည့်အပြင် ကျောင်းနှင့်ဆေးခန်းများလည်း အပိတ်ခံခဲ့ရသည်။
SAC လုံခြုံရေးတပ်ဖွဲ့များမှ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်မှုများလည်း များပြားလာခဲ့ သည်။ အာဏာသိမ်းပြီးနောက်ပိုင်း SAC စစ်သားများမှ အရပ်သားများအား တွေ့ရာနေရာတွင် ပစ်သတ်ခဲ့သည့် အကြောင်းအရာများကိုလည်း KHRG နှင့် အခြားသောသတင်းဌာနများမှလည်း အစီရင်ခံတင်ပြခဲ့ခြင်းလည်းရှိခဲ့ သည်။ ရွာသားများအား အတင်းအဓမ္မခိုင်းစေခြင်း၊ ပေါ်တာဆွဲခြင်းနှင့် လမ်းပြအဖြစ်ခိုင်းစေခြင်းစသည့် အဖြစ် အပျက်များလည်း စတင်ဖြစ်ပွားလာခဲ့သည်။ SAC တပ်ဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ နှစ်ဖက်စလုံးမှ မြေမြှုပ်မိုင်းအသစ်များကို အသုံးပြုထောင်ထားခြင်းများလည်း ပေါ်ပေါက်လာခဲ့ပြီး အကျိုးဆက်အနေဖြင့် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များလည်း ပို၍များပြားလာခဲ့သည်။ ဒေသခံများ၏ အသက်အန္တရာယ်အား ကာကွယ် တားဆီးရန်နှင့် ထိခိုက်ဒဏ်ရာရရှိမှု မဖြစ်အောင် မြေမြှုပ်မိုင်းရှင်းလင်းခြင်း နှင့် သတိပေးခြင်းများကို ဆောင်ရွက်ရာ တွင် အားနည်းနေလျှက်ရှိသည်။
ထို့အပြင် စစ်အာဏာသိမ်းမှုကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် စားဝတ်နေရေးတို့အပေါ် ကြီးမားသည့်သက် ရောက်မှု များရှိခဲ့သည်။ ကျောင်းဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများသည် စစ်အစိုးရအတွက် တာဝန်မထမ်းဆောင် ပေးနိုင်သောကြောင့် အလုပ်မှ ထွက်ခဲ့သည်။ ထို့ကြောင့် SAC လုံခြုံရေးတပ်ဖွဲ့များက ၎င်းတို့အား ပစ်မှတ်ထားဖမ်း ဆီး၍ အကြမ်းဖက်ခဲ့သည်။ ကျောင်းစာသင်နှစ်၏အစတွင် ကျောင်းများဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ပေ။ ဆေးဘက်ဆိုင်ရာ ဌာနများတွင်လည်း လုံလောက်သော ကျန်းမာရေးဝန်ထမ်းများမရှိသည့်အပြင် တစ်ချို့သောကျန်းမာရေးအဆောက် အဦးများသည်လည်း ပိတ်ခံခဲ့ရသည်။ အလုပ်လက်မဲ့များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာပြီး စီးပွားရေးကျဆင်းမှု ကြောင့် လယ်သမားများမှ ၎င်းတို့၏ကုန်ပစ္စည်းများကို ရောင်းထွက်ရန် အခက်အခဲများ ကြုံတွေ့နေရသည်။ ထို့အပြင် ဆန်နှင့်ဒီဇယ်လောင်စာဆီကဲ့သို့သော အခြေခံလိုအပ်ချက်များအတွက် ကုန်ဈေးနှုန်းမြင့်တက်လာပြီး ယခင်ကတည်း က အဆင်ပြေမှုမရှိသည့် ဒေသခံရွာသားများ၏စားဝတ်နေရေး အခြေအနေကို ပို၍ဆိုးရွားစေပါသည်။
ဤအစီရင်ခံစာအား ရေးသားပြုစုနေစဉ်အတွင်း KHRG မှ ကိုဗစ်-၁၉ရောဂါအခြေအနေနှင့်ပတ်သတ်သော အ ကြောင်းအရာများ အနည်းငယ်လက်ခံရရှိခဲ့သည်။ ရွာသားများမှ ကိုဗစ်-၁၉ရောဂါသည် ၎င်းတို့အတွက် ပြဿာနာ တစ်ရပ်မဟုတ်တော့ကြောင့် တင်ပြခဲ့သည်။ ရောဂါကူးစက်မှုနှင့်ပတ်သတ်ပြီး SAC မှ စစ်ဆေးခြင်းနှင့် အစီရင်ခံစာ တင်ပြခြင်းမရှိသောကြောင့် လက်ရှိကိုဗစ်-၁၉ရောဂါအခြေအနေအပေါ် ဒေသခံရွာသားများ၏သိရှိနားလည်မှုများ ပြောင်းလဲသွားရခြင်းဖြစ်သည်။ ပြည်သူမှ ရွေးကောက်တင်မြောက်သော အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း SAC မှ ကိုဗစ်-၁၉အခြေအနေအား ကိုင်တွယ်ဆောင်ရွက်မှု ညံ့ဖျင်းခြင်းကြောင့် ၂၀၂၁ခုနှစ်၊ ဇူလိုင်လအတွင်း ဖြစ်ပေါ် လာသည့် ကိုဗစ်-၁၉တတိယလှိုင်းတွင် ရောဂါကူးစက်မှုများ မြင့်တက်လာခဲ့သည်။
အပိုင်း (၁)။ အဓိကဖွံ့ဖြိုးတိုးတက်မှုများ
က) မြန်မာပြည်အရှေ့တောင်ပိုင်းရှိကျေးလက်ဒေသများတွင် အာဏာသိမ်းမှုအား ဆန့်ကျင် ဆန္ဒပြပွဲများ
ပြည်သူလူထုမှ အာဏာသိမ်းမှုကို လုံးဝမလိုလားကြောင်း ချက်ချင်းပင် ဆန္ဒထုတ်ဖော်ခဲ့ပြီး မြို့ပြဒေသများနှင့် ကျေးလက်ဒေသများတွင် အမျိုးမျိုးသော ဆန္ဒပြပွဲများတွင် ပါဝင်ဆင်နွှဲမှုပြုခဲ့ကြသည်။ ဆန္ဒပြပွဲများသည် ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ပိုမို၍ ပျံ့နှံ့လာခဲ့သောကြောင့် SAC လုံခြုံရေးတပ်ဖွဲ့များမှ ဆန္ဒပြသူများအပေါ် စတင်၍ အကြမ်းဖက်ဖြိုခွင်းလာခဲ့သည်။ ကျေးလက်ဒေသများရှိ ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်သည့် လုပ်ရပ်များသည် မြို့ကြီးဒေသများထက် ပို၍နည်းပါးသည်။ သို့သော်လည်း ကျေးလက်နေရွာသားများသည် ၎င်းတို့ ၏ဒေသများတွင် ဆန္ဒပြပွဲများ ဦးဆောင်ရန်သော်လည်းကောင်း၊ မြို့ပြဒေသရှိ ဆန္ဒပြပွဲများအား ပါဝင်ဆင်နွှဲရန်သော် လည်းကောင်း အတားအဆီး၊ စိန်ခေါ်မှုများကို မကြာခဏ ကြုံတွေ့ခဲ့ရသည်။
(၁) မူတြော်ခရိုင်
မူတြော်ခရိုင်တွင် ဆန္ဒပြပွဲအများစုကို အထူးသဖြင့် ဖာပွန်မြို့နှင့် ကမမောင်းမြို့တို့တွင် လုပ်ဆောင်လျှက်ရှိပြီး ကျေးလက်နေရွာသားများလည်း ထိုဆန္ဒပြပွဲများတွင် ပါဝင်လေ့ရှိသည်။ ကမမောင်းမြို့မှ ပြည်သူများသည် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၉ရက်နေ့မှ ၁၃ရက်နေ့အထိ နေ့တိုင်း ဆန္ဒပြပွဲများ ပါဝင်ဆင်နွှဲခဲ့သည်။[4] ၂၀၂၁ခုစ်၊ ဖေဖော် ဝါရီလ ၉ရက်နေ့တွင် ကမမောင်းမြို့ရှိပြည်သူဉီးရေ ၆၀၀ ခန့်သည် မြန်မာအစိုးရမူကြိုကျောင်းမှ ကမမောင်းပြည်သူ့ ဆေးရုံသို့ ချီတက်ဆန္ဒပြခဲ့သည်။ ထိုနေ့တွင် ဖာပွန်မြို့မှ ဒေသခံများလည်း ဖာပွန်အထက်တန်းကျောင်းကနေစပြီး မြို့အနှံ့လှည့်လည်၍ ဆန္ဒပြခဲ့သည်။ ကူးဆိတ်နှင့်မာထောဒေသများမှ ရွာသားများလည်း ဖာပွန်မြို့ရှိဆန္ဒပြပွဲတွင် သွား ရောက်ပါဝင်ဆင်နွှဲရန်ကြိုးစားခဲ့သည်။ သို့သော်လည်း SAC ခြေမြန်တပ်ရင်းများ (ခမရ) အမှတ် (၄၃၄)၊ (၃၄၀)၊ (၃၄၁)နှင့် ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၁၉)တို့မှ လမ်းတွင် ရွာသားများအား ဖာပွန်မြို့သို့မသွားရန် ဖိအားပေး ခဲ့သည်။ ထို့ပြင် ဆန္ဒပြပွဲများအား ပိတ်ပင်တား ဆီးရန် ၎င်း SAC တပ်ရင်းလေးရင်းမှ ဒေသခံရွာသားများအား ညနေ (၆)နာရီမှ မနက်(၆)နာရီအထိ အပြင်သို့ထွက်၍ သွားလာခြင်းများမပြုလုပ်ရန်နှင့် အိုးခွက်များတီးရိုက်ခြင်း (ရိုးရာဆန္ဒ ပြပွဲပုံစံတစ်ခု) မပြုလုပ်ရန်အတွက် အမိန့်ထုတ်ပြန်ခဲ့သည်။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ဆန္ဒပြသူများ ၂၀၀ခန့် သည် ကမမောင်းအခြေခံမူလတန်းကျောင်းစ၍ မြို့အတွင်း လှည့်လည်ဆန္ဒပြခဲ့ပြီး ထိုအခြေခံမူလတန်း ကျောင်းတွင် ဆန္ဒပြပွဲကို ရပ်တန့်ပြီးဆုံးခဲ့သည်။[5]
၀၂၁ခုနှစ်၊ မတ်လ ၅ရက်နေ့တွင် မာထော၊ ထီးသာဘလု ထ၊ နာကိုခီး၊ ကလောထ၊ မယ်ကူ၊ မယ်ညူ၊ မယ်က လော၊ ဘွားဒဲ၊ ခေါပူ၊ ပါဟဲ၊ လေးဖိုးထ၊ ဒေးဝါး၊ ကျောပ၊ ကတိုင်တိ၊ မယ်ပရီးနှင့် ထီးသဒေါထကျေးရွာအုပ်စုများရှိ ကျေးရွာ ပေါင်း ၁၀၀ မှ ဒေသခံရွာသားများသည် ဒေသအတွင်း ဆန္ဒပြခဲ့သည်။ ဖာပွန်မြို့၏အရှေ့ဖက်ခြမ်း နှင့် အနောက်ဖက်ခြမ်းမှ ဒေသခံပြည်သူလူထုသည် လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သည်။[6] ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် ကျေးရွာလူကြီးများက ၎င်းဆန္ဒပြပွဲကို ဦးဆောင်သူများအနေဖြင့် တာဝန်ယူခဲ့ပြီး ကရင်အမျိုး သားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA)[7]မှ စစ်သားများလည်း ဆန္ဒပြသူများအတွက် လုံခြုံရေးတာ ဝန်ယူပေးခဲ့ သည်။ ဆန္ဒပြသူလူဦးရေများ များပြားလှ သည့်အတွက် အဖွဲ့များခွဲ၍ ဆန္ဒပြခဲ့သည်။ မာထော၊ ထီးသာဘလုထ၊ နာကိုခီးနှင့် ကလောထကျေးရွာ အုပ်စုများမှရွာသားများသည် ဖာပွန်မြို့သို့ချီတက်၍ ဆန္ဒ ပြခဲ့သည်။ မယ်ကူ၊ မယ်ညူနှင့် မယ်ကလောကျေးရွာ အုပ်စုများမှရွာသားများသည် ဝေမုံကျေးရွာတွင် သွားရောက်ဆန္ဒပြရန် ကြိုးပမ်းခဲ့သည်။[8] ဘွားဒဲကျေးရွာအုပ်စုမှ ရွာသားများသည် ၎င်းတို့ကျေးရွာအုပ်စုတွင်သာ ဆန္ဒပြခဲ့သည်။ ခေါပူနှင့် ပါဟဲကျေးရွာအုပ်စုများမှ ရွာသားများသည် သံလွင်မြစ်ကမ်းနားတွင် ဆန္ဒပြခဲ့သည်။ နောက်ဆုံး၌ လေးဖိုးထ၊ ဒေးဝါး၊ ကျောပ၊ ကတိုင်တိ၊ မယ်ပရီးနှင့် ထီးသဒေါထ ကျေးရွာအုပ်စုများမှ ရွာသားများသည် ကမမောင်းမြို့တွင် သွားရောက် ဆန္ဒပြခဲ့သည်။ ဖာပွန်မြို့ရှိ ဆန္ဒပြပွဲသည် အတားအဆီးမရှိဘဲ အောင်မြင်စွာဖြင့် ဖြစ်မြောက်ခဲ့သည်။ သို့သော်လည်း ဝေမုံမှ ဆန္ဒပြသူများသည် တစ်နာရီခန့် ဆန္ဒပြခဲ့ပြီးနောက် SAC ခမရ (၄၃၄) တပ်စခန်း၏တောင်ဖက်ခြမ်းအနီးရှိ ၎င်းတို့၏စစ်ဆေးရေးဂိတ်သို့ရောက်ရှိသည့် အချိန်တွင် SAC စစ်သားများမှ ဆန္ဒပြသူများအား တားဆီးခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဆန္ဒပြပွဲအား ဦးဆောင်သူများမှာ ခမရ (၄၃၄)မှ အရာရှိတစ်ဦးနှင့် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့၍ ဖာပွန်မြို့သို့ချီတက်ခဲ့ပြီး ဆက်လက်ဆန္ဒပြနိုင်ခဲ့သည်။ ဒေသခံရွာသားများ သည် ဆန္ဒပြနေစဉ်အတွင်း အတားအဆီးများနှင့် ရင်ဆိုင်ကြုံတွေ့ရသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ အသက်ဆုံးရှုံးခဲ့ရခြင်းမရှိပေ။
ဆန္ဒပြပွဲများကို ကျေးလက်ဒေသတွင်လည်း ပြုလုပ်ခဲ့သည်။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ရက်နေ့တွင် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ဖွေးထောရူ၊ ထီးလော်စီထ၊ ထီသာဘလုထ၊ ကတိုင်တိကျေးရွာအုပ်စုများရှိ ရွာသားများ ၁၅၀ ခန့်သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သည်။ ရွာသားများသည် မနက် (၈)နာရီမှ စ၍ ဖွေးထောရူကျေးရွာမှ တာခေါ်ပလိကျေးရွာသို့ ချီတက်ဆန္ဒပြခဲ့သည်။ လ---ကျေးရွာအုပ်ချုပ်ရေး မှူးဖြစ်သူ ဦးအ---မှ ၎င်းဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည်။ မနက် (၁၁)အချိန်တွင် နယ်ခြားစောင့်တပ်(BGF) တပ်ရင်းအမှတ် (၁၀၁၄)မှ ဆန္ဒပြသူများအား တားဆီးခဲ့သောကြောင့် ဆန္ဒပြပွဲကို ရပ်တန့်ခဲ့ရသည်။[9]
(၂) ဒူးပလာယာခရိုင်
KHRG ကွင်းဆင်းလုပ်သားများမှ ၂၀၂၁ခုနှစ်၊ မတ်လတွင် တင်ပြခဲ့သောအစီရင်ခံစာများ၏ဖော်ပြချက်အရ ဒူးပလာ ယာခရိုင်ရှိ မြို့နယ်များအားလုံးတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်။[10]
တစ်ချို့သောဆန္ဒပြပွဲများတွင် ကျေးရွာအများအပြားရှိရွာသားများ အတူတကွ ပါဝင်ဆင်နွှဲခဲ့သည်။ ၂၀၂၁ခုနှစ်၊ မတ်လ ၃ရက်နေ့တွင် ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ နချောင်းကျေးရွာအုပ်စုမှ ဒေသခံရွာသားများ ဆန္ဒပြပွဲတစ်ခု ဦးဆောင်ပြုလုပ်ခဲ့သည်။ ထိုဆန္ဒပြပွဲတွင် အလယ်ရွာ၊ တံတားဦး၊ ဘုရားလေးစိန်၊ ကျော်ဝင်း၊ ချိုင်းတချောင်း၊ ကျော်စိန်၊ ဝါဘိုခို၊ တမိန်လေး၊ ကျုံတန်၊ စင်ပေါအင်း၊ ကလိုင်ထော၊ တနု၊ ဆဇံ၊ ဘရာ ပေါထို့၊ နချောင်းအလယ်၊ နချောင်းပြား၊ ကြာအင်း၊ တခေးနှင့် မီးလောချောင်းကျေးရွာများမှ ရွာသားများ ပါဝင်ဆန္ဒပြခဲ့သည်။ ရွာသား ၄၀၀ကျော်သည် နချောင်းကျေးရွာမှ ပေါင်ထောမုကျေးရွာအထိ ချီတက်ဆန္ဒပြခဲ့သည်။ KNLA တပ်ရင်းအမှတ် (၁၇)လက်အောက်ခံ တပ်ခွဲအမှတ် (၂)မှ ဆန္ဒပြသည့်ရွာသားများအတွက် လုံခြုံရေးတာဝန်ယူပေးပြီး ၎င်းတို့အား သောက်ရေသန့်များလည်း ပေးဝေခဲ့သည်။ KNLA စစ်သားများနှင့်အတူ KNU-KNLA ငြိမ်းချမ်းရေးကောင်စီမှ စစ်သားနှစ်ဦး၊ KNU သစ်တောဌာနမှ အရာရှိနှစ်ဦးနှင့် KNU သတ္တုတွင်းဌာနမှ တာဝန်ခံတစ်ဦးလည်း ဆန္ဒပြသူ များအား ဝန်းရံ၍ သောက်ရေသန့်များ ပေးဝေခဲ့သည်။[11]
၂၀၂၁ခုနှစ်၊ မတ်လ ၉ရက်နေ့တွင် ဒူးပလာယာခရိုင်၊ ကော်တရီ (ကော့ကရိတ်)မြို့နယ်၊ အောင်ဖကြီးကျေး ရွာအုပ်စုမှ ဒေသခံရွာသားများသည် အာရှလမ်းမပေါ်တွင် စစ်အစိုးရကို ဆန့်ကျင်၍ ဆန္ဒပြခဲ့သည်။ ၂၀၂၁ခုနှစ်၊ မတ်လ ၂၂ရက်နေ့တွင် ကော်တရီနှင့်ကရုတူမြို့နယ်များမှ ဒေသခံများလည်း ဆန္ဒပြခဲ့ပြီး ၎င်းတို့မှ အနာဂါတ်တွင် ရှေ့ဆက်၍ ဆန္ဒပြမှုများပြုလုပ်သွားရန်အစီအစဉ်ရှိသည်ဟု KHRG ကွင်းဆင်းလုပ်သားများအား ပြောပြခဲ့သည်။ ထို့အပြင် ၂၀၂၁ခုနှစ်၊ မတ်လ ၂၅ရက်နေ့တွင် ထိုမြို့နယ်နှစ်ခုအတွင်း ဆန္ဒပြပွဲများပြု လုပ်မည့်အစီအစဉ်များနှင့်ပတ်သတ်ပြီး ဒေသခံများမှ KHRG ကွင်းဆင်းလုပ်သားများအား အကြောင်းကြားအသိပေးခဲ့သည်။ KHRG ကွင်းဆင်းလုပ်သား များမှ ဤကဲ့သို့တင်ပြခဲ့သည်။ “ကျွန်တော်တို့ကြားရတာက SAC စစ်သားတွေက ရွာသားတွေ ဆန္ဒပြပွဲလုပ်မှာကို မလိုလားဘူး။ အဲဒါကြောင့် ဆန္ဒပြတဲ့နေ့တွေမှာ အခြေ အနေဘယ်လိုဖြစ်လာဆိုတာ ကျွန်တော်တို့ခန့်မှန်းလို့မရဘူး။ ကျွန်တော်တို့ကတော့ အခြေအနေတွေကို စော့င်ကြည့်လေ့လာရမှာဘဲ။ ဆန္ဒပြပွဲတွေ ဆက်လက်ရှိနေအုန်းမှာဘဲ။ ဘာကြောင့်လဲဆိုတော့ ဒေသခံရွာ သားတွေက စစ်အုပ် ချုပ်မှုကို လုံးဝမကြိုက်လို့ဘဲ။” [12]
၀၂၁ခုနှစ်၊ မတ်လ ၉ရက်နေ့တွင် ကော်တရီမြို့နယ်၊ သေ့ဘောဘိုး၊ မောခီးနှင့် စုကလိကျေးရွာအုပ်စုများရှိ ရွာသား ၅၀၀ခန့်သည် မြဝတီမြို့သို့သွား၍ ဆန္ဒပြရန်ကြိုး ပမ်းခဲ့သည်။ သို့သော် လမ်းတွင် DKBA (မည့်သည့် DKBA အဖွဲ့မှ သေချာစွာမသိရှိရ) စစ်သားများနှင့် SAC စစ်သား များမှ ရွာသားများအား မြဝတီသို့မသွားရန် တားဆီးခဲ့သည်။ ထို့ကြောင့် ရွာသားများသည် ၎င်းတို့စီစဉ်သည့်အတိုင်း မြဝတီမြို့တွင် ဆန္ဒပြနိုင်ခဲ့ခြင်း မရှိခဲ့ပေ။[13]
(၃) ဘိတ်-ထားဝယ်ခရိုင်
ဘိတ်-ထားဝယ်ခရိုင်၊ တနောတရီမြို့နယ်တွင် ဖေဖော်ဝါရီလ ၇ရက်နေ့မှ ၁၁ရက်နေ့အထိ၊ ဖေဖော်ဝါရီလ ၁၃ရက်နေ့မှ ၂၀ရက်နေ့အထိနှင့် ဖေဖော်ဝါရီလ ၂၂ရက်နေ့ မှ ၂၆ရက်နေ့အထိတစ်လျှောက်လုံးတွင် ဆန္ဒပြပွဲများ နေ့တိုင်းဖြစ် ပေါ်ခဲ့သည်။ ဖေဖော်ဝါရီလ ၂၈ရက်နေ့သည် အကြီးမားဆုံးဆန္ဒပြပွဲနေ့တစ်နေ့ဖြစ်ခဲ့ပြီး နိုင်ငံအနှံ့အပြားရှိ ဆန္ဒပြသူ များ ၁၈ဦးသေဆုံးခဲ့သည်။ ဤကဲ့သို့လူအများသေဆုံးခဲ့ခြင်းကြောင့် တစ်ချို့ပြည်သူလူထုမှ မတ်လ ၁ရက်နေ့တွင် ပြန်လည်ဆန္ဒပြရန် ကြောက်ရွံ့ခဲ့ကြသည်။[14]
မတ်လအစောပိုင်းတွင် KHRG ပြုလုပ်ခဲ့သည့်တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ဘိတ်-ထားဝယ်ခရိုင်၊ တနောတရီမြို့ နယ်၊ စစ---မြို့မှနေထိုင်သော လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးမှ SAC စစ်သားများနှင့် ရဲများအပါအဝင် တစ်ချို့သော ဖြစ်စဉ်တွင် ထောက်လှမ်းရေးအဖွဲ့ဝင်များက (အထူးရဲထောက်လှမ်းရေးဌာန) ၎င်းအား နောက်ယောင်ခံလိုက်ပြီး စောင့်ကြည့်ခဲ့ကြောင်း တင်ပြခဲ့သည်။[15] ၎င်းမှ ဖေဖော်ဝါရီလ ၃ရက်နေ့၌ ထားဝယ်မြို့ရှိ ဆန္ဒပြပွဲများတွင် ပထမဆုံး ပါဝင်ရာတွင် ထိုနေ့တွင် မတူညီသောတိုင်းရင်းသားများ တစ်ထောင်ကျော် ဆန္ဒပြခဲ့ကြောင်းလည်း တင်ပြခဲ့သည်။ မတ်လအတွင်း ဆန္ဒပြသူများ၏အရေအတွက်မှာ ပို၍မြင့်တက်လာသည်။[16] အစောပိုင်းတွင် မည့်သည့်အကြမ်းဖက် မှုမှ မဖြစ်ပွားခဲ့ချေ။ သို့သော် ဖေဖော်ဝါရီလအဆုံးတွင် ဆန္ဒပြပွဲများတွင် အကြမ်းဖက်မှုများ စတင်ဖြစ်ပွားလာခဲ့သည်။ ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် ရဲများမှ ထားဝယ်မြို့ရှိ ဆန္ဒပြသူများအား မျက်ရည်ယိုဗုံးကို အသုံးပြု၍ ဖြိုခွင်းခဲ့သည်။ ဖေဖော်ဝါရီလ ၂၈ရက်နေ့၌ ပြုလုပ်သော ဆန္ဒပြပွဲများတွင် ရဲများက သတိပေးသည့်အနေဖြင့် မနက် (၈)နာရီခွဲတွင် သေနတ်များ စတင်ပစ်ဖောက်ခဲ့ပြီး မနက် (၁၀)နာရီတွင် ဆန္ဒပြသူများအား သေနတ်ကျည်ဆံအစစ်ဖြင့် ပစ်ခတ်ခဲ့ သည်။ အမျိုးသားတစ်ဦး အပစ်ခံရပြီး ဆေးကုသမှုအချိန်မမှီသောကြောင့် သေဆုံးခဲ့သည်။[17] ဖေဖော်ဝါရီလ ၂၈ရက် နေ့တွင် နိုင်ငံအနှံ့အပြားရှိ ဆန္ဒပြပြည်သူများကို ဖြိုခွင်းရာတွင် ရဲများက ရော်ဘာကျည်၊ ကျည်ဆံအစစ်နှင့် မျက်ရည် ယိုဗုံးများကို အသုံးပြုခဲ့ခြင်းကြောင့် ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှုများ တိုးမြှင့်လာခဲ့သည်။ ရဲများမှ အကြမ်း ဖက်ခြင်းကို အသုံးပြုခဲ့ခြင်းကြောင့် ထားဝယ်မြို့တွင် လူငါးဦးသေဆုံးခဲ့ပြီး မြိတ်မြို့တွင် ဆန္ဒပြသူခုနှစ်ဦး သေဆုံးခဲ့ သည်။[18]
ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင် ဆန္ဒပြသူများအား ဖမ်းဆီးခြင်းများလည်း စတင်ဖြစ်ပွားခဲ့သည်။ ရဲများက ညနေပိုင်း တွင် အသက်ငယ်ရွယ်ပြီး တက်တက်ကြွကြွရှိတဲ့ဆန္ဒပြလူငယ်များအား ပို၍ပစ်မှတ်ထား ဖမ်းဆီးလေ့ရှိသည်။[19]
ဘိတ်-ထားဝယ်ခရိုင်တွင် ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ (၅၀၅)ကို အသုံးပြုပြီး ပြည်သူများအား လိုက်လံဖမ်းဆီး သည့် သတင်းအကြောင်းအရာများနှင့်ပတ်သတ်ပြီး အစီရင်ခံစာလက်ခံရရှိခဲ့သည်။ ပုဒ်မ (၅၀၅)တွင် မည်သူမဆို ဖော်ပြချက်ဖြစ်စေ၊ ကောလဟာလဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင် သို့မဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့မဟုတ် ဖြန့်ချီရာတွင် ကြည်း၊ ရေ၊ လေတပ်တစ်ခုခုမှ အစိုးရဝန်ထမ်းတစ်ဦးဦးအား ပြစ်မှုကျူးလွန်စေရန်သွယ်ဝိုက် ၍ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ထိတ်လန့်စေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ မဟုတ်သတင်းဖြန့်မည်ဆိုပါက ပြစ်မှုမြောက် ပါသည်။[20]
လယ်ဒိုစိုးမြို့နယ်၊ ကမိုသွေးဒေသတွင်သော်လည်းကောင်း၊ ကစယ်ဒိုမြို့နယ်၊ ဝေတာအယ်နှင့် ဖောခလို့ ဒေသများ တွင်သော်လည်းကောင်း၊ လယ်မူလားမြို့နယ်၊ ပလောဒေသတွင်သော်လည်းကောင်း ဆန္ဒပြပွဲများ ပြုလုပ်ခဲ့သည်။[21] သို့သော်လည်း ဖေဖော်ဝါရီလ ၂၁ရက်နေ့၌ ကစယ်ဒိုမြို့နယ်၊ ကလယ်မူထီးဒေသတွင် KNU ဘိတ်-ထားဝယ်ခရိုင် ခေါင်းဆောင်များသည် ဒေသခံ KNU ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး ကရင်လူမျိုးများကို ဆန္ဒပြပွဲများသို့ မပါဝင်ရန် တိုက်တွန်းအကြံပြုစေခိုင်းခဲ့သည်။ အကျိုးဆက်အနေခြင့် ကျေးရွာများရှိ ဆန္ဒပြဦး ဆောင်သူများမှ ရွာသားများအား ဆန္ဒပြပွဲများတွင် ဝန်းရံပေးရန် တောင်းဆိုရာတွင် တစ်ချို့သော ရွာသားများက ငြင်းဆိုခဲ့သည်။ မည်သို့ပင်ဖြစ်စေ တစ်ချို့သောပြည်သူလူထုများသည် ဆန္ဒပြပွဲများတွင် ဆက်လက်ပါဝင်၍ ဝန်းရံပေးခဲ့သည်။[22]
တနောသရီမြို့နယ်မှ လက်ခံရရှိသည့်အခြားသောအစီရင်ခံစာတစ်စောင်အရ SAC စစ်သားများမှ ဆန္ဒပြပွဲများတွင် ပုံမှန်ပါဝင်ပြီး လူသိများသည့်ဆန္ဒပြပြည်သူများကို လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့် ဆန္ဒပြပြည်သူများသည် ၎င်းတို့လုံခြုံရေးအတွက် စိုးရိမ်ရသည့်အတွက် ညဖက်တွင် ၎င်းတို့အိမ်တွင်မအိပ်ဘဲ လုံခြုံ သော တစ်နေရာရာတွင်သွားရောက်ပုန်း၍ အိပ်စက်ခဲ့ရသည်။[23]
(၄) အခြားသောခရိုင်များ
၂၀၂၁ခုနှစ်၊ ဧပြီလ ၂၃ရက်နေ့တွင် ဒူးသထူခရိုင်၊ ဘီးလင်းနှင့်သထုံမြို့များကြားတွင်နေထိုင်သည့် ပြည်သူ လူထုများ သည် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)[24] အား ထောက်ခံအားပေးသည့်အနေဖြင့် စစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြရန်ကြိုးပမ်းခဲ့သည်။ ၎င်းတို့သည် လမ်းခွဲပြီး ချီတက်ဆန္ဒပြ၍ တ---ကျေးရွာတွင် ပြန်ဆုံမည်ဟု စီစဉ်ခဲ့သည်။ KNLA တပ်မဟာ (၁) တပ်ရင်း (၂)မှ ဆန္ဒပြသူများအတွက် လုံခြုံရေးတာဝန်ယူဆောင်ရွက်မည်ဟုလည်း စီစဉ်ခဲ့သည်။ ဘီးလင်းနှင့်သထုံမြို့များကြားရှိ အဝေးပြေးလမ်းမကို KNLA မှ လမ်းပိတ်ခဲ့ပြီး လေးကေကျေးရွာနှင့် ကျိုက်ကော်မြို့ ကြားရှိလမ်းမကို နေရာယူထိန်းချုပ်ခဲ့သည်။ ဤကဲ့သို့ချီတက်ဆန္ဒပြရန်အတွက် ပြင်ဆင်နေသည့်အချိန်အတွင်း နော်ဘောနေရာတွင် KNLA တပ်ရင်း (၂)နှင့် SAC စစ်သင်တန်းသား တပ်ရင်းတို့ကြား ဆယ်မိနစ်ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ မည်သို့ဖြစ်စေ KNLA မှ စီစဉ်ထားသည့်အတိုင်း ဆန္ဒပြပွဲကို ဆက်လက်၍ ပြုလုပ်သင့်ကြောင်းနှင့် ဤတိုက်ပွဲကြောင့် ဆန္ဒပြသူများ၏စိတ်ဓါတ်ကို ကျဆင်းသွားအောင် လုပ်ရန်ခွင့်မပြုကြောင်း ဒေသခံရွာသားများအား ပြောခဲ့သည်။[25]
တောအူး (တောင်ငူ) ခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ကျမိုင်ကျေးရွာအုပ်စုရှိ အချို့သောဆန္ဒပြသူများသည် SAC မှ ၎င်းတို့နောက်သို့လိုက်ပြီး ငြိမ်းခြောက်ခဲ့ကြောင်းတင်ပြခဲ့သည်။ ထိုဆန္ဒပြသူများအပေါ် ဝရမ်းထုတ်ခဲ့သည့် အတွက် ဆန္ဒပြသူတစ်ဦးမှ ထွက်ပြေးခဲ့သည်။ ကျန်သောဆန္ဒပြသူများကိုကို SAC မှ ဖမ်းဆီးခဲ့သည်။[26]
(က) အာဏာဖီဆန်ရေး အကြမ်းမဖက်လူထုလှုပ်ရှားမှု (CDM)
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံအနှံ့အပြားရှိ အစိုးရဝန် ထမ်းများသည် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သောအားဖြင့် CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီး အစိုးရဝန်ထမ်းအများ အပြားသည် SAC ၏ဖမ်းဆီးခြိမ်းခြောက်ခြင်းနှင့် လုံခြုံရေးအတွက်စိုးရိမ်မှုရှိသောကြောင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်း (EAO) ၏ထိန်းချုပ်နယ်မြေဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ဖေဖော်ဝါရီလအလယ်တွင် KNU မှ ဆန္ဒပြသည့်အရပ်သားများနှင့် CDM အစိုးရဝန်ထမ်းများအားလုံး၏လုံခြုံရေးအတွက် ကာကွယ်ပေးသွား မည်ဟု ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။[27] ဘိတ်-ထားဝယ်ခရိုင်၊ တနောသရီမြို့နယ်၊ မြိတ်မြို့တွင် နေထိုင် သောအရပ်ဖက်အဖွဲ့အစည်းမှ တက်ကြွလှုပ်ရှားသူတစ်ဦး၏ပြောပြချက်အရ CDM ဝန်ထမ်းများအတွက် အခြားသော ကူညီထောက်ပံ့မှုတစ်ခုမှာ ၎င်းတို့အတွက် နေစရာ၊ စားစရာနှင့် အခြေခံလိုအပ်ချက်များပေးပြီး အခြားသောဝန်ထမ်း များကိုလည်း CDM လှုပ်ရှားမှုတွင်ပါဝင်လာရန်အတွက် ၎င်းတို့အားထောက်ခံအားပေးသည့်အနေဖြင့် “ဒေသခံများကို လက်သုံးချောင်းပုံပါသည့်စတစ်ကာများကို ဖြန့်ဝေပေးခြင်း” များလည်းပြုလုပ်ခဲ့သည်။[28]
မတ်လအစောပိုင်းတွင် KHRG ကွင်းဆင်းလုပ်သားများ၏တင်ပြချက်များအရ CDM ဝန်ထမ်းအများအပြားသည် SAC မှ ၎င်းတို့အား မတရားနှိပ်စက်ညှဉ်းပန်းခြင်း သို့မဟုတ် လိုက်လံဖမ်းဆီးခြင်းတို့မှ လွတ်မြောက်စေရန်အတွက် ဒူးပလာယာခရိုင်ရှိ KNU ထိန်းချုပ်နယ်မြေများတွင် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ KHRG ကွင်းဆင်းလုပ်သားများ၏ မှတ်တမ်းပြုစုချက်အရ ၂၀၂၁ခုနှစ်၊ မတ်လ ၇ရက်နေ့၌ ဒူးပလာယာခရိုင်ရှိ KNU ထိန်းချုပ်နယ်မြေ များတွင် CDM အစိုးဝန်ထမ်းဦးရေ (၁၃၁၀)ဦး ရောက်ရှိနေပြီးဖြစ်ကြောင်း သိရှိရသည်။[29] ဒူးပလာယာ ခရိုင်တွင်ထွက်ပြေးပုန်းရှောင် လာကြသည့် CDM အစိုးရဝန်ထမ်းများသည် ဧရာဝတီတိုင်း၊ ကော့တရီမြို့၊ မော်လမြိုင်မြို့နှင့် ဘားအံမြို့မှလာကြပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ စိုက်ပျိုးရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန (မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန)၊ ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန (SAC စစ်တပ်)၊ တရားရေးဝန်ကြီးဌာနနှင့် မြန်မာ့စီးပွားဘဏ်တို့တွင် အလုပ်တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဝန်ထမ်းများဖြစ်ကြသည်။ ထို့အပြင် မြို့နယ်အဆင့် စည်ပင်ဝန်ထမ်းများနှင့် (အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ) ကျေးရွာအုပ်ချုပ်ရေးမှူးများလည်း CDM တွင်ပါဝင်လာကြသည်။[30] ဧပြီလ ပထမအပတ်တွင် အခြားသော CDM ဝန်ထမ်းဦးရေ (၈၀)သည်လည်း ထ---ဒေသတွင် ရောက်ရှိလာခဲ့သည်။ ၎င်းတို့၏မူလနေရပ်သည် ရန်ကုန်မြို့ဖြစ်ပြီး (အခြားမြို့များမှလည်း ဖြစ်နိုင်သည်) ကော့ကရိတ်မြို့သို့ မကြာမီက လာရောက်ပုန်းရှောင်နေသူများဖြစ်သည်။ ၎င်းတို့၏လုံခြုံရေးအတွက်စိုးရိမ်နေရသောကြောင့် KNUအား ချဉ်ကပ်၍ အကူအညီတောင်းပြီးနောက်ဆုံးတွင် ထ---ဒေသသို့ရောက်ရှိလာခြင်းဖြစ်သည်။ ၎င်းတို့အားလုံးကို KNU/KNLA အဆောက်အဦးများတွင် ထားရှိကြသည်။[31] KHRG လက်ခံရရှိသည့်အစီရင်ခံစာများအရ မေလကုန်တွင် CDM ဝန်ထမ်းဉီးရေ (၃၀၀၀) မှ ဒူးပလာယာခရိုင်တွင် လာရောက်ခိုလှုံနေကြပြီးဖြစ်သည်။[32]
မတ်လ ၃ရက်နေ့ အစပိုင်းတွင် CDM ဝန်ထမ်းများသည် ဘိတ်-ထားဝယ်ခရိုင်၊ ပ---ဒေသသို့ စတင်ရောက်ရှိလာ ခဲ့သည်။ KHRG ကွင်းဆင်းလုပ်သားတစ်ဦး၏တင်ပြချက်အရ ဇွန်လ ၂၄ရက်နေ့တွင် CDM ဝန်ထမ်းများ (၅၀)ဦးသည် KNU ထိန်းချုပ်နယ်မြေဖြစ်သော ပ---ဒေသတွင် ရောက်ရှိနေ ပြီးဖြစ်သည်။ ထို CDM ဝန်ထမ်း (၅၀)ဦးမှာ ကျောင်းဆရာ၊ ဆရာမများ၊ ရဲအရာရှိများ၊ ဆန္ဒပြပွဲကိုဦးဆောင်သူများ၊ ကျန်းမာရေးလုပ်သားများအပါအဝင် ပြည်ထောင်စုလွှတ်တော် (ပါလီမန်)မှ အချို့သော ကိုယ်စားလှယ်အဖွဲ့ဝင်များ ဖြစ်ကြသည်။ KNU ထိန်းချုပ်နယ်မြေ တွင်ရောက်ရှိပြီးနောက် ဝေးခေါင်လှသည့်ဒေသများ သို့မဟုတ် တောထဲတွင်နေထိုင်ကြရသည့် တစ်ချို့သော CDM ဝန်ထမ်းများသည် အစာရေစာမလုံလောက်မှု နှင့်ကျန်းမာရေးပြဿနာများကို ကြုံတွေ့ခံစားခဲ့ရသည့်အပြင် ၎င်းတို့လစာများကိုလည်း လက်ခံရရှိခြင်းမရှိပေ။[33] မတ်လ ၃ရက်နေ့ အစပိုင်းတွင် ဘိတ်-ထားဝယ်ခရိုင်၊ တနောသရီမြို့နယ်၊ ဖ---ဒေသနှင့် အအ---ဒေသသို့ အခြားသော CDM ဝန်ထမ်းများလည်း ရောက်ရှိလာခဲ့သည်။ ထို CDM ဝန်ထမ်းများအားလုံးသည် တနင်္သာရီ တိုင်းမှ လာကြပြီးဖြစ်သော်လည်း ရန်ကုန်မြို့တွင် တာဝန်ထမ်းဆောင်ရ သောသူများဖြစ်သည်။ ၎င်းတို့သည် KNU ထိန်းချုပ်နယ်မြေဒေသများတွင် လာရောက်ခိုလှုံနေသူများဖြစ်ကြသည်။[34]
ဒူးပလာယာခရိုင်မှ KHRG ကွင်းဆင်းလုပ်သားတစ်ဦး၏တင်ပြချက်အရ KNU အာဏာပိုင်များသည် CDM လှုပ်ရှားမှု တွင် ပါဝင်ကြသည့်အစိုးရဝန်ထမ်းများ၏အရေအတွက်နှင့် အချက်အလက်များကို စရင်းပြုစုနေခဲ့ပြီးဖြစ်သည်။[35] တစ်ချို့သောဖြစ်စဉ်များတွင် လစာမရသော သို့မဟုတ် စားဝတ်နေရေးအခက်အခဲကြုံတွေ့ရသော CDM ဝန်ထမ်းများ အား ကူညီထောက်ပံ့မှုပေးရန်အတွက် ဤစရင်းမှတ်တမ်းများသည် KNUအတွက် များစွာအထောက်အကူဖြစ် သည်။ မည်သို့ပင်ဖြစ်စေ KNU ဒေသများတွင်လာရောက်ခိုလှုံကြသော CDM ဝန်ထမ်းများ၏အရေအတွက်သည် ယခုလက် ရှိသိထားတာတွေထက် ပို၍များနိုင်သည်။ တစ်ချို့သော CDM ဝန်ထမ်းများ၏အမည်စရင်းများသည် KNU တာဝန်ရှိ သူများထံသို့ မရောက်ရှိသေးပေ။ ထို့ကြောင့် CDM ဝန်ထမ်းများအရေအတွက်နှင့်ပတ်သတ်ပြီး တိကျရှင်းလင်းသည့် အချက်အလက်မှတ်တမ်းများ မရှိပေ။ တစ်ချို့သော CDM ဝန်ထမ်းများသည် ကျေးရွာများတွင်သာ ပုန်းနေကြသည်။ သို့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ၎င်းတို့၏အမည်စရင်းများကို KNU တာဝန်ရှိသူများထံသို့ မပို့ပေးကြ သေးပေ။[36]
(ဂ) စစ်ရေးလှုပ်ရှားမှုနှင့် လက်နက်ကိုင်ပဋိပက္ခများ
အာဏာသိမ်းမှုမဖြစ်ခင်အချိန်ကာလတွင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ တစ်ချို့သောနယ်မြေဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခဲ့ပြီးဖြစ်သော်လည်း ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုများနှင့် အခြားသောစစ်ရေးလှုပ်ရှားမှုများ ပို၍များပြားလာခဲ့သည်။ မြေပြင်တွင် တိုက်ခိုက်မှုများ ဖြစ်ပွားသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများလည်း ဖြစ်ပွားခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုများသည် ဒေသတွင်း အနှစ် နှစ်ဆယ်ကျော်ကာလအတွင်း တစ်ခါမျှမဖြစ်ပွားခဲ့ပါ။
(၁) လေကြောင်းတိုက်ခိုက်မှု - မတ်လတွင် ပထမအကြိမ်ဖြစ်ပွားခဲ့ခြင်း
၂၀၂၁ခုနှစ်၊ မတ်လ ၂၇ရက်နေ့၌ KNLA တပ်မဟာ (၅) မှ သံလွင်မြစ်ကမ်းနားတွင်ရှိသော SAC စစ်တပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းယူခဲ့သည်။ SAC ခမရ (၃၄၉) တပ်ရင်းမှ စစ်သားများသည် ထိုစခန်းတွင် လှုပ်ရှားနေပြီး စခန်းသည် ဘူးသိုမြို့နယ်၊ ပါဟဲကျေးရွာအုပ်စု၊ မယ်နူထကျေးရွာအနီး သီးမူးထဒေသတွင် တည်ရှိသည်။[37] ထိုတိုက်ခိုက်မှုတွင် တပ်မတော်စစ်သားဆယ်ဦးသေဆုံးခဲ့ပြီး KNLA မှ အနည်းဆုံးရှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။ KNLA ဖက်မှ တပ်သားတစ်ဦးသေဆုံးခဲ့သည်။
ဤကဲ့သို့ KNLA မှ တိုက်ခိုက်မှုကို တိုက်ရိုက်ပြန်လည်တုန့်ပြန်သည့်အနေဖြင့် SAC စစ်တပ်သည် မတ်လ ၂၇ရက်နေ့မှ ဧပြီလ ၁ရက်နေ့အထိ မူတြော်ခရိုင်နှင့် ခလယ်လွီထူခရိုင်တို့ရှိ KNLA နှင့်အရပ်သားများကို ပစ်မှတ်ထား၍ လေကြောင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။ ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သား ၁၆ဦး သေဆုံးခဲ့ပြီး ၂၅ဦး ဒဏ်ရာရရှိခဲ့သည်။ လေကြောင်တိုက်ခိုက်မှုဖြစ်စဉ်အများစုတွင် ဒေသတွင်းအခြေအနေကို သိရှိရန်အတွက် SAC မှ ဒရုန်းများ သို့မဟုတ် လေယာဉ်များကိုလွှတ်၍ ကင်းထောက်မှုများ ပြုလုပ်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုများကြောင့် အနည်းဆုံးဒေသခံရွာသားများ (၁၅၀၀၀)ကျော် နေရပ်မှထွက်ပြေး တိမ်းရှောင်ခဲ့ ရသည်။
က) မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ဒေ့ပူနို့ဒေသ
၂၀၂၁ခုနှစ်၊ မတ်လ ၂၇ရက်နေ့ညနှင့် ၂၈နေ့ညတို့တွင် SAC တပ်ဖွဲ့သည် လူသောမြို့နယ်၊ ဒေ့ပူနို့ဒေသတွင် စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဒေ့ပူနို့ဒေသသည် ထိုင်းနယ်နိမိတ်နှင့် (၇)မိုင်ခန့်ကွာ ဝေးပြီး KNLA တပ်မဟာ (၅)၏ဌာနချုပ်တွင် တည်ရှိသည်။ ၂၀၂၁ခုနှစ်၊ မတ်လ ၂၇ရက်နေ့ ည (၇)နာရီ၊ ၄၅မိ နစ်ဝန်းကျင်တွင် SAC မှ စတင်ဗုံးကြဲခဲ့ပြီး (၉)နာရီဝန်းကျင်တွင် ရပ်တန့်ခဲ့သည်။ တဖန် မတ်လ ၂၈ရက်နေ့ မနက် (၁၂)နာရီ၊ ၄၅မိနစ်ဝန်းကျင်တွင် ဗုံးကြဲခဲ့ပြန်သည်။ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးသူငယ်များအပါအဝင် အရပ်သားများ အသေအပျောက်ရှိခဲ့သည်။ ထို့အပြင် ပေကေးကျေးရွာအုပ်စုရှိ အချို့သောအဆောက်အဦးများ ပျက်စီးခဲ့ပြီး ဒေ့ပူနို့ကျေးရွာရှိ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) မှ ဒေ့ပူနို့အထက်တန်းကျောင်း (၁) လည်းပျက်စီးခဲ့သည့်အပြင် ဒေသတွင်း ရွာသားများ၏အိမ် (၁၂)လုံး လည်း ပျက်စီးခဲ့သည်။
၂၀၂၁ခုနှစ်၊ မတ်လ ၂၈ရက်နေ့ ည (၁၁)နာရီ၊ ၄၅မိနစ်ဝန်းကျင်တွင် SAC မှ ဒေ့ပူနို့ဒေသရှိ ကျေးရွာတော် တော်များများကို စစ်လေယာဉ်များဖြင့် တဖန်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ရွာသားသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ဤလေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားများ၏အိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး အချို့သော လယ်ယာလုပ်ကိုင် သည့်ကိရိယာများလည်း ပျက်စီးခဲ့သည်။
မတ်လ ၂၉ရက်နေ့ မနက် (၁)နာရီတွင် SAC စစ်လေယာဉ်နှစ်စီးမှ ပေကေးကျေးရွာအုပ်စု၊ ထိုထီးဖါခို့ကျေးရွာရှိ KECD စယ်သွယ်သောကျောင်းတစ်ကျောင်းကို ဗုံးနှစ်လုံးကြဲချခဲ့သည်။ ဤအကြိမ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အသေအပျောက်နှင့်ပတ်သတ်ပြီး သတင်းအချက်အလက်များ မရရှိခဲ့ပါ။
ကြောင်းတိုက်ခိုက်မှုများကြောင့် ပေကေး ကျေးရွာအုပ် စုရှိ ကျေးရွာ (၁၅)ရွာတွင် နေထိုင်သော ရွာသားများအား လုံးပေါင်း (၂၄၉၀)ဦးသည် ၎င်းကျေးရွာများကို စွန့်ခွာပြီး ကျေးရွာများအနီးရှိ တောထဲများတွင်တိမ်းရှောင်၍ ယာယီ ပုန်းရှောင်ခဲ့ရသည်။ ရွာသားများသည် ၎င်းတို့နှင့်အတူ လိုအပ်သည့်ပစ္စည်းများနှင့် စားစရာများ သယ်ယူနိုင်ခြင်း မရှိခဲ့ပေ။ သို့သော် မနက်ပိုင်းအချိန်တွင် တစ်ချို့သောရွာသား များသည် ၎င်းတို့၏ကျေးရွာများတွင် ဆန်များ ပြန်လည်ယူ ဆောင်နိုင်ခဲ့သည်။ KHRG ကွင်းဆင်းလုပ်သားတစ်ဦး၏ တင်ပြချက်အရ ပေကေးကျေး ရွာအုပ်စုတွင်နေထိုင်သော ရွာသားများအားလုံးသည် နောက်ဆုံးတွင် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နိုင် ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှု ကြောင့် ဒဏ်ရာရရှိခဲ့သော ဒေ့ပူနို့ဒေသရှိရွာသားများသည် ၎င်းတို့ထွက်ပြေးတိမ်း ရှောင်သည့်နေရာတွင် သင့်လျော် သောကျန်းမာရေးစောင့် ရှောက်မှုဝန်ဆောင်မှုများ မရရှိခဲ့ပါ။ ၂၀၂၁ခုနှစ်၊ မတ်လ ၃၀ရက်နေ့တွင် ဒဏ်ရာရရှိသော တစ်ချို့ ရွာသားများအား နောက်ဆုံး၌ ဆေးကုသမှုခံယူရန် အတွက် ထိုင်းနိုင်ငံသို့ပို့ဆောင်ခဲ့သည်။ (ထိုင်းနိုင်ငံသို့ ပို့ဆောင်ခံရသောဒဏ်ရာရရှိသည့်ရွာသားများ၏အရေအတွက် အတိအကျကို KHRG မှ မှတ်တမ်းမပြုစုနိုင်ခဲ့ပါ။) KHRG ကွင်းဆင်းလုပ်သားတစ်ဦး၏တင်ပြချက်အရ ၂၀၂၁ခုနှစ်၊ မတ်လ ၃၁ရက်နေ့တွင် မူတြော်ခရိုင်၊ လူသောမြို့နယ်တွင် ပြည်တွင်း နေရပ်ရွှေ့ပြောင်းသူ (IDP) ဉီးရေ၇၀၀၀ ကျော်ရှိခဲ့သည်။[38]
ခ) မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်
၂၀၂၁ခုနှစ်၊ မတ်လ ၂၉ရက်နေ့ နေ့လည် (၁)နာရီတွင် SAC ဂျက်လေယာဉ်နှစ်စီးသည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ်သူးကျေးရွာအုပ်စု၊ လယ်ထူဖိုးကျေးရွာရှိ KECD နံပါတ် (၃) ဒေါကူးထအထက်တန်းကျောင်းကို ဗုံးငါးလုံး ကြဲခဲ့သည်။ ထိုသို့ဗုံးကြဲခြင်းတွင် ကလေးငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိုကလေးငါးဦးအနက် နှစ်ဦးသည် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်။ အဆိုပါကျောင်းမှာလည်း လုံးဝ မီးလောင်ပျက်စီးသွားခဲ့သည်။[39]
၂၀၂၁ခုနှစ်၊ မတ်လ ၃၀ရက်နေ့တွင် မူတြောခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ်ဝေကျေးရွာအုပ်စုရှိ မယ်ကလောနှင့် ခေါ်ဖိုးကြီးကျေးရွာများကို ဗုံးနှစ်လုံး ကြဲခဲ့ပြန်သည်။[40] ဗုံးကြဲခြင်းကြောင့် မယ်ကလောကျေးရွာရှိ အိမ်ခြောက်လုံး၊ စပါးကျီနှစ်လုံး၊ ဆန်အိတ် (၁၇၅)အိတ်၊ ဆိုင်ကယ်တစ်စီးနှင့် ထွန်စက်တစ်စီး ပျက်စီးသွားခဲ့သည်။ ထို့အပြင် ရွာသားနှစ်ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။ ခေါဖိုးကြီးကျေးရွာမှလည်း အိမ်သုံးလုံး ပျက်စီးခဲ့သည်။ Free Burma Rangers (FBR) အဖွဲ့မှ တင်ပြသည့် သတင်းအချက်အလက်များအရ လေကြောင်းတိုက်ခိုက်မှုကြောင့် မယ် ကလောကျေးရွာတွင်နေထိုင်သော အသက် ၇၆နှစ်အရွယ် ရွာသားတစ်ဦးလည်း သေဆုံးခဲ့သည်။[41]
KHRG ကွင်းဆင်းလုပ်သားတစ်ဦး၏တင်ပြချက်အရ လေကြောင်းတိုက်ခိုက်မှုကြောင့် ဧပြီလ အစောပိုင်းတွင် ဒွယ်လိုးမြို့နယ်မှ ရွာသားများ (၅၀၀၀) နီးပါး ၎င်းတို့ရွာမှ စွန့်ခွာပြောင်းရွှေ့ခဲ့ရသည်။
ဂ) မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်
KHRG ကွင်းဆင်းလုပ်သားတစ်ဦး၏တင်ပြချက်အရ ၂၀၂၁ခုနှစ်၊ မတ်လ ၂၈ရက်နေ့တွင် SAC စစ်တပ်မှ ပါဟဲကျေးရွာ အုပ်စုတွင် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ် လုပ်ဆောင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ရွာ သားတစ်ဦးသေဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုသို့စစ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖောခါဒဲကျေးရွာရှိ ဆေးခန်း တစ်လုံးနှင့် KECD သီးကောထကျောင်းတစ်ကျောင်း ပျက်စီးခဲ့သည့်အပြင် လေးသဲခို့ကျေးရွာရှိ တစ်ချို့သောရွာသား များ၏အိမ်များလည်း ပျက်စီးခဲ့သည်။
မတ်လ ၂၈ရက်နေ့ ညနေပိုင်း (၃)နာရီခွဲအချိန်တွင် SAC စစ်တပ်မှ ဘူးသိုမြို့နယ်၊ ပါဟဲကျေးရွာအုပ်စု၊ ခိုးကေကျေးရွာ တွင် စစ်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုလေကြောင်းတိုက်ခိုက်မှုတွင် အသေအပျောက်မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဒေသခံရွာသားများသည် နေ့လည်ပိုင်းတွင် လုံခြုံသောနေရာသို့ ပြောင်းရွှေ့တိမ်းရှောင်နေပြီး ဖြစ်သည်။
အီးတုထ IDP စခန်းသည် မတ်လ ၂၈ရက်နေ့၌ စစ်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်နေရာနှင့် ၂၁.၅ ကီလိုမီတာ ကွာဝေးသည်။ အီးတုထ IDP စခန်းရှိရွာသားများမှ SAC စစ်တပ်သည် IDP စခန်းကို စစ်လေယာဉ်ဖြင့် ဗုံးကြဲတိုက် ခိုက်မည့် အစီအအစဉ်ရှိကြောင်း ကောလဟာလသတင်းများ ကြားခဲ့ရသည်။[42] ထို့ကြောင့် အီးတုထစခန်းနှင့် ၎င်းစခန်းအနီးရှိကျေးရွာများတွင်နေထိုင်ကြသည့် အမျိုးသမီး၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအပါအဝင် ရွာသား (၃၀၀၀) ကျော်သည် အခြားဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ထို့နောက် ရွာသားများသည် သံလွင်မြစ်ကို စက်လှေဖြင့် ဖြတ်ကူးခဲ့သည်။ (သံလွင်မြစ်ကိုဖြတ် ကူးသွားသည့်နေရာသည် ထိုင်း-မြန်မာနယ်စပ်ကို ပိုင်းခြားထားသည့်နေရာဖြစ်သည်။)[43] တစ်ချို့သော IDP များသည် ၎င်းတို့နှင့်အတူ လိုအပ်သည့် ပစ္စည်းများ ယူဆောင်သွားနိုင်ခဲ့သည်။ သို့သော်လည်း တစ်ချို့သောရွာသားများသည် မည်သည့်ပစ္စည်းမှယူဆောင် သွားနိုင်ခြင်းမရှိခဲ့ပေ။
ထိုင်းနိုင်ငံသို့ ရောက်ရှိပြီး နာရီအနည်းငယ်အကြာတွင် ထိုင်းစစ်တပ်မှ ထွက်ပြေးတိမ်းရှောင်သည့်ရွာသား များအား မြန်မာပြည်သို့ပြန်ရန် ခိုင်းစေခဲ့သည်။ အချို့သောအသက်ကြီးသည့် IDP များသည် မြန်မာဖက်ကမ်းသို့ ချက်ချင်းမပြန် သေးဘဲ ထိုင်းနိုင်ငံတွင် သုံးလေးရက်နေထိုင်ခဲ့သည်။ ထို့နောက် ၎င်းတို့ကို မြန်မာဖက်ကမ်းသို့ ပြန်လည်ပို့ဆောင်ခဲ့ သည်။ ထိုင်းနိုင်ငံသည် ၁၉၅၁ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးသည့်အဖွဲ့ဝင်နိုင်ငံ မဟုတ်သော်လည်း ထိုင်းစစ်တပ်၏လုပ်ရပ်များသည် ဒုက္ခသည်များကို ၎င်းတို့၏နိုင်ငံသို့ အတင်းပြန်ခိုင်းနေသည့် ပုံစံမျိုးပေါ်လွင်နေသည်။ ထို့ကြောင့် နိုင်ငံတကာဓလေ့ထုံးတမ်း ဥပဒေအောက်တွင် ထိုင်းစစ်တပ်သည် နိုင်ငံ၏တရား ဝင်ဝတ္တရားများကို လိုက်နာရန် ပျက်ကွက်ခဲ့သည်။
ဃ) ခလယ်လွီထူခရိုင်
၂၀၂၁ခုနှစ်၊ မတ်လ ၃၀ရက်နေ့တွင် SAC ဂျက်လေယာဉ်နှစ်စီးမှ ဆောထီမြို့နယ်၊ မယ်ယာခီးကျေးရွာအုပ်စု၊ ထီးဖါဒိုကျေးရွာအနီးရှိ မယ်သဲခီးဒေသတွင်တည်ရှိသော မိုးအောင်ရွှေတူးဖော်သည့်နေရာကို ဗုံးကြဲခဲ့သည်။ ထိုသို့ဗုံးကြဲရာတွင် လူကိုးဦးသေဆုံးခဲ့၍ အများအားဖြင့် ရွှေတူးဖော်လုပ်သားများဖြစ်ပြီး နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။[44] ဤလေကြောင်းတိုက်ခိုက်မှုသည် ခလယ်လွီထူခရိုင်တွင် တစ်ကြိမ်သာဖြစ်ပွားခဲ့သည်။ သို့သော်လည်း ၂၀၂၁ခုနှစ်၊ မတ်လ ၂၈ရက်နေ့၌ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ဒေ့ပူနို့ကျေးရွာအား SAC မှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် SAC မှ ဂျက်လေယာဉ်များနှင့် ဒရုန်းများကို အသုံးပြ၍ လယ်ဒိုမြို့နယ်၊ ခဲဒဲကျေးရွာအုပ်စုတွင် ပုံမှန်ပျံဝဲခဲ့ပြီး စစ်ကင်းထောက်မှုများ ပြုလုပ်နေသည့်ပုံစံများ ပေါ်လွင်နေသည်။ ထိုကဲ့သို့ လုပ်ရပ်များကြောင့် IDP အပါအဝင် ဒေသခံရွာသားများက SAC စစ်တပ်မှ ဒေ့ပူနို့ကျေးရွာတွင် ဗုံကြဲခဲ့သကဲ့သို့ ၎င်းတို့၏ဒေသတွင်လည်း ဗုံးကြဲတိုက်ခိုက် မည်ကို စိုးရိမ်ကြောက်ရွံ့နေကြသည်။ အဘယ်ကြောင့်ဆိုသော် ပုံမှန်အားဖြင့် ဝေဟင်မှပျံဝဲ၍ ကင်းထောက်မှု လုပ်ရပ်များဖြစ်ပေါ်ပြီးနောက် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားလေ့ရှိသည်။[45]
၂) လေကြောင်းတိုက်ခိုက်မှု - ဧပြီလတွင် ဒုတိယအကြိမ်
မူတြော်ခရိုင်နှင့် ခလယ်လွီထူခရိုင်တွင် ပထမအကြိမ်လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တစ်လအကြာတွင် SAC တပ်ဖွဲ့မှ ဧပြီလ ၂၇ရက်နေ့၌ မူတြော်ခရိုင်တွင် ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်မှု စတင်ခဲ့သည်။[46] ထို့အပြင် SAC စစ်တပ်သည် KNU ထိန်းချုပ်နယ်မြေဒေသများတွင် ဒရုန်းများနှင့် လေယာဉ်များကိုအသုံးပြု၍ ကင်းထောက်မှုများပြုလုပ်ခဲ့သည်။
၂၀၂၁ခုနှစ်၊ ဧပြီလ ၂၇ရက်နေ့တွင် SAC တိုက်ခိုက်ရေး ဂျက်လေယာဉ်များသည် မူတြော်ခရိုင်၊ ဘူးသိုမြို့ နယ်၊ ခေါပူကျေးရွာအုပ်စုရှိ ထို့ယိုထ၊ ပွာပူ၊ ပွေဒေးနှင့် ဖောထ ကျေးရွာများတွင် ဗုံးငါးလုံး ကြဲခဲ့သည်။ ထိုတစ်ရက်ထဲတွင် SAC တိုက်ခိုက်ရေးဂျက်လေယာဉ်များသည် ဘူးသိုမြို့နယ်၊ ခေါပူကျေးရွာအုပ်စု၊ ဘူးအားဒဲကျေးရွာတွင်လည်း ဗုံးနှစ်လုံး ကြဲခဲ့ပြန်သည်။
၂၀၂၁ခုနှစ်၊ ဧပြီလ ၂၈ရက်နေ့တွင် SAC စစ်တပ်သည် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ဒါးဂွင်ဒေသတွင် လက်နက် ကြီးများပစ်ခတ်ခဲ့ပြီး လေကြောင်းမှတစ်ဆင့်လည်း ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ မနက် (၁၀)နာရီ၊ ၈မိနစ်တွင် ဂျက်လေ ယာဉ်နှစ်စီးသည် ဒါးဂွင်ဒေသရှိ ခိုလို့ကျိုးနှင့် ဝါဘောကျို့ ကျေးရွာများတွင် ဗုံးနှစ်လုံးကြဲခဲ့ပြီး စက်သေနတ်ဖြင့် အကြိမ်ကြိမ်ပစ်ခတ်ခဲ့သည်။ မနက် (၁၀)နာရီ၊ ၁၀မိနစ်တွင် ဂျက်လေယာဉ်များသည် ဒါးဂွင်ဒေသတွင် ဗုံးနှစ်လုံးကြဲခဲ့ ပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြန်သည်။ မနက် (၁၀)နာရီ၊ ၃၈မိနစ်တွင် SAC ရဟတ်ယာဉ်တစ်စီးသည် ဒါးဂွင်ဒေသရှိ မဲတရီကလိုးတွင် ဒုံးကျည်သုံးလုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ နေ့လည် (၁)နာရီ၊ ၁၀မိနစ်တွင် ဂျက်လေယာဉ်နှစ်စီး သည် ဝါကာကျို့နှင့် ခို့လော်ထကျေးရွာများတွင် ဗုံးလေးလုံးကြဲခဲ့သည်။ ညနေပိုင်း (၄)နာရီ၊ ၁၀မိနစ်တွင် ဂျက်လေ ယာဉ်နှစ်စီးသည် ဒါးဂွင်ဒေသတွင် ဗုံးငါးလုံး တဖန်ကြဲခဲ့ပြန်သည်။
မေလ ၂ရက်နေ့ မနက် (၁၁)နာရီ၊ ၄၀မိနစ်တွင် SAC ဂျက်လေယာဉ်နှစ်စီးသည် ဘူးသိုမြို့နယ်၊ ဘူးအားဒဲကျေးရွာ အုပ်စု၊ ထို့ယိုထကျေးရွာအနီးရှိ ဘလာလေးပွာတောထဲတွင် ဗုံးလေးလုံးကြဲခဲ့သည်။ သို့သော်လည်း ထိုဗုံးလေးလုံးမှ တစ်လုံးသည် မပေါက်ကွဲခဲ့ပေ။ ဤလေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်တွင် အသေအပျောက်များမရှိပေ။ အဘယ် ကြောင့်ဆိုသော် ဒေသခံရွာသားများသည် လုံခြုံသောနေရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ ပြီးဖြစ်သည်။ ထိုနေ့တစ်ရက် ထဲတွင် မနက် (၁၁)နာရီမှ နေ့လည် (၁၂)နာရီအထိ SAC စစ်တပ်သည် လူသောမြို့နယ်အတွင်း ဂျက်လေယာဉ်နှစ်စီးကို အသုံးပြု၍ ကင်းထောက်မှုများပြုလုပ်ခဲ့သောကြောင့် လူသောမြို့နယ်ရှိ ယယ်မူပလော၊ လယ်မူပလော၊ စောမူပ လော၊ ပလာခို့၊ ခေးပူနှင့် နော်ယိုထကျေးရွာအုပ်စုများရှိ ရွာသားများ နေရပ်မှ ပြောင်းရွှေ့ခဲ့ရသည်။ ၂၀၂၁ခုနှစ်၊ မေလ ၇ရက်နေ့ မနက် (၁၁)နာရီ၊ ၄၃မိနစ်တွင် SAC စစ်တပ်သည် ဘူးသိုမြို့နယ်၊ ပါခေကျေးရွာအုပ်စု၊ ဝါကမာထကျေးရွာ အနီး ဝါလူနေရာတွင် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဧပြီလ ၂၇ရက်နေ့နှင့် မေလ ၂ရက်နေ့အတွင်း KHRG ကွင်းဆင်းလုပ်သားတစ်ဦး၏အစီရင်ခံချက်များအရ SAC စစ်တပ်သည် ဒူးသထူခရိုင်ရှိဒေသများတွင်လည်း ရဟတ်ယာဉ်ဖြင့်ပျံဝဲ၍ မြေပြင်အခြေအနေကို ကင်းထောက်ခဲ့ သည်။ ထို့အပြင် ၂၀၂၁ခုနှစ်၊ မတ်လ ၂၈ရက်နေ့မှ ဧပြီလကုန်အထိ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ ခဲဒဲကျေးရွာ အုပ်စုတွင် SAC ရဟတ်ယာဉ်များပျံဝဲခဲ့ကြောင်း သတင်းရရှိခဲ့သည်။
(၁) မြေပြင်တိုက်ခိုက်မှုများနှင့် ပဋိပက္ခများ
စစ်အာဏာသိမ်းမှုမဖြစ်ခင်အချိန်ကာလတွင် မူတြော်ခရိုင်နှင့် ခလယ်လွီထူခရိုင်တို့တွင် တိုက်ပွဲများဖြစ်ပွား နေခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း မတ်လ အစောပိုင်းတွင် မူတြော်ခရိုင်နှင့် ခလယ်လွီထူခရိုင်များသာမက ဒူးသထူခရိုင်တွင် လည်း မြေပြင်တိုက်ခိုက်မှုများနှင့် တိုက်ပွဲများ သိသိသာသာဖြစ်ပွားခဲ့သည်။ ဇွန်လတွင် လက်ခံရရှိသည့်အစီရင်ခံစာ များအရ ဒူးပလာယာခရိုင်တွင် မကြာမှီကပင် လက်နက်ကိုင်ပဋိပက္ခများ မြင့်မားလာခဲ့သည်။ တောအူး (တောင်ငူ)၊ ဘိတ်-ထားဝယ်နှင့် ဘားအံခရိုင်များတွင် တိုက်ပွဲများနှင့် လက်နက်ကြီးပစ်ခတ်မှုများဖြစ်ပေါ်ခဲ့သည့် သတင်းအစီရင် ခံစာများ လက်ခံရရှိခြင်းမရှိပေ။
(က) မူတြော်ခရိုင်
လူသောမြို့နယ်
၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလတွင် လူသောမြို့နယ်ရှိရွာသားများသည် ၎င်းတို့ဒေသမှ တပ်မတော်တပ်ဖွဲ့များ ထွက်ခွာပေးရန် တောင်းဆိုဆန္ဒပြခဲ့ပြီးနောက် တပ်မတော်သည် ကျေးရွာများနှင့်လယ်ယာခြံမြေများတွင် လက်နက်ကြီးများ စတင်ပစ် ခတ်ခဲ့သည်။[47] ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့တွင် တပ်မတော်စစ်သားများသည် ပလာခို့ကျေးရွာအုပ်စုရှိ အရပ်သားများနေထိုင်သည့်ဒေသများတွင် လက်နက်ငယ်များပစ်ခတ်ခြင်း အပါအဝင် လက်နက်ကြီးများ ၄၃လုံး ပစ်ခတ်ခဲ့မှုကြောင့် တစ်ချို့သောရွာသားများ၏နေအိမ်များ ပျက်စီးခဲ့ရသည်။ ဖေဖော်ဝါရီလ အစောပိုင်းတစ်လျှောက် ပလာခိုကျေးရွာအုပ်စုတွင် လက်နက်ကြီးများပစ်ခတ်မှု ဆက်တိုက်ဖြစ်ပွားခဲ့သည်။[48] ဇန်နဝါရီလ၊ ၂၃ရက်နေ့တွင် ပထမဆုံးလက်ခံရရှိသည့်အစီရင်ခံစာအရ ဇန်နဝါလတွင် လယ်မူပလောကျေးရွာအုပ်စုတွင်လည်း လက်နက်ကြီးများ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ဖေဖော်ဝါလနှင့် မတ်လအတွင်း လယ်မူပလောကျေးရွာအုပ်စုတွင် လက်နက်ကြီးများ ပစ်ခတ်မှုများပြားလာပြီး ဧပြီလအတွင်းထိ ဆက်လက်ဖြစ်ပွားခဲ့သည်။ SAC စစ်သားများမှ ရွာသားများ၏လယ်ယာ များတွင် လက်နက်ကြီးပစ်ခတ်ခဲ့သည်။ ဧပြီလ ၃၀ရက်နေ့ မနက် (၉)နာရီတွင် ထောမူပလဲမဲ့တပ်စခန်းမှ SAC စစ်သားများမှ ယိုစိလော်ပလောဒေသအနီး ယိုဖန်းနေရာတွင် လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး အရပ်သားများ၏ စပါးကျီများ ပျက်စီးခဲ့သည်။[49] ဖေဖော်ရီလအလယ်မှ မတ်လလယ်လောက်အထိ တဲမူဒဲကျေးရွာအုပ်စုတွင် လက်နက်ကြီးများပစ်ခတ်မှု များပြားလာခဲ့သည်။ မတ်လအလယ်မှ ဧပြီလအလယ်အထိ စောမူပလောကျေးရွာအုပ်စု တွင်လည်း လက်နက်ကြီးများပစ်ခတ်မှု တိုးမြင့်လာခဲ့သည်။ ခေးပူကျေးရွာအုပ်စုတွင် စစ်တပ်မှ လှည့်လည်လှုပ်ရှား ခြင်း နှင့် စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်ခြင်းများအပါအဝင် စစ်လှုပ်ရှားမှုများလည်း ပို၍တိုးချဲ့လာသည်။[50] ဧပြီလ ၁၁ရက်နေ့တွင် ဘူးဖိုလူတပ်စခန်းတွင် အခြေစိုက်သော SAC စစ်ကွပ်ကဲအခြေစိုက် (စကခ)[51] အမှတ် (၄) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၇၀၄)သည် ခေးပူကျေးရွာအုပ်စု၊ စဘ---ကျေးရွာတွင် လက်နက်ကြီး များ ပစ်ခတ်ခဲ့ခြင်းကြောင့် အသက်၄၂နှစ်အရွယ် ရွာသားတစ်ဦးဖြစ်သူ စောဘ--- သေဆုံးခဲ့သည်။[52]
ဘူးသိုမြို့နယ်
အာဏာသိမ်းမှုမဖြစ်ခင်တွင် ဘူးသိုမြို့နယ်၊ ခေါပူကျေးရွာအုပ်စုတွင်လည်း လက်နက်ကြီးများပစ်ခတ်မှု ဖြစ် ပွားခဲ့သည်။ ဇန်နဝါရီလ ၃၀ရက်နေ့တွင် အဟ---ကျေးရွာတစ်ဝိုက်တွင် လက်နက်ကြီးခြောက်လုံး ပစ်ခတ်ခဲ့မှုကြောင့် ရွာသားတစ်ဦး၏တဲအိမ်တစ်လုံးပျက်စီးသွားခဲ့သည့်အပြင် ကျွဲတစ်ကောင်သေဆုံးခဲ့ပြီး တစ်ကောင် ဒဏ်ရာရရှိခဲ့ သည်။[53] ဖေဖော်ဝါရီလနှင့်မတ်လတစ်လျှောက်လုံးတွင် လက်နက်ကြီးပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာအများအပြား တွင် နေရပ်စွန့်ခွာပြောင်းရွှေ့မှုများနှင့် ဥစ္စာပစ္စည်းများ ပျက်စီးသွားမှုအခြေအနေများ ဖြစ်ပေါ်စေခဲ့သည်။ ဖေဖော်ဝါ ရီလ ၂၃ရက်နေ့နှင့် မတ်လ ၆ရက်နေ့၌ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အဟ---နှင့်အန---ကျေးရွာများမှ ရွာသား များ (၃၉၆)ဦး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် အခြားသောရွာရှစ်ရွာမှ ရွာသားများ (၆၃၄)ဦးကိုလည်း သက်ရောက်မှုရှိစေပြီး အသက် အန္တရာယ်ရှိသည့်အခြေအနေသို့ တွန်းပို့စေကြောင်း KHRG မှ ယုံကြည်သည်။[54] ထိုပစ်ခတ်မှုတွင် အဓိကတာဝန်ရှိသည့် SAC တပ်ရင်းများမှာ တပ်ရင်းမှူးမြင့်ဇော်ဦးမှ ဦးဆောင်သော ခမရ (၄၃၄)၊ စကခ (၈) လက် အောက်ခံ တပ်ရင်းမှူးထွန်းလင်းမြဦးဆောင်သော ခမရ (၄၁၀)နှင့် ခမရ (၄၀၁)တို့ဖြစ်သည်။
ဧပြီလနှင့် မေလတို့တွင်လည်း လက်နက်ကြီးများပစ်ခတ်မှု ဆက်လက်ဖြစ်ပွားခဲ့သည်။ ၂၀၂၁ခုနှစ်၊ ဧပြီလ ၂ရက်နေ့ တွင် SAC စကခ (၈) လက်အောက်ခံ ခမရ (၄၀၈) မှ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ထီးသဒေါထ ကျေးရွာအုပ်စု၊ လာဒေးကော်ကျေးရွာတွင် လက်နက်ကြီးများသုံးလုံး ပစ်ခတ်ခဲ့သည်။ အဆိုပါပစ်ခတ်မှုကြောင့် အသက် ၅၅ နှစ်အရွယ် ရွာသူတစ်ဦးဖြစ်သူ မ--- သေဆုံးခဲ့ပြီး သူမ၏အမျိုးသား (အသက် ၅၆နှစ်) ဂ---မှ ဒဏ်ရာရရှိခဲ့သည်။[55] ၂၀၂၁ခုနှစ်၊ ဧပြီလ ၄ရက်နေ့ နံနက် (၇)နာရီ ၂၀မိနစ်တွင် ဘူးသိုမြို့နယ်၊ ထီးသဒေါ့ထကျေးရွာအုပ်စု၊ လာဒေးကော် ကျေးရွာတွင် SAC စကခ (၈) လက်အောက်ခံ ခမရ (၄၀၅)နှင့် BGF တပ်ရင်း (၁၀၁၄) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ သည်။[56] ၂၀၂၁ခုနှစ်၊ ဧပြီလ ၈ရက်နေ့၌ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ဝှေ့ရှမ်းကျေးရွာတွင် လမ်းလုံခြုံ ရေးတာဝန်ယူပေးနေသည့် SAC ခမရ (၄၃၄)မှ စစ်သားများသည် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့သည်။ လက်နက်ကြီးများသည် မယ်ကလောကျေးရွာအုပ်စု၊ အဒ---ကျေးရွာအတွင်းသို့ ကျရောက်ခဲ့သည်။ လက်နက်ကြီး တစ်လုံးမှ ရွာသားတစ်ဦး၏နေအိမ်ပေါ်သို့ ကျရောက်ခဲ့ပြီး ရွာအတွင်းကျရောက်သည့် အခြားလက်နက်ကြီးတစ်လုံး မှာ မပေါက်ကွဲခဲ့ပေ။ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် အသက် ၁၇နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး သည်လည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ (BPHWT)[57] မှ ထိုကလေး ငယ်အား ဆေးကုသပေးခဲ့သည်။[58] မေလ ပထမပတ်အတွင်း မယ်ကလောကျေးရွာအုပ်စုရှိ ရွာသားများသည် တိုက်ပွဲများနှင့် SAC ခမရ (၄၃၄)မှ လက်နက်ကြီးများ အပြင်းအထန်ပစ်ခတ်ခြင်းများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ တိုက်ပွဲ များနှင့်လက်နက် ကြီးပစ်ခတ်မှုကြောင့် အည---၊ အယ---နှင့် အင---ကျေးရွာများရှိ ရွာသားများစုစုပေါင်း (၁၀၀၀) အပေါ် ပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့သည်။ အဆိုပါရွာသားအချို့သည် အနီးနားရှိဒေသများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ ကြသော်လည်း အချို့မှာ ၎င်းတို့ဆောက်လုပ်ထားသည့် ယာယီကတုတ်ကျင်းများတွင် ပုန်းအောင်းနေခဲ့ သည်။[59]
ဒွယ်လိုးမြို့နယ်
ဧပြီလအစောပိုင်းတွင် (ဧပြီလ ၇ရက်နေ့မှ ၁၂ရက်နေ့အထိ နေ့စဉ်နေ့တိုင်း) လေးဖိုးထကျေးရွာအုပ်စုတွင် လက်နက်ကြီးများရမ်းသန်းပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အရပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။[60] ၂၀၂၁ခုနှစ်၊ ဧပြီလ ၇ရက်နေ့ မနက် (၈)နာရီအချိန်ခန့်တွင် SAC စစ်သားများသည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထ ကျေးရွာအုပ်စု၊ အဏ---ရွာအတွင်း လက်နက်ကြီးများပစ်ခတ်ခဲ့သည်။ အဆိုပါလက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားလေးဦး ဒဏ်ရာရရှိခဲ့သည်။ ထိုရွာသားလေးဦးမှာ အသက် ၄၈နှစ်အရွယ် စောဃ---၊ သူ၏ဇနီး ၃၃နှစ်အရွယ် (နော်ဆ---)၊ ၎င်းတို့၏သမီး ၁၁ နှစ်အရွယ် (နော်ည---)နှင့် ၃၁နှစ်အရွယ် စောယ---တို့ ဖြစ်ကြသည်။ ဧပြီလ ၁၁ရက်နေ့တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် လေးဖိုးထကျေးရွာအုပ်စု၊ အဏ---ကျေးရွာမှ အခြားသောရွာသား တစ်ဦးလည်း ၎င်း၏ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်။ ၂၀၂၁ခုနှစ်၊ ဧပြီလ ၁၂ရက်နေ့ မနက်(၈)နာရီအချိန်တွင် အဓ---ကျေးရွာတွင်နေထိုင်သော အသက် ၁၅နှစ်အရွယ် စောင---သည် သူ၏မိသားစုအတွက် လိုအပ်သည့်ပစ္စည်းအချို့ကို ဝယ်ယူရန်အတွက် ကမမောင်းမြို့သို့ ဆိုင်ကယ်ဖြင့်သွားနေချိန်တွင် SAC စစ်တပ်မှ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှု ကြောင့် စောင---ဒဏ်ရာရရှိခဲ့သည်။ SAC ခြေမြန်တပ်ရင်းများအမှတ် (၄၀၅)၊ (၄၀၈)နှင့် (ဗိုလ်မောင်ချစ်ဦးဆောင် သော) BGF တပ်ရင်း (၁၀၁၄) တို့သည် ထိုဒေသများအနီးတစ်ဝိုက်တွင် လှုပ်ရှားနေသောကြောင့် အဆိုပါလက်နက် ကြီးပစ်ခတ်မှုတွင် ၎င်းတို့မှာ တာဝန်ရှိသည်ဟု ယူဆရပါသည်။
မေလကုန်အထိတွင် လေးဖိုးထကျေးရွာအုပ်စုရှိ ကျေးရွာလေးရွာများတွင်နေထိုင်သော အိမ်ထောင်စု (၂၂၂) စုမှ ရွာသားများ စုစုပေါင်း (၁၅၉၈) ဦးသည် ၎င်းတို့ရပ်ရွာများမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ၎င်းအချက်အလက်များကို အောက်တွင်ဖော်ပြထားပါသည်။
အဏ---ရွာသားများ (၄၈၃)ဦး (အိမ်ထောင်စု ၇၀)
အရ---ရွာသားများ (၃၀၄)ဦး (အိမ်ထောင်စု ၅၀)
အဌ---ရွာသားများ (၂၇၅)ဦး (အိမ်ထောင်စု ၄၂)
အဠ---ရွာသားများ (၅၃၆)ဦး (အိမ်ထောင်စု ၆၀)[61]
မတ်လအကုန်တွင် မာထောကျေးရွာအုပ်စုတွင် တိုက်ပွဲများနှင့်လက်နက်ကြီးပစ်ခတ်မှုများ စတင်ဖြစ်ပွားခဲ့ပြီး ဤအစီရင်ခံစာအား ရေးသားပြုစုပြီးသည့်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။[62] ၂၀၂၁ခုနှစ်၊ ဧပြီလ ၄ရက်နေ့တွင် KNLA သည် ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စုရှိ SAC ကူးဆိပ်တပ်စခန်းကို တိုက်ခိုက်ခဲ့ပြီး စစ်တပ်အသုံးပြုသည့်လမ်းကို သစ်တုံးများနှင့် မြေမြှုပ်မိုင်းများဖြင့် ပိတ်ဆို့ခဲ့သည်။ SAC စစ်တပ်မှ ပြန်လည်တုန့်ပြန်သည့်အနေဖြင့် ကျေးရွာများအနီးတစ်ဝိုက်တွင် လက်နက်ကြီးများ ရမ်းသန်းပစ် ခတ်ခဲ့သည်။[63] ၂၀၂၁ခုနှစ်၊ ဧပြီလ ၁၀ရက်နေ့တွင် မာထောကျေးရွာအုပ်စုရှိ အသ---ရွာမှ ရွာသားများသည် ၎င်းတို့ရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ရွာသားများထွက်ပြေးပြီးနောက် SAC တပ်ဖွဲ့များသည် (အသ----ရွာအုပ်ချုပ်ရေးမှူးဖြစ်သူ) ဏ---နှင့် ရွာသားတစ်ဦးဖြစ်သူ ဓ---တို့ ပိုင်ဆိုင်သည့်အိမ်နှစ်အိမ်ကို မီးရှို့ဖျက် ဆီးခဲ့သည်။ ရွာသားများ ပိုင်ဆိုင်သည့်တိရစ္ဆာန်များအားလုံးသည် ရွာထဲတွင် ကျန်ရစ်ခဲ့သောကြောင့် SAC စစ်သားများမှ ၎င်းတို့၏တိရစ္ဆာန်များအား သတ်ဖြတ်ချက်စားမည်ကို ရွာသားများက စိုးရိမ်နေကြသည်။ အသ---ကျေးရွာတွင် အိမ်ခြေပေါင်း (၅၀) ရှိပြီး လူဦးရေ (၃၀၀) ခန့်ရှိသည်။ အိမ်ထောင်စု ၂၁စုမှ ၂၂စုခန့်သည် IDP စခန်းများအနီးနားတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး KNU မှ ၎င်းတို့အား စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့သည်။[64]
ဧပြီလ ၃၀ရက်နေ့ မွန်းလွဲ (၁)နာရီ ၅၃မိနစ်တွင် ဖာပွန်မြို့တွင် အခြေစိုက်သော SAC တပ်ဖွဲ့များမှ ဘူးသိုတောင်တွင် လက်နက်ကြီးများ ၁၃လုံး ပစ်ခတ်ခဲ့သည်။ လက်နက်ကြီးများသည် မာထောကျေးရွာ အုပ်စု၊ အဗ---ကျေးရွာအတွင်းသို့ ကျရောက်ခဲ့သည်။ ထိုနေ့တွင် ကူးဆိပ်တွင် အခြေစိုက်သော SAC စကခ (၈)လက်အောက်ခံ ခမရ (၄၀၈) မှလည်း ရွာအတွင်းသို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုကြောင့် အိမ်ထောင်စု (၁၃)စုမှာ ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ အဂ----ရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရ သည်။[65] ၂၀၂၁ခုနှစ်၊ မေလ ၁ရက်နေ့ မနက် (၁၀)နာရီ၊ ၂၈မိနစ်တွင် ကူးဆိပ်တွင် အခြေစိုက်စော SAC စကခ (၈)လက်အောက်ခံ ခမရ (၄၀၈) သည် ဝါ့သုံးကျို့သစ်တောတွင်ရှိသော အရပ်သားများ လုပ်ကိုင်စိုက် ပျိုးသည့်နေရာများတွင် လက်နက်ကြီးများ ခြောက်လုံး ပစ်ခတ်ခဲ့သည်။ တိုက်ပွဲများနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် မေလ ၁ရက်နေ့တွင် ပပ---ရွာနှင့် နန---ကျေးရွာတို့တွင်နေထိုင်သော ရွာသားများသည် ၎င်းတို့ရပ်ရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ပပ---ကျေးရွာတွင် (အိမ်ထောင်စု ၆၀) ရွာသားများ ၆၀၀ ဦး ရှိပြီး (အိမ်ထောင်စု ၄၀မှ) ရွာသားများ ၂၀၀ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ နန---ကျေးရွာတွင် အိမ်ထောင်စု (၆၀)ရှိ ရွာသားများ (၃၅၀) ရှိပြီး ၎င်းတို့အားလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။[66]
၂၀၂၁ခုနှစ်၊ မတ်လ ၂၇ရက်နေ့မှ ၂၀၂၁ခုနှစ်၊ ဧပြီလ ၃ရက်နေ့အထိ ဖာပွန်အခြေစိုက် စစ်ဗျူဟာ (စဗဟ) အမှတ် (၁) လက်အောက်ခံ ခမရ အမှတ် (၁၉)၊ (၃၄၀)၊ (၃၄၁)နှင့် (၃၄၃)တို့မှ SAC တပ်သားများသည် ဒွယ်လိုးမြို့နယ်နှင့် ဘူးသိုမြို့နယ်နယ်နိမိတ်တစ်လျှောက် ဖာပွန်မြို့အနီးရှိ ၎င်းတို့တပ်စခန်းများအနား တစ်ဝိုက်တွင် လက်နက်ကြီးများ နေ့စဉ်နေ့တိုင်း ရမ်းသန်းပစ်ခတ်ခဲ့သည်။ SAC တပ်စခန်းများအနီးတွင် KNLA စစ်သားများလှုပ်ရှားနေကြောင်း သတင်းရရှိထားသောကြောင့် SAC စစ်တပ်မှ ယခုကဲ့သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် SAC တပ်ဖွဲ့များသည် ဖာပွန်မြို့အနောက်ဘက်ရှိကျေးရွာများတွင် နေထိုင်သောရွာသားများကို ပြောင်းရွှေ့စေခိုင်းခဲ့သည်။ ရွာသားများကို နေရာလေးနေရာသို့ ပြောင်းရွှေ့ခိုင်းစေခဲ့သည်။ ဖာပွန်မြို့ရှိ နေရာနှစ်နေရာ၊ ဒွယ်လိုးမြို့နယ်ရှိ တစ်နေရာနှင့် ဘူးသိုမြို့နယ်ရှိ အခြားနေရာသို့ ပို့ဆောင်ခဲ့သည်။[67]
(၂) ဒူးသထူခရိုင်
မတ်လအစပိုင်းမှစတင်၍ ဒူးသထူခရိုင်ရှိ မြို့နယ်ငါးမြို့နယ်အားလုံးတွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။ အထူးသဖြင့် ဘီးလင်း၊ သထူ (သထုံ)နှင့် ဘားအံမြို့နယ်များတွင် တိုက်ပွဲများ ပို၍ဖြစ်ပွားခဲ့သည်။
ဘားအံမြို့နယ်
မတ်လ ၉ရက်နေ့၌ ဘားအံမြို့နယ်၊ ဘိုပရာကျေးရွာအုပ်စု၊ ခလယ်ခဲကျေးရွာအနီးရှိ KNLA တပ်စခန်းတွင် KNLA နှင့် SAC တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ SAC စစ်သားများသည် KNLA မှ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ကျေးရွာအတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပစ်ခတ်မှုကြောင့် အသေအပျောက်မရှိသော်လည်း ရွာသားများ ထွက်ပြေးခဲ့ရသည်။ အကျိုးဆက် အနေဖြင့် KNLA သည် အဆိုပါဒေသရှိ အခြားနေရာသို့ ရွှေ့ပြောင်းခဲ့ရပြီး BGF တပ်သားများသည် KNLA တပ်စခန်းကို သိမ်းပိုက်ခဲ့သည်။[68] ထိုအချိန်မှစပြီး KNLA နှင့် SAC နှင့် BGFတို့ကြား (မယ်လာခီးကျေးရွာ၊ သေလာဘောကျေးရွာနှင့် ဂူဘီထွီနေရာတို့တွင်) တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။
ထို့အပြင် KHRG ကွင်းဆင်းလုပ်သားများ၏မှတ်တမ်းပြုစုချက်များအရ ဇွန်လတွင် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားကာ တင်းမာမှုများ မြင့်မားလာကြောင်း သတိပြုမိခဲ့သည်။ ဇွန်လ ၉ရက်နေ့တွင် KNLA နှင့် BGF တို့အကြား တိုက်ပွဲဖြစ်ပြီးနောက် BGF သည် ထီးကျော်ခီးဒေသရှိ KNLA တပ်စခန်းအား တိုက်ခိုက်ခဲ့ပြီး စခန်းအဆောက်အဦး များအားလုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ (ထိုအချိန်တွင် စခန်းတွင် KNLA စစ်သားများ မရှိ ပေ။)။ ထို့အပြင် BGF မှ KNLA သည် ၎င်းတို့အား ထပ်မံတိုက်ခိုက်ပါက ရွာကို မီးရှို့ဖျက်ဆီးမည်ဟု ရွာသားများအား ခြိမ်းခြောက်ခဲ့သည်။[69] ၂၀၂၁ခုနှစ်၊ ဇွန်လ ၂၀ရက်နေ့နှင့် ၂၁ရက်နေ့၌ ထိုနှစ်ရက်တာအတွင်း တိုက်ပွဲခြောက်ကြိမ် ဖြစ်ပွားခဲ့သည်။[70] ဇွန်လ ၂၀ရက်နေ့တွင် တကောဖိုးကျေးရွာအုပ်စု၊ တကောဖိုးကျေးရွာ၊ သေ့လဘောကျေးရွာအနီးရှိ သေ့ကုန်ဒေသတွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ထို့နောက် DKBA ခလယ်ခဲတပ်စခန်းတွင်လည်း တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြန်သည်။ ဇွန်လ ၂၁ရက်နေ့တွင် တိုက်ပွဲလေးကြိမ် ဖြစ်ပွားခဲ့သည်။ ပထမအကြိမ်နှင့် ဒုတိယ အကြိမ်မှာ မယ်ပူကျေးရွာ အနီးတွင်ဖြစ်ပွားခဲ့သည်။ တတိယနှင့် စတုတ္ထအကြိမ်မှာတော့ ဂူဘီးထွီတပ်စခန်းမှ BGF စစ်သားများသည် ၎င်းတို့၏တပ်စခန်းများသို့ ရိက္ခာများပို့ဆောင်ပြီးနောက် ၎င်းတို့တပ်စခန်းသို့ ပြန်လာသည့်လမ်းတစ်လျှောက်တွင် ဖြစ်ပွားခဲ့သည်။ စစ်သားများ အများအပြား သေဆုံးပြီး ဒဏ်ရာရရှိမှုရှိခဲ့သည်။ သို့သော် အရပ်သားများ ထိခိုက်သေဆုံးမှု မရှိခဲ့ပေ။ အချို့ သောရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသော်လည်း တိုက်ပွဲအများစုသည် ကျေးရွာဒေသအပြင်ဘက်တွင် ဖြစ်ပွားခဲ့သည်။
သထူမြို့နယ်
မတ်လ ၉ရကနေ့တွင် သထူမြို့နယ်ရှိ နေရာအများအပြားတွင်လည်း တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။ နဲဖောထကျေးရွာအုပ်စု၊ တလာအောဖိုးကလားကျေးရွာတွင် တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဖြစ်ပွားခဲ့ သည့်အချိန်တွင် ဧပြီလ ၂ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားမှုနှင့်ပတ်သက်သည့် အစီရင်ခံစာများ မရရှိခဲ့ပေ။ မည်သို့ဖြစ်စေ တိုက်ပွဲဖြစ်ပွားခြင်းနှင့်လက်နက်ကြီးပစ်ခတ်ခြင်းများကြောင့် လေးဂယ်ကလယ်ကျေးရွာရှိ ကရင်ကျန်းမာရေးနှင့် လူမှုဖူလုံရေးဌာန (KDHW) ဆေးခန်းတစ်လုံးအပါအဝင် ရွာသားများ၏နေအိမ်နှင့် အခြားအဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့သည်။ ထို KDHW ဆေးခန်းအား လက်နက်ကြီးတစ်လုံး ထိမှန် သည့်အချိန်တွင် ဆေးခန်းအတွင်း လူများရှိနေပြီး ထိုထဲတွင် ကလေးငယ်ကို နို့တိုက်နေသည့်အမျိုးသမီး တစ်ဦးသည် ဒဏ်ရာရရှိခဲ့သည်။ ရွာသားများ အများအပြား ထွက်ပြေးခဲ့ကြရသည်။[71]
၂၀၂၁ခုနှစ်၊ ဧပြီလ ၂၃ရက်နေ့၌ သထူမြို့နယ်၊ ကော့လားကျေးရွာအုပ်စု၊ ကော့လားကျေးရွာနှင့် ချောဘီန ကျေးရွာများအနီးရှိ ကားလမ်းမဘေးတွင် KNLA နှင့် SAC တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ကျိုက်ကော်သိမ်ဆိပ်မြို့၊ မြိတ်တစုရပ်ကွက်မှ အမည်မသိ ရွာသားတစ်ဦး သေဆုံးခဲ့သည်။ SAC စစ်သား များမှ ထိုရွာသားအား လမ်းပေါ်တွင် ဖမ်းဆီးခေါ်ဆောင်ပြီး KNLA မှ SAC စစ်သားများအား ချုံခိုတိုက်ခိုက်ခဲ့သည့် (နေရာတစ်ခုသို့) ပို့ဆောင်ပေးရန် ၎င်းအား အဓမ္မခိုင်းစေခဲ့သည်။ ထို့နောက် ထိုရွာသားသည် ပစ်ခတ်တိုက်ခိုက်မှုဖြစ်နေစဉ်အတွင်း ကျည်ဆန်မှန်၍ သေဆုံးခဲ့ခြင်းဖြစ်သည်။[72]
၂၀၂၁ခုနှစ်၊ ဧပြီလ ၂၃ရက်နေ့ မနက် (၈)နာရီအချိန်ခန့်တွင် သထုံမြို့နှင့် ရန်ကုန်မြို့ကြားသွားလာသည့် အဝေးပြေးကားလမ်းမကြီးတစ်လျှောက်ရှိ သထုံတပ်စခန်းမှ အမည်မသိ SAC တပ်ဖွဲ့နှင့် KNLA တပ်ဖွဲ့တို့ ကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဒေသခံပြည်သူများက NUG ကို ထောက်ခံသည့်အနေဖြင့် KNLA စစ်သားများ၏အကာအကွယ်အောက်တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ SAC စစ်သားများသည် ဆန္ဒပြသည့် နေရာသို့ ရောက်ရှိလာပြီးနောက်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။[73]
ဘီးလင်းမြို့နယ်
ဧပြီလအစောပိုင်း၌ ဘီးလင်းမြို့နယ်၊ တာပေါကျေးရွာအုပ်စု၊ တာပေါကျေးရွာနှင့် ပရယောကျေးရွာအုပ်စု၊ လေကေ့ကျေးရွာတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ထိုကျေးရွာနှစ်ရွာလုံးတွင် SAC နှင့် BGF တပ်ဖွဲ့များ အခြေစိုက်ရာ ရွာများဖြစ်သည်။[74] ၂၀၂၁ခုနှစ်၊ ဧပြီလ ၂၇ရက်နေ့မှ မေလ ၃ရက်နေ့အထိ ဗိုလ်တင်ဝင်း နှင့်တပ်ရင်းမှူးဗိုလ်မောင်ချစ်တို့ ဦးဆောင်သော BGF တပ်ရင်း (၁၀၁၄)၏လှုပ်ရှားမှုများကြောင့် တိုက်ပွဲများ ပို၍ဖြစ်ပွားလာခဲ့သည်။[75] BGF တပ်ဖွဲ့သည် ၎င်းတို့တပ်စခန်းများမှ ထွက်ခွာသည့်အချိန်တွင်သော်လည်းကောင်း၊ စခန်းသို့ပြန်လာသည့်အချိန်တွင်သော်လည်းကောင်း KNLA စစ်သားများလှုပ်ရှားလေ့ရှိရာလမ်းနှင့် နေရာအနီးတစ်ဝိုက်တွင် နယ်မြေရှင်းလင်းရန်အတွက် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့သည်။ လက် နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် ပိုင်ဆိုင်မှုပစ္စည်းများ ပျက်စီးဆုံးရှုံးသွားခြင်း အပြင် ယခုချိန်တွင် ဒေသအတွင်း မပေါက်ကွဲသေးသော လက်နက်ကြီးကျည်ဆံများ (UXO) ကျန်ရစ် တည်ရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ပစ်ခတ်လိုက်သည့် တချို့သောလက်နက်ကြီးများသည် မပေါက် ကွဲခဲ့ခြင်းဖြစ်သည်။
၂၀၂၁ခုနှစ်၊ ဧပြီလ ၂၃ရက်နေ့၌ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ ကျော်တယောကျေးရွာအနီးရှိ ထီးဖိုးညာလိခီးတပ်စခန်းတွင် အခြေစိုက်သော SAC အမြောက်တပ်ရင်းအမှတ် (၃၁၄) သည် အထူးသဖြင့် KNU ထိန်းချုပ်နယ်မြေများရှိ ကျေးရွာများအနီးတဝိုက်တွင် လက်နက်ကြီးများ စတင်ရမ်းသန်း ပစ်ခတ်ခဲ့သည်။[76] ထိုနေ့ကစပြီး လက်နက်ကြီးများပစ်ခတ်မှု ရပ်စဲခဲ့သည်။ ယယ---ရွာသားတစ်ဦးဖြစ်သော ထထ---သည် ၎င်း၏ခြေထောက်တွင် လက်နက်ကြီကျည်ဆံအစအနမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ဧပြီလ ၂၇ရက်နေ့မှ စ၍ အနီးပတ်ဝန်းကျင်တွင်နေထိုင်သော ရွာသားများ (၃၀၀၀) ခန့်သည် ၎င်းတို့၏ရွာများမှ ထွက်ပြေးတိမ်း ရှောင်လာခဲ့ရသည်။ မြို့များ သို့မဟုတ် အခြားနေရာများတွင် ဆွေမျိုးမရှိသော ရွာသားများသည် ၎င်းတို့၏ ရပ်ရွာများအနီးရှိ တောအုပ်ထဲတွင်သာ တိမ်းရှောင်ပုန်းအောင်းခဲ့ရသည်။
(၃) ခလယ်လွီထူခရိုင်
အာဏာသိမ်းမှုမတိုင်မီကပင် မူတြော်ခရိုင်တွင်လည်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ပြည်တွင်း ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ (CIDKP) ၏မှတ်တမ်းများအရ ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက်နေ့၌ SAC စစ်တပ်မှ လယ်ဒိုမြို့နယ်၊ စောမီလုနှင့် မူသယ်ဒေသများအကြားတွင် လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်ခဲ့သည်။ (ဤလမ်းသည် သံဘို၊ စောမီလူ၊ ခို့ပလာလေးခို့၊ ကဆောဘိုနှင့်မူ သယ်တပ်စခန်းများသို့ ဆက်သွယ်ထားသည့်လမ်းဖြစ်သည်။) ၎င်းတို့သည် ဒေသခံရွာသားများနှင့် တိုင်ပင် ဆွေးနွေးခြင်းမရှိသည့်အပြင် ဒေသခံ KNU အာဏာပိုင်များထံမှလည်း ကြိုတင်ခွင့်ပြုချက်မရယူခြင်းကြောင့် SAC တပ်ဖွဲ့နှင့် KNLA တို့အကြား တိုက်ပွဲများ မကြခဏ ဖြစ်ပွားစေခဲ့သည်။ KHRG ကွင်းဆင်းလုပ်သား တစ်ဦး၏တင်ပြချက်များအရ ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ ၂၈ရက်နေ့မှ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလလယ်အထိ လယ်ဒိုမြို့နယ်၊ စောမီလူကျေးရွာအုပ်စုရှိ ရွာသားများသည် သေနတ်ပစ်ခတ်သံများနှင့် လက်နက်ကြီး ပေါက်ကွဲသံများကို နေ့တိုင်းလိုလို ကြားနေခဲ့ရသည်။ ဤလမ်းဆောက်လုပ်ရေးလုပ်ငန်းသည် KNLA တပ်စခန်းအများ တည်ရှိနေသည့်ဒေသများသာမက IDP ရွာသားများ ပုန်းအောင်းသည့်နေရာများစွာကို ဖြတ်၍ လမ်းဖောက်ထားခြင်းဖြစ်သည်။ CIDKP ၏မှတ်တမ်းများအရ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက်နေ့ အထိ လယ်ဒိုမြို့နယ်၊ ခဲဒဲကျေးရွာအုပ်စုနှင့် မူး(မုန်း)မြို့နယ်၊ စောကဲဒဲကျေးရွာအုပ်စုတို့တွင် စစ်ဘေးရှောင်ဒုက္ခသည် (၁၁၉၅) ဦး ရှိနေပြီဖြစ်သည်။[77]
SAC စစ်သားများသည် ၎င်းတို့၏စစ်တပ်စခန်းများတွင်နေ၍ လယ်ဒိုမြို့နယ်၊ KNU ထိန်းချုပ်နယ်မြေရှိ ကျေးရွာများတွင် (သန်းလေးကျေးရွာနှင့် မြေနီကုန်းနေရာ) လက်နက်ကြီးရမ်းသန်းပစ်ခတ်ခဲ့ခြင်းနှင့် ပတ်သက်သော ဒေသတွင်းသတင်းအစီရင်ခံစာများကို KHRG မှ မတ်လနှောင်းပိုင်းတွင် စတင်လက်ခံရရှိခဲ့ သည်။ ၂၀၂၁ခုနှစ်၊ မတ်လ ၂၇ရက်နေ့မှ မတ်လ ၃၀ရက်နေ့အထိ လက်နက်ကြီးပစ်ခတ်မှုများ နေ့တိုင်း ဖြစ်ပွားခဲ့သည်။[78]
KHRG ကွင်းလုပ်သားတစ်ဦး၏ပြောပြချက်အရ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့မှ ၁၅ရက်နေ့အထိ SAC စစ်တပ်သည် လယ်ဒိုမြို့နယ်သို့ စစ်ကူများ စေလွှတ်ခဲ့သည်။ ထိုကာလအတွင်း စုစုပေါင်း SAC စစ်ကား ၅၁ စီးသည် လယ်ဒိုမြို့နယ်အနှံ့ သွားလာလှုပ်ရှားနေသည်ကို မြင်တွေ့ခဲ့ရသည်။[79] ဧပြီလအစောပိုင်းမှစတင်၍ လယ်ဒိုတပ်စခန်းတွင် အခြေစိုက်သော SAC တပ်ဖွဲ့များသည်လည်း မူတြော်ခရိုင်ရှိ ၎င်းတို့၏ရှေ့တန်းစခန်းများသို့ စစ်အသုံးပစ္စည်းများနှင့် လက်နက်ခဲယမ်းများအပါအဝင် တပ်သားများ ပို၍ပို့ဆောင်ခဲ့သည်။ အဆိုပါ စစ်ကူတပ်သားများသည် လယ်ဒိုမြို့နယ်ရှိ လယ်ဒိုနှင့် မူသယ်ကျေးရွာတို့ကြားရှိ တပ်မတော်အသုံးပြုသည့် လမ်းပေါ်တွင် ခြေလျင်ဖြင့် သွားလာလှုပ်ရှားလေ့ရှိသည်။[80] ၎င်းစစ်လှုပ်ရှားမှုလုပ်ရပ်သည်လည်း ပဋိပက္ခများ ပို၍ မြင့်မားစေသည်။ ၂၀၂၁ခုနှစ်၊ မေလ ၁၈ရက်နေ့၌ ခလယ်ထွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ အီသာပလောနေရာတွင် KNLA နှင့် SAC တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ မေလ ၂၃ရက်နေ့၌ လယ်ဒိုနှင့် မူသယ် ကျေးရွာများအကြား SAC စစ်တပ်အသုံးပြုသည့်လမ်းအနီးနားရှိ ထီးပနနေပလောနေရာတွင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)[81] တပ်ရင်း (၃)မှ SAC စစ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မေလ ၂၄ရက်နေ့၌ KNDO တပ်ရင်း (၃) မှ မူတြော်ခရိုင်မှ ပြန်လာသော SAC စစ်သားများကို အီသာပလော နေရာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါ SAC စစ်သားများသည် မူသယ်ကျေးရွာအနီးရှိ ၎င်းတို့ တပ်စခန်းသို့ ပြန်ရောက်လာသည့်အချိန်မတိုင်မီတွင် KNDO ၎င်းတို့တပ်ဖွဲ့အား ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နောက်တစ်နေ့ မေလ ၂၅ရက်နေ့ မနက် ၈ နာရီ ၃၀မိနစ်တွင် KNDO တပ်ရင်း (၃) မှ မူတြော်ခရိုင်သို့ ချဉ်းကပ်လာသော SAC စစ်သားများအား အီသာပလောနေရာတွင် ထပ်မံပစ်ခတ်ခဲ့ပြန်သည်။ အချို့သော အခြေအနေများတွင် SAC တပ်ဖွဲ့ဝင်များသည် ၎င်းတို့ဖြတ်သန်းသွားရာ ရွာများသို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့သည်။ လယ်ဒိုနှင့် မူသယ်ကျေးရွာများကြားရှိ တပ်မတော်ကားလမ်း အနီးတွင် နေထိုင်ကြသောဒေသခံရွာသားများ၏လုံခြုံရေးအန္တရာယ် အလွန်မြင့်မားသောကြောင့် ၎င်းတို့၏လယ်ယာ လုပ်ငန်းခွင်တွင် သွားလာလုပ်ကိုင်ရန် လုံခြုံမှုမရှိဟု ခံစားနေရသည်။ စစ်ဘေးရှောင်ဒုက္ခသည်များသည်လည်း ၎င်းတို့ရပ်ရွာများသို့ ပြန်လည်နေထိုင်ရန် ၎င်းတို့အတွက်လုံခြုံမှုမရှိပေ။[82]
(၄) ဒူးပလာယာခရိုင်
အာဏာသိမ်းမှုဖြစ်ပွားပြီးပြီးချင်း တိုက်ပွဲများ သို့မဟုတ် လက်နက်ကြီးပစ်ခတ်မှုများနှင့်ပတ်သက်သော သတင်းအ ကြောင်းအရာများ လက်ခံရရှိခြင်းမရှိသော်လည်း ဒူးပလာယာခရိုင်ရှိ ရွာသားများမှ စိုးရိမ်မှုများရှိကြောင်း တင်ပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် SAC စစ်သားများသည် ညအချိန်တွင် ချုံကြားတွင် ပုန်းအောင်းနေပြီး လုံခြုံရေးတာဝန်ယူပေးခြင်းအပြင် တပ်သားများအား သယ်ယူပို့ဆောင်ခြင်းနှင့် ၎င်းတို့၏ တပ်စခန်းများကို ပြန်လည်မွမ်းမံခြင်းစသည့် စစ်လှုပ်ရှားမှုများကို ပိုမိုလုပ်ဆောင်လာသည်ကို ရွာသားများမှ သတိပြုမိခဲ့ခြင်းဖြစ်သည်။ ရွာသားများသည် ညဘက်တွင် ရော်ဘာခြံခြစ်ရန် ၎င်းတို့ရော်ဘာခြံထဲသို့ သွားသည့်အချိန်တွင် SAC စစ်သားများအား တွေ့ရတတ်သည်။[83] ဒေသခံရွာသားများမှ ကော်တရီမြို့နယ်၊ ကျောက်ခီးကျေးရွာရှိ ကဲခို့ဒေသတွင် သက်ကယ်ရွက်[84]များကို သွားကောက်လေ့ရှိသည်။ သို့သော် ရွာသားများမှ ကဲခို့ဒေသတွင် SAC စစ်သားများကို မြင်တွေ့ပြီးနောက် သက်ကယ်ရွက်များအား မသွားကောက်ရဲတော့ပေ။[85]
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဒူးပလာယာခရိုင်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်ပြီး ပထမဆုံးအစီရင်ခံစာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ ကော်တရီမြို့နယ်၊ ရေကျော်ကြီးကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာနှင့် ရွာသစ်ကုန်းကျေးရွာကြားရှိ တစ်နေရာတွင် KNLA တပ်မဟာ (၆) တပ်ရင်း (၁၈)၊ တပ်ခွဲ (၃)နှင့် SAC စကခ (၁၂) လက်အောက်ခံ ခလရ (၂၃၀)နှင့် ခလရ (၂၃)တို့အကြား တိုက်ပွဲများ ပထမဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ SAC စစ်သားများသည် KNLA ၏ ခွင့်ပြုချက်မရဘဲ KNU ကန့်သတ် နယ်မြေအတွင်း ဝင်ရောက်လာခဲ့သည်။ KNLA တပ်မဟာ (၆) ဗျူဟာမှူး၏ပြောကြားချက်အရ SAC မှ KNU ထိန်းချုပ်နယ်မြေများရှိ CDM နှင့် အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် ကျောင်း ဆရာ၊ဆရာမများနှင့် ဆရာဝန်များကို လာရောက်ရှာဖွေဖမ်းဆီးရန် KNU မြို့နယ်အုပ်ချုပ်ရေးမှူးကို ခေါ်၍ ပြောကြားခဲ့သည်။ သို့သော် KNU က ၎င်းတို့နယ်မြေအတွင်း ဝင်ရောက်ရှာဖွေဖမ်းဆီးရန် SAC အား ခွင့်ပြုချက် မပေးခဲ့ပေ။ အကယ်၍ ထိုသို့ဝင်ရောက်လာပါက တိုက်ပွဲများ ဖြစ်ပွားလာမည်ကို SAC အား သတိပေးခဲ့သည်။ သို့သော် ထိုသတိပေးမှုကို SAC မှ လျစ်လျူရှုခဲ့သည်။[86]
၂၀၂၁ခုနှစ်၊ မတ်လ ၂၆ရက်နေ့ ညနေတွင် SAC တပ်ဖွဲ့များမှ ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ ကော်နွဲ့ ကျေးရွာအုပ်စု၊ ဖဖ---ကျေးရွာတွင် လက်နက်ကြီးအများအပြား ပစ်ခတ်ခဲ့သည်။ ဒေသခံရွာသားတစ်ဦးနှင့် ၎င်း၏ (၅)နှစ်သားအရွယ် သားဖြစ်သူတို့သည် ၎င်းတို့၏နေအိမ်ရှေ့တွင် လက်နက်ကြီးတစ်လုံး ကျရောက်ပြီး ပေါက်ကွဲပြီးနောက် ၎င်းတို့၏ခြေထောက်များ ဒဏ်ရာများရရှိခဲ့သည်။ ၎င်းတို့အား ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူပြီးမကြာမီတွင် နေအိမ်သို့ ပြန်လည်နိုင်ခဲ့သည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံရွာသား များသည် ၎င်းတို့ဒေသတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောက်ရွံခဲ့သည်။ ထို့ကြောင့် ၎င်းတို့သည် တိုက်ပွဲများဖြစ်လာပါက အကာအကွယ်ရရှိရန်အတွက် အိမ်အောက်မှာ ကတုတ်ကျင်းများ တူးခဲ့ကြသည်။[87]
၂၀၂၁ခုနှစ်၊ ဧပြီလ ၃၀ရက်နေ့မှ စတင်၍ ရွာသားများသည် စစ်တပ်လှုပ်ရှားမှုများ ပို၍တိုးများလာသည်ကို သတိပြုမိခဲ့သည်။[88] ကော်တရီမြို့နယ်၊ တောနောမူထော့ဒေသရှိ သဝေါသောကျေးရွာတွင် အခြေစိုက်သော SAC စစ်သားများသည် ၎င်းတို့တပ်စခန်းမှ ဆုတ်ခွာပြီး စုကလိတပ်စခန်းမှ တပ်ဖွဲ့များနှင့် သွားရောက်ပူးပေါင်းခဲ့သည်။ တပ်ရင်းမှူးဖါယိုခေးဦးဆောင်သော DKBA တပ်ရင်း (၉၀၉) သည် သဝေါသောတပ်စခန်းသို့ သွားရောက်နေထိုင်ခဲ့ သည်။ ဧပြီလတွင် မောတူးတပ်စခန်းမှ SAC စစ်သားများသည် အူကလိထတွင်ရှိ သော SAC တပ်ဖွဲ့များနှင့် သွားရောက် ပူးပေါင်းပြီး ၎င်းတို့ရောက်ရှိနေသည့်အချိန်တွင် တောတစ်တောကို မီးရှိုခဲ့သည်။ အခုချိန်တွင် ထိုတောတွင် ဘာမှ မကျန်တော့ပေ။ ၂၀၂၁ခုနှစ်၊ မေလ ၁၉ရက်နေ့တွင် SAC တပ်ဖွဲ့များသည် ကြာအင်းဆိပ်ကြီးဆေးရုံကြီးနှင့် မနီးမဝေးတွင် မြေမြှုပ်မိုင်းတစ်လုံး တွေ့ရှိခဲ့သဖြင့် လုံခြုံရေးတိုးမြှင့်ကာ မြို့တွင်းသွားလာနေသော ဆိုင်ကယ်များနှင့်ကားများကို စစ်ဆေးခဲ့သည်။ SAC တပ်ဖွဲ့များမှ စစ်သားများ လိုက်ပါစီးနင်းသည့်ကားသုံးစီးကို ကျုံဒိုးမြို့နယ်၊ ထီးထဘောကျေးရွာသို့ ပို့ဆောင်ခဲ့သည်။ ဤကားများသည် စစ်ကားများမဟုတ်သလို စစ်သားများကလည်း ယူနီဖောင်းမဝတ်ထားသောကြောင့် ၎င်းတို့သည် SAC စစ်သားများ ဖြစ်ကြောင်း လူများကမသိကြပေ။
၂၀၂၁ခုနှစ်၊ ဇွန်လ ၁ရက်နေ့တွင် ကော်တရီမြို့နယ်တွင် BGF၊ SAC တပ်ဖွဲ့များနှင့် DKBA ခွဲထွက်အဖွဲ့တို့ ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံရွာသားများ အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးခဲ့ရသည်။[89] တိုက်ပွဲကြောင့် ကျေးရွာအများအပြား အပေါ် ဆိုးကျိုးသက်ရောက်မှုရှိခဲ့သည်။ အထူးသဖြင့် ကက---ကျေးရွာတစ်ရွာထဲတွင်သာ ရွာသားများ ၄၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထို့အပြင် တိုက်ပွဲအတွင်း လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုကြောင့် စာသင်ကျောင်းအပါအဝင် ရွာသားများ၏ နေအိမ်ဆယ်အိမ်ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။ တစ်ချို့သောရွာသား များသည် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သည်။ အခြားရွာသားများသည် ထိုင်း-မြန်မာနယ်စပ်ရှိ မြစ်ကမ်းပါးများနှင့် တောတောင်များတွင် ပုန်းရှောင်နေခဲ့ရသည်။ ထိုင်းဘက်ကမ်းသို့ မကူးနိုင်သော စစ်ဘေးရှောင်ရွာသားများသည် ထောက်ပံ့မှုတစ်စုံတစ်ရာ မရရှိခဲ့ပေ။ သို့သော် မြစ်ကိုဖြတ်၍ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသော ရွာသားများမှာ ၅၀၀ ဦးရှိသည်။ ထိုင်းနိုင်ငံရှိ ဒေသခံ CSO/CBOs များနှင့် ထိုင်းကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများ ပူးပေါင်း၍ ထိုစစ်ဘေးရှောင်ရွာသားများ ၅၀၀ အား အရေးပေါ်ထောက်ပံ့မှု ကူညီပေးခဲ့သည်။ ၎င်းတို့မှ အစားအ သောက်၊ အဝတ်အထည်၊ အိပ်ယာခင်း၊ စောင်၊ သောက်ရေသန့်၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် နှခေါင်းအုပ် mask များကို လက်ခံရရှိခဲ့သည်။ ၂၀၂၁ခုနှစ်၊ ဇွန်လ ၅ရက်နေ့တွင် စစ်ဘေးရှောင်ရွာသားများသည် ၎င်းတို့ နေရပ်သို့ ပြန်နိုင်ခဲ့သည်။
၂၀၂၁ခုနှစ်၊ ဇွန်လ ၂ရက်နေ့တွင် KNDO စစ်သားများမှ ကော်တရီမြို့နယ်၊ မောခီးကျေးရွာအုပ်စု၊ အ---ကျေးရွာရှိ SAC ရဲစခန်းအား တိုက်ခိုက်ပြီးနောက် KNDO နှင့် SAC တပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။[90] တိုက်ပွဲကြောင့် ဒေသခံရွာသားများ ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးခဲ့ရ သည်။ အ---ရွာသားများသည် ၂၀၀၉ ခုနှစ်တွင် တစ်ကြိမ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးနောက် ယခုအကြိမ်သည် ပထမဆုံးအကြိမ် ထပ်မံ ထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ် သည်။
၂၀၂၁ခုနှစ်၊ ဇွန်လ ၂ရက်နေ့၌ ကော်တရီမြို့နယ်၊ တောနော်မူထော့ဒေသရှိ ကနဲလေးကျေးရွာတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တဖန် ၂၀၂၁ခုနှစ်၊ ဇွန်လ ၄ရက်နေ့တွင် ဝေါရေးမြို့နယ်၊ ကလယ်တကူဒေသတွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။ ၂၀၂၁ခုနှစ်၊ ဇွန်လ ၆ရက်နေ့တွင် ကနဲလေးကျေးရွာတွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်။ ထို့အပြင် SAC ရဟတ်ယာဉ်များသည် ယေဘုယျအားဖြင့် ညနေပိုင်း သို့မဟုတ် ညဘက်တွင် နှစ်ရက်လျှင် တစ်ကြိမ် နယ်မြေများကို ကင်းထောက်လေ့လာခဲ့သည်။[91]
(ဃ) ကိုဗစ်-၁၉ရောဂါအခြေအနေ
စစ်တပ်အာဏာသိမ်းမှုကြောင့် KHRG မှ ကိုဗစ်-၁၉ရောဂါအခြေအနေနှင့်ပတ်သက်သည့် အစီရင်ခံစာအ နည်းငယ် သာလက်ခံရရှိခဲ့သည်။ အာဏာသိမ်းပြီးနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (MoHS) မှ ချက်ချင်း ဆိုသလိုပင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကို စစ်ဆေးခြင်းနှင့် အစီရင်ခံခြင်းတို့ကို ရပ်တန့်ခဲ့သည်။ အာဏာသိမ်းပြီး တစ်ပတ်အကြာတွင် တစ်နေ့လျှင် စမ်းသပ်မှု ၁၇၀၀၀ ကျော်မှ ၂၀၀၀ ခန့်အထိ ကျဆင်းသွားခဲ့သည်။ ဇန်နဝါရီလ နောက်ဆုံးတစ်ပတ်တွင် တစ်ရက်လျှင် ပျမ်းမျှ ကိုဗစ်လူနာ ၄၂၀ ဦး တွေ့ရှိခဲ့ပြီး ထိုအချိန်နှင့်နှိုင်းယှဉ်ပါက အာဏာသိမ်းပြီးနောက်တွင် ကိုဗစ်လူနာ လေးဦးသာ တွေ့ရှိခဲ့ရသည်။[92] ထို့အပြင် ရောဂါဖြစ်ပွားမှုများနှင့် ပတ်သက်သည့် ဒေသဆိုင်ရာအချက်အလက်များကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မတင်ပြနိုင် တော့ပါ။ မြေပြင်မှ လက်ခံရရှိသည့်အချက်အလက်များအရ ရောဂါကာကွယ်ထိန်းချုပ်စစ်ဆေးရေးဂိတ်များကို ဖျက်သိမ်းခဲ့ရသည်။[93] ရွာသားများသည်လည်း ကိုဗစ်ရောဂါထက် စစ်တပ်ကို ပို၍စိုးရိမ်ကြောက်ကြကြောင်း သိရှိခဲ့ရသည်။[94] ဖေဖော်ဝါရီလအလယ်လောက်တွင် ဒူးပလာယာခရိုင်ရှိ KHRG ကွင်းဆင်းလုပ်သားတစ်ဦးမှ ဤကဲ့သို့ တင်ပြခဲ့သည်။ "(ကိုဗစ်-၁၉) ရောဂါကူးစက်မှုနဲ့ပတ်သက်ပြီး ဘာမှမကြားရတော့ဘူး။ ရောဂါက ပျောက်ကွယ်သွားလားမသိဘူး။ အဲဒီကတည်းက ကျွန်တော်တို့လည်း ရောဂါကူးစက်ခံမှုအကြောင်းကို မကြားရတော့ဘူး။ လူတွေအားလုံးကလည်း ပုံမှန်လိုပဲ ကျန်းကျန်းမာမာပါပဲ။ ရွာတွေမှာဆို ရောဂါစစ်ဆေးရေး ဂိတ်တွေကို ပြန်ရုပ်သိမ်းတာတွေလည်း တွေ့နေရတယ်။ ကျေးရွာအုပ်စုတွေအတွင်းမှာလည်း အပူချိန်တိုင်း ကြည့်ပေးတဲ့ဂိတ်တွေလည်း မရှိတော့ဘူး။ ကွာရန်တင်းနေရာတွေ ကတော့ ဆက်လက်ရှိနေတုန်းပဲ။”[95]
ဇွန်လနှောင်းပိုင်းမှ ဇူလိုင်လအစောပိုင်းအထိ မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းဖြစ်ပွားနေသည့် သတင်းများ ထွက်ပေါ်လာခြင်း မရှိသေးပေ။ ထို့အတူ KHRG ကွင်းဆင်းလုပ်သားများမှ ဇူလိုင်လအထိ ကျေးလက်ဒေသများတွင် ရောဂါပျံ့နှံ့မှုနှင့်ပတ်သက်သည့်သတင်းအချက်အလက်များကို မတင်ပြသေးသောကြောင့် လက်ရှိ ဤအစီရင်ခံစာရေး သားပြုစုသည့်အချိန်ကာလ၏အပြင်ဘက်တွင် ရှိနေပါသည်။
အာဏာသိမ်းမှုမတိုင်မီတွင် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်တားဆီးရန်အတွက် ခရီးသွားလာမှုအား ကန့်သတ်ထား ခြင်းများကြောင့် ရွာသားများသည် စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ မူတြော်ခရိုင် ရှိမြေပြင်အခြေအနေများနှင့်ပတ်သက်ပြီး ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလတွင် KHRG ကွင်းဆင်း လုပ်သားတစ်ဦး၏ တင်ပြချက်အရ ကပ်ရောဂါကြောင့် ခရီးသွားလာမှုများအား ကန့်သတ်ခြင်းများကြောင့် ခရီးသွားခြင်း၊ ကုန်ရောင်းဝယ်ခြင်းနှင့် ဝယ်ယူရောင်းချခြင်းစသည့်ခက်ခဲသောအခြေအနေသို့ တွန်းပို့စေခဲ့သည်။ ထို့ကြောင့် ဒေသခံအာဏာပိုင်များသည် ရွာသားများအား စားနပ်ရိက္ခာများ ဝယ်ယူရန်အတွက် တစ်လလျှင် သုံးရက်သာ ခရီးသွားလာခွင့်ပြုခဲ့သည်။[96] ဤအစီရင်ခံစာရေးသားပြုစုနေသည့် ကာလတစ် လျှောက်လုံး သွားလာလှုပ်ရှားမှုအား ကန့်သတ်ခြင်းများ ဆက်လက်ရှိနေသော်လည်း ၎င်းအခြေအနေသည် အာဏာသိမ်းမှုနှင့် ပို၍ တိုက်ရိုက်ဆက်စပ်နေပြီး ဒေသခံပြည်သူများသည် ကိုဗစ်-ရောဂါကာကွယ်တားဆီး ရေးထက် မလုံခြုံသည့်အခြေအနေများကို ပို၍ စိုးရိမ်ကြောင့်ကြခဲ့သည်။
အပိုင်း(၂) - မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လူ့အခွင့်အရေးနှင့်လုံခြုံ ရေးအခြေအနေအား ခြုံငုံသုံးသပ်ချက်
(က) ရည်ရွယ်ချက်ရှိရှိ အရပ်သားများအပေါ် အကြမ်းဖက်ခြင်း
အာဏာသိမ်းပြီးနောက် ကျေးလက်နေဒေသများရှိအရပ်သားများကို အကြမ်းဖက်ခြင်းနှင့်ပတ်သက်သော အစီရင်ခံစာ အများအပြားကို KHRG မှ လက်ခံရရှိခဲ့သည်။ ထိုအကြမ်းမှုများတွင် အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းနှင့် ပစ်ခတ်ခဲ့ခြင်းများ ပါဝင်သည်။
မတ်လ ၃၀ရက်နေ့၌ ဝါ့ကလေတူတပ်စခန်းတွင် အခြေစိုက်သော SAC တပ်ဖွဲ့များသည် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ စောမူပလောဒေသရှိ စောညန---အား စနိုက်ပါသေနတ်ဖြင့် သုံးချက်ပစ်ခတ်ခဲ့သည်။ ဤ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အခြားသော အကြောင်းအရာများ လက်ခံရရှိခြင်းမရှိခဲ့ပေ။[97] ၂၀၂၁ခုနှစ်၊ ဧပြီလ ၂၉ရက်နေ့၌ SAC ခမရ (၄၀ရ)သည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ နန---ကျေးရွာတွင်နေထိုင်သော အသက်၃၈နှစ်အရွယ် ရွာသားတစ်ဦးဖြစ်သူ စောဒထ---အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ၎င်း၏ခေါင်းတွင် ကျည်ဆံတစ်လုံး ထိမှန်ခဲ့သည်။[98]
၂၀၂၁ခုနှစ်၊ မေလ ၂၈ရက်နေ့တွင် ခလယ်လွီထူးခရိုင်၊ မူးမြို့နယ်၊ ခခ---ကျေးရွာအုပ်စု၊ လလ---ရွာတွင် ကင်းလှည့်နေသော SAC စစ်သားများသည် အသက် (၃၆) နှစ်အရွယ် စောသသ---နှင့် အသက် (၂၇) စောဘဘ---ဖြစ်ကြသည့် ဒေသခံရွာသားနှစ်ဦးကို ပစ်ခတ်ခဲ့သည်။ ထိုရွာသားနှစ်ဦးသည် ၎င်းတို့၏လယ်ကွင်း၌ရှိသော တဲတစ်လုံးတွင်နေပြီး ဒူးရင်းသီးများ သွားကောက်မည့်အချိန်ကို စောင့်နေစဉ်အတွင်း ပစ်ခတ်ခံရခြင်းဖြစ်သည်။ ၎င်းတို့အနက် တစ်ဦးဒဏ်ရာရရှိခဲ့သည်။ စောသသ---၏ဒူးခေါင်းထိပ်တွင် ကျည်ဆန်ထိမှန်၍ ထွက် ပြေးနိုင်ခြင်း မရှိခဲ့ပေ။ စောဘဘ---ကို ရှာမတွေ့ခဲ့ကြပေ။ ဒေသခံရွာသားများမှ စောသသ---အသတ်ခံရခဲ့ကြောင်း ဒါမှမဟုတ် ၎င်းအား SAC စစ်သားများမှ ခေါ်ဆောင်သွားခဲ့ကြောင်း ယုံကြည်နေကြသည်။ စောဘဘ---၏ဖခင်က စောသသ---အား ဆေးကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် SAC စစ်သားများမှ စောသသ---သည် ဆက်လက်၍ဆေးကုသမှုခံယူရန်လိုအပ်ကြောင်း အကြောင်းပြ၍ ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြန်သည်။ ထိုအချိန်မှစ ၍ စောအ---၏သတင်းအကြောင်းကို မသိရှိရတော့ပေ။[99]
၂၀၂၁ခုနှစ်၊ ဧပြီလ ၂၃ရက်နေ့ ည (၈)နာရီခွဲတွင် ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်၊ ကျုံကွယ်ကျေးရွာအုပ်စု၊ တယ---ကျေးရွာမှ ဆယ်အိမ်မှူးဦးကင---သည် (ရိုးရာတိုင်းရင်းဆေးသမားတစ်ဦးလည်းဖြစ်သည်) ၎င်း၏ နေအိမ်တွင်ရှိ သည့်အချိန်တွင် အပစ်ခတ်ခံရသည်။ ဦးကင---သည် ၎င်းအိမ်တံခါးကိုလာခေါက်သည့်အသံကိုကြားရပြီး တံခါးသွားဖွင့်မည့်အချိန်တွင် ၎င်းအား သေနတ်ဖြင့်ခြောက်ချက်ပစ်ခတ်ခဲ့သည်။ သို့သော် ကျည်ဆံတစ်လုံးသာ ၎င်း၏ရင်ဘတ်တွင် ထိမှန်ခဲ့ပြီး သေဆုံးခဲ့သည်။ ချောင်းနှစ်ခွတွင်ရှိသည့် SAC ရဲတပ်သားများသည် ဦးကင---အား ပစ်ခတ်ခဲ့သည့်ကျည်ဆံများသည် ၎င်းတို့၏ကျည်ဆံမဟုတ်ကြောင်း ထွက်ဆိုခဲ့သည်။ ထို့ကြောင့် ဤအမှုသည် မဖြေရှင်းနိုင်ဘဲရှိနေသည်။ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF)[100] မှသော်လည်းကောင်း၊ SAC ရဲတပ်ဖွဲ့မှသော်လည်း ကောင်း ဤအမှုကို ဆက်လက်၍စုံစမ်းစစ်ဆေးခြင်းမရှိခဲ့ပေ။[101]
SAC တပ်ဖွဲ့မှ ရည်ရွယ်ချက်ရှိရှိ ရွာသားများကို ပစ်ခတ်ခဲ့သည့်အကြောင်းများကို KNLA အထွေထွေရုံးဌာန ချုပ်မှ အစီရင်ခံစာတင်ပြခဲ့ခြင်းလည်း ရှိခဲ့သည်။ ၂၀၂၁ခုနှစ်၊ ဧပြီလ ၈ရက်နေ့ မနက် (၆)နာရီ၊ ၃၇မိနစ်တွင် SAC ခမရ (၃၄၉)မှ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ လယ်မူပလောဒေသ၊ ပျာထကျေးရွာတွင်နေထိုင်သော ရွာသားတစ်ဦးဖြစ်သူ အသက် ၆၀အရွယ် စောဘူခီကို ပစ်သတ်ခဲ့သည်။[102] ၂၀၂၁ခုနှစ်၊ ဧပြီလ ၁၂ရက်နေ့တွင် ဒွယ်လိုးမြို့နယ်၊ လေးဖိုးထကျေးရွာအုပ်စု၊ ဝါ့သိုခိုကျေးရွာမှ ရွာသားနှစ်ဦး ခရီးသွားလာနေစဉ်တွင် SAC စကခ (၈)လက်အောက်ခံ ခမရ (၄၀၇)မှ ၎င်းတို့အား ပစ်သတ်ခဲ့သည်။ ထိုရွာသားနှစ်ဦးမှာ အသက် ၅၀ အရွယ် စောဖါခေးနှင့် အသက် ၃၅ အရွယ် စောညလေးတို့ဖြစ်ကြသည်။[103] ၂၀၂၁ခုနှစ်၊ ဧပြီလ ၁၂ရက်နေ့ ညနေ (၃)နာရီခွဲတွင် SAC စစ်သားများမှ လူသောမြို့နယ်၊ ခေပူကျေးရွာအုပ်စု၊ လယ်ဖိုးဒဲ ကျေးရွာတွင်နေထိုင်သော အသက် ၄၄ အရွယ် စောမောင်ဘိုအား ပစ်သတ်ခဲ့သည်။[104]
(ခ) အတင်းအဓမ္မခိုင်းစေခြင်း
လွန်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခကာလများအတွင်း အတင်းအဓမ္မခိုင်းစေမှုများရှိခဲ့သောကြောင့် ဒေသခံ ရွာသားများသည် စစ်တပ်အာဏာသိမ်းသည့်သတင်းကို ကြားသိရသောအခါ အဓမ္မလုပ်အားပေးခိုင်းစေမှုများ တဖန်ဖြစ်ပေါက်လာမည်ကို စိုးရိမ်ကြောက်ရွံ့ခဲ့သည်။ လက်တွေ့တွင် အဓမ္မလုပ်အားပေးခိုင်းစေမှုများသည် နေရာဒေသ အများအပြားတွင် ပေါ်ပေါက်လာခဲ့ပြီးဖြစ်သည်။
၂၀၂၁ခုနှစ်၊ မတ်လ ၃၀ရက်နေ့တွင် SAC စစ်ဗျူဟာအမှတ်(၂)မှ ဗိုလ်ကြီးစံမျိုးထိုက်အောင်သည် အမှိုက်များသယ်ယူရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ပေးရန်အတွက် ဒူးပလာယာခရိုင်၊ ဝေါ်ရေး (ဝင်းရေး) မြို့နယ်၊ လုရှမ်းကျေးရွာအုပ်စု၊ ခသ---ကျေးရွာတွင် အိမ်ထောင်စုတစ်စုလျှင် ရွာသားတစ်ဦး လာရောက်လုပ် ကိုင်ပေးရမည်ဟု ခိုင်းစေခဲ့သည်။ ထိုသို့မဟုတ်ပါက တစ်ဦးလျှင် ၃၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်သည်။[105]
ဧပြီလတွင် KHRG မှ အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့်ပတ်သက်ပြီး အစီရင်ခံစာနှစ်စောင် လက်ခံရရှိခဲ့သည်။[106] စစ်ဗျူဟာအမှတ် (၈) နှင့် (မောင်လှကြိုင် ဦးဆောင်သော) BGF တပ်ရင်း (၁၀၁၃)တို့မှ SAC နှင့် BGF စစ်သားများမှ ပေါ်တာလုပ်ဆောင်ပေးရန်အတွက် မူးတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်ရှိ ဖစ---၊ ကဆ---နှင့် သမ---ကျေးရွာတို့မှ ရွာသား (၂၅)ဦးကို တောင်းဆိုခဲ့သည်။ ဒေသခံရွာသားများသည် စစ်သားများအတွက် ပစ္စည်းများသယ်ယူရန် ကြောက်ရွံ့ခဲ့သည်။ ထို့ကြောင့် ၎င်းတို့အား အစားထိုးပေးရန်အတွက် ပိုက်ဆံများကိုကောက်ခံ၍ အခြားသူများကို ဌားယူပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးအား အကူအညီတောင်းခံခဲ့သည်။ သို့ဖြစ်၍ ထိုကျေးရွာသုံးရွာမှ ငွေကျပ် (၁,၂၅၀,၀၀၀) ကောက်ခံခဲ့သည်။ ဤအခြေအနေကြောင့် ဒေသခံ ရွာသားများသည် ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ထို့အပြင် ဗိုလ်ချစ်သူဦးဆောင်သော (တပ်ရင်းအမှတ် ၁၀၁၂)နှင့် ဗိုလ်မောင်ချစ် ဦးဆောင်သော (တပ်ရင်း ၁၀၁၄)တို့လက်အောက်ခံ BGF စစ်သားများသည် ဘူးသိုမြို့နယ်၊ မယ်ပရီကျေးရွာအုပ်စု၊ ဂအ---ကျေးရွာသို့ ချီတက်နေစဉ်အတွင်း ၎င်းတို့အတွက် လမ်းပြအနေဖြင့် အစ---ကျေးရွာမှ ရွာသားငါးဦးကို ခေါ်ယူခိုင်းစေခဲ့သည်။ KHRG ကွင်းဆင်းလုပ်သားတစ်ဦး၏တင်ပြချက်အရ အမှန်တကယ်တွင် BGF စစ်သားများသည် လမ်းပြပေးမည့်ရွာသားများကို မလိုအပ်ပေ။ BGF သည် KNLA မှ ၎င်းတို့အား တိုက်ခိုက်လာလျှင် ကာကွယ်ရန်အတွက် ရွာသားများကို လူသားဒိုင်းများအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။
၂၀၂၁ခုနှစ်၊ မေလတွင် (တပ်ရင်းမသိ) BGF စစ်သားများမှ ၎င်းတို့အတွက် လမ်းပြအနေဖြင့် လုပ်ဆောင် ပေးရန်သော် လည်းကောင်း၊ ပေါ်တာအဖြစ်လက်နက်ခဲယမ်းများနှင့် အခြားစစ်သုံးပစ္စည်းများကို သယ်ယူ ထမ်းဆောင်ပေးရန် သော်လည်းကောင်း ဒူးသထူခရိုင်၊ ဘားအံမြို့နယ်၊ မလ---ကျေးရွာသားများကို အမိန့် ပေးခိုင်းစေခဲ့သည်။[107]
(ဂ) မြေမြှုပ်မိုင်းများ
အာဏာသိမ်းပြီးနောက် SAC တပ်ဖွဲ့နှင့် KNLA တပ်ဖွဲ့နှစ်ဖွဲ့စလုံးမှ မြေမြှုပ်မိုင်းသစ်များကို ပို၍အသုံးပြုလာခဲ့သည်။ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်တွင် KNLA စစ်သားများသည် ၎င်းတို့နယ်မြေအတွင်း SAC တပ်ဖွဲ့မှ ဝင်ရောက်လာခြင်းမှ ကာကွယ်တားဆီးရန်အတွက် မြေမြှုပ်မိုင်းများကို ထောင်ထားခဲ့သည်။[108] ဧပြီလတွင် ဖာပွန်တွင် အခြေစိုက်သော SAC တပ်ဖွဲ့များသည် ဘူးသိုမြို့နယ်သို့ ချီတက်လာရာတွင် မြေမြှုပ်မိုင်းများကို ထောင်ထားခဲ့သည်။ ထိုသို့မြေမြှုပ်မိုင်း များထောင်ထားခြင်းကြောင့် ရွာသားများ၏တိရစ္ဆာန်များ (ဝက်များနှင့် ကျွဲများ) မြေမြှုပ်မိုင်းများနင်းမိပြီး သေဆုံးခဲ့ သည်။ KNLA နှင့် SAC စစ်သားများမှလည်း ၎င်းတို့ထောင် ထားသည့်မြေမြှုပ်မိုင်းများကို ပြန်လည်နင်းမိခဲ့ခြင်းလည်း ရှိသည်။
မူတြော်ခရိုင်၊ ဖာပွန်မြို့အနီးတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်စဉ်နှစ်ခု ဖြစ်ပွားခဲ့သည်။[109] ၂၀၂၁ခုနှစ်၊ ဇွန်လ ၂၀ရက်နေ့ နံနက် ၇း၁၅မိနစ်၌ ဒွယ်လိုးမြို့နယ်၊ အနောက်ဖက်ကမ်းကျေးရွာအုပ်စု၊ ဝဝ---ကျေးရွာတွင်နေ ထိုင်သည့် အသက် ၃၂နှစ်အရွယ်ရှိရွာသားတစ်ဦးသည် ၎င်း၏ခြံထဲသို့သွားပြီး အိမ်သို့ပြန်လာစဉ် မြေမြှုပ်မိုင်း နင်းခဲ့မိသည်။ ၂၀၂၁ခုနှစ်၊ ဇွန်လ ၂၂ရက်နေ့ ညနေ ၁း၃၀မိနစ်ခန့်၌ အနောက်ဖက်ကမ်းကျေးရွာအုပ်စု၊ ဝဝ---ကျေးရွာရှိ အသက် ၅၅နှစ်အရွယ် နန်းဂဂ---သည် ရွာ၏အပြင်ဖက်တွင် မှိုလိုက်လံရှာဖွေနေစဉ် မြေမြှုပ်မိုင်း တစ်လုံးအား တက်နင်းမိခဲ့သည်။ ဖြစ်စဉ်နှစ်ခုစလုံးတွင် ထိုရွာသားနှစ်ဦး၏ခြေထောက်တစ်ဖက်စီအား အ ဖြတ်ခံခဲ့ရသည်။ ဒေသခံရွာသားများမှ ၂၀၂၁ခုနှစ်အတွင်း ထိုမြေမြှုပ်မိုင်းများကို ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း ထင်မြင်ယူဆကြပါသည်။
တစ်ခါတစ်ရံတွင် KNLA စစ်သားများမှ ၎င်းတို့ထောင်ထားသည့်မြေမြှုပ်မိုင်းများရှိရာများတွင် မသွားလာရန် ရွာသားများအား အသိပေးအကြောင်းကြားခဲ့မျိုး ရှိခဲ့သည်။ သို့သော် ထိုအသိပေးမှုသည် စနစ်တကျ မရှိခဲ့ပေ။[110] ထို့အပြင် ထိုသို့သော သတိပေးမှုသည် မြေမြှုပ်မိုင်းကိစ္စရပ်များအား ဖြေရှင်းရန် မလုံလောက်ပေ။
ရွာသားများ စားဝတ်နေရေးအတွက် သွားရောက်လုပ်ကိုင်သည့်ဒေသများတွင် မြေမြှုပ်မိုင်းများထောင်ထား သည့်အတွက်ကြောင့် မြေမြှုပ်မိုင်းတည်ရှိမှုနှင့်ပတ်သက်ပြီး ရွာသားများအား သတိပေးသော်လည်း သက် ရောက်မှုမရှိပေ။ ဝဝ---ကျေးရွာသားများ မြေမြှုပ်မိုင်းများကို နင်းမိခဲ့သည့်ဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ရွာ သားများသည် စားဝတ်နေရေးအတွက် ခရီးသွားလာရန်လိုအပ်သည်။[111]
၂၀၂၁ခုနှစ်၊ ဇွန်လ ၁၉ရက်နေ့၌ KNLA မှ ကမမောင်းနှင့်ဖာပွန်မြို့ကြား လမ်းတစ်လျှောက်ရှိ မြေမြှုပ်မိုင်းများကို ရှင်းလင်းဖယ်ရှားရာတွင် ပါဝင်ခဲ့သည်။[112] သို့သော်လည်း နောက်ပိုင်းတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ ဇွန်လ ၁၆ရက်နေ့တွင် ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ဓဓ---ကျေးရွာတွင်နေ ထိုင်သော အသက်၄၆နှစ်အရွယ် ရွာသားတစ်ဦးဖြစ်သူသည် ဆွဲမိုင်းဝါယာကြိုးဖြတ်တိုက်မိ၍ ပေါက်ကွဲခဲ့ပြီး ၎င်း၏ရင်ဘတ်တွင် ဒဏ်ရာများရရှိခဲ့သည်။ ဒဏ်ရာပြင်းထန်သည့်အတွက် အခြားရွာသားများက ၎င်းအား ဆေးရုံ၍သို့ပို့ရန် အချိန် မမှီတော့သဖြင့် ၎င်း၏အိမ်သို့သာ ပြန်လည်ပို့ဆောင်ခဲ့နောက် သေဆုံးခဲ့သည်။ ထို နေ့တွင်လည်း ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စု၊ ဓန---ကျေးရွာမှ ရွာသားနှစ်ဦးသည် ဓဓ---ရွာသို့ ဆိုင်ကယ်စီးနင်း၍ ခရီးသွားရာတွင် ဆွဲမိုင်းဝါယာကြိုးကိုဖြတ်တိုက်မိ၍ ပေါက်ကွဲခဲ့ပြန်သည်။ သို့သော်လည်း ၎င်းတို့သည် ဆိုင်ကယ်ကို အရှိန်ဖြင့်မောင်းနှင်လာသည့်အတွက်ကြောင့် မိုင်းအစအနအနည်းငယ် ထိမှန်ခဲ့ပြီး ဒဏ်ရာအနည်းသာရရှိခဲ့သည်။ ဒဏ်ရာမပြင်းထန်သည့်အတွက် ၎င်းတို့သည် ဆေးရုံသို့သွား၍ ဆေးကုသမှုခံယူရန် မလိုအပ်ပေ။[113]
၂၀၂၁ခုနှစ်၊ ဧပြီလ ၅ရက်နေ့၌ ဖာပွန်မြို့မှ အရပ်သားတစ်ဦးသည် ဘူးသိုမြို့နယ်၊ နာကူခီးကျေးရွာအုပ်စု၊ နာ ကူထကျေးရွာ၊ ငါးအိမ်စုလမ်းဆုံတွင် အသစ်ထောင်ထားခဲ့သော မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိခဲ့သည်။ ထို့နောက် SAC မှ ၎င်းအား ဆေးကုသမှုခံယူရန်အတွက် ခမရ (၄၃၄)တပ်စခန်းတွင်ရှိသော ဆေးခန်းသို့ ပို့ဆောင်ခဲ့သည်။ ဒေသခံများသည် ထိုရွာသားမှ မည်မျှဒဏ်ရာရရှိခဲ့ကြောင်း မသိရှိခဲ့ရပေ။[114] ဇွန်လ ၂၉ရက် နေ့တွင် ဒွယ်လိုးမြို့နယ်၊ မာထောကျေးရွာအုပ်စု၊ ဓဆ---ကျေးရွာတွင်နေထိုင်သော အသက် ၁၀အရွယ် ယောင်္ကျားလေးတစ်ဦးသည် ဓဖ---ရွာနှင့်နန---ကျေးရွာကြား တစ်နေရာတွင် ဆွဲမိုင်းဝါယာကြိုးကိုနင်းမိ၍ ပေါက်ကွဲခဲ့ပြီး သူ၏ခေါင်း၊ မေးစေ့နှင့်ဗိုက် တွင် ဒဏ်ရာရရှိခဲ့သည်။[115] အာဏာသိမ်းပြီးနောက် KHRG မှ မူတြော်ခရိုင်တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အစီရင်ခံစာအများအပြားလက်ခံရရှိခဲ့သည်။
ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ ခဲကာခိုကျေးရွာအုပ်စု၊ ဓဃ---ကျေးရွာအနီးတွင် မြေမြှုမိုင်းပေါက်ကွဲမှုဖြစ် စဉ်တစ်ခုကိုလည်း လက်ခံရရှိခဲ့သည်။ မတ်လ ၁ရက်နေ့တွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံရွာသား နှစ်ဦးသေဆုံးခဲ့ပြီး အခြားသောရွာသားတစ်ဦးလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ ၎င်းရွာသားများသည် လယ်ဒိုမြို့တွင်လိုအပ်သည့်ပစ္စည်းများသွားဝယ်ရန် ခရီးသွားလာချိန်တွင် ၎င်းတို့ထဲမှ ရွာသားတစ်ဦး ဆိုင်ကယ်ဖြင့် စီးနင်းလာပြီး မြေမြှုပ်မိုင်းတစ်လုံးကို တိုက်မိ၍ ပေါက်ကွဲခဲ့သည်။ ဤမြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ယခုအချိန်တွင် ဒေသခံရွာသားများသည် ၎င်းတို့၏လယ်ယာခြံထဲများတွင် သွားလာလုပ် ကိုင်ရန် ကြောက်ရွံ့နေ ကြသည်။[116]
အာဏာသိမ်းမှုမဖြစ်ခင်တွင် အခြားသောမြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၈ရက်နေ့တွင် ဒူးသထူခရိုင်၊ သထုံမြို့နယ်၊ တမောဒေါကျေးရွာအုပ်စုတွင်နေထိုင်သော အသက် ၁၂နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးသည် မြေမြှုပ်မိုင်းတစ်လုံး နင်းမိခဲ့သည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သူ၏ဘယ်ခြေဖမိုး ပြဲထွက်သွားပြီး သူ၏ညာပေါင်တွင်လည်း ဒဏ်ရာရရှိခဲ့သည်။ သူသည် ဒေသခံဆေးခန်းတစ်လုံးတွင် သုံးပတ်ကြာ ဆေးကုသမှုခံယူပြီးနောက် ၎င်း၏ရွာသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ KNLA သည် ဒေသအတွင်း SAC တပ်ဖွဲ့မှ ဝင်ရောက်လှုပ်ရှားမှုများကို ပြန်လည်တုန့်ပြန်ကာကွယ်ရန်အတွက် ထိုမြေမြှုပ်မိုင်းကို ထောင်ထားခဲ့ခြင်း ဖြစ်သည်။[117]
(ဃ) ကျန်းမာရေး
စစ်တပ်အာဏာသိမ်းမှုသည် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုများအပေါ် ဆိုးကျိုး သက်ရောက်မှုရှိစေပါသည်။ အစိုးရကျန်းမာရေးဝန်ထမ်း အများအပြားမှ CDM လှုပ်ရှားမှုတွင် ပါဝင်လာသော ကြောင့် ဆေးရုံ၊ဆေးခန်းများတွင် ကျန်းမာရေးဝန်ထမ်းများလျော့နည်းလာပါသည်။ လက်နက်ကိုပဋိပက္ခနှင့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာမှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာခဲ့ပြီး ပြည်တွင်းစစ်ဘေးရှောင်ဒုက္ခ သည်များလည်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရရှိခဲ့ပေ။ ထို့အပြင် တစ်ချို့သောကျန်းမာရေး အဆောက်အဦးများလည်း ဖျက်ဆီးခံခဲ့ရသည်။ လုံခြုံရေးအခြေအနေကြောင့် ဆေးခန်းတော်တော်များများလည်း ပြောင်းရွှေ့ခံရပြီး အပိတ်ခံခဲ့ရခြင်းလည်းရှိခဲ့သည်။
၁) CDM လှုပ်ရှားမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ
အာဏာသိမ်းပြီးနောက်တွင် အစိုးရဆေးရုံများမှ သူနာပြုဆရာမများနှင့် ဆရာဝန်များအပါအဝင် မြန်မာအစိုး ရဝန်ထမ်းများသည် CDM လှုပ်ရှားမှုတွင် ပါဝင်လာခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ကျန်းမာရေး ဝန်ဆောင်မှုများ မလုံလောက်သောအခြေအနေသို့တွန်းပို့စေခဲ့သည်။ ဒူးသထူခရိုင်၊ ဘီးလင်း နှင့်သထုံမြို့နယ်များရှိ အစိုးရဆေးရုံများမှ ကျန်းမာရေးလုပ်သားများနှင့် ဆရာဝန်အများစုမှာ CDM တွင်ပါဝင်ခဲ့သည့်အတွက်ကြောင့် ဆေးရုံများ ပိတ်လိုက်ခဲ့ရသည်။ အဆိုပါဒေသများတွင် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများမှ ဦးစီးသည့် ပုဂ္ဂလိကနှင့် အစိုးရမဟုတ်သော ဆေးခန်းများသာ ဖွင့်လှစ်ထားပါသည်။ KDHW ဆေးခန်းများသည် ဖွင့်လှစ်ထား ပါသည်။ သို့သော် ထိုဆေးခန်းများတွင် လုံလောက်သော ဆေးဝါးထောက်ပံ့မှုမရှိသည့်အပြင် အရမ်းစိုးရိမ်ရသည့် ရောဂါများကို ကုသပေးနိုင်သည့်စွမ်းရည်လည်း မရှိပေ။[118] ထို့အတူ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို၊ လယ်မူလားနှင့် လယ်ဒိုစိုးမြို့နယ်များရှိ အစိုးရပြည်သူ့ ဆေးရုံများမှ သူနာပြုများနှင့် ဆရာဝန်များက အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် CDM တွင် ပါဝင်ခဲ့ကြသည့်အတွက်ကြောင့် ပြည်သူ့ဆေးရုံများလည်း ပိတ်ထားခဲ့ရသည်။ ပြည်သူ့ဆေးရုံများသည် နေ့စဉ်နေ့တိုင်း ဆက်လက်လည်ပတ်နိုင်ခြင်းရှိ၊ မရှိနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရှိရပါ။ ထို့ကြောင့် ဤအရာသည် ဖျားနာသူများနှင့် လူနာများအတွက် ဆေးကုသမှုရရှိရန် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့သည်။[119]
အာဏာသိမ်းမှုအား ဆန့်ကျင်သောသူများကို ပြန်လည်တုန့်ပြန်သည့်အနေဖြင့် SAC လုံခြုံရေးတပ်ဖွဲ့မှ CDM လှုပ်ရှားမှုနှင့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများကို ဖမ်းဆီးခြိမ်းခြောက်ခဲ့သည်။ SAC စစ်သားများမှ ဘားအံခရိုင်၊ လူပလယ်မြို့နယ်တွင် လာရောက်ဖမ်းဆီးသောကြောင့် ဒေသခံရွာသားအချို့က လူပလယ် မြို့ဆေးရုံရှိ ကျန်းမာရေးဝန်းထမ်းများအအတွက် လုံခြုံရေးတာဝန်ယူပေးနေရကြောင်း သတင်းရရှိခဲ့သည်။ ယခုအချိန်တွင် ထိုဆေးရုံတွင် သူနာပြုများနှင့် ဆရာဝန်များတစ်ဦးမျှမရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် SAC လုံခြုံရေးတပ်ဖွဲ့များလက်အောက်မှလွတ်ရန် ထွက်ပြေးပုန်းရှောင်နေရခြင်းဖြစ်သည်။ ထို့ကြောင့် လူပလယ် မြို့နယ်ရှိ ဒေသခံရွာသားများသည် ၎င်းတို့နေမကောင်းသည့်အချိန်တွင် ကျန်းမာ ရေးဝန်ဆောင်မှုများအား မရရှိကြ တော့ပေ။ ရွာသားများသည် နေမကောင်းဖြစ်ပြီးဆိုပါက အိမ်တွင်းကုသနည်းများကိုသာ အသုံးပြုခဲ့ကြသည်။ ဘားအံခရိုင်ရှိ KHRG ကွင်းဆင်းလုပ်သားတစ်ဦး၏ တင်ပြချက်များအရ အဆိုပါဒေသတွင် ကျန်းမာရေး ဝန်ဆောင်မှုများ မလုံလောက်သောကြောင့် လူအချို့ သေဆုံးခဲ့ရသည်။[120]
၂) လက်နက်ကိုင်ပဋိပက္ခကြောင့် ကျန်းမာရေးအပေါ် ထိခိုက်မှုများ
တစ်ချို့သောနယ်မြေဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများအပါအဝင် စစ်လှုပ်ရှားမှုများကြောင့် ကျန်းမာ ရေးအပေါ် ဆိုးရွာစွာထိခိုက်စေပါသည်။ KHRG ကွင်းဆင်းလုပ်သားများ၏အစီရင်ခံစာများအရ အရပ်သား ဒေသများတွင် စစ်ရေးပစ်မှတ်များ ခွဲခြားသတ်မှတ်ထားခြင်းမရှိဘဲ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိခဲ့ရသည်။ ၎င်းလုပ်ရပ်များကြောင့် ကျန်းမာရေးစောင့်ရှောက်မှုများတွင် မလုံခြုံမှုများ ဖြစ်ပေါ်စေခဲ့သည်။ ၂၀၂၁ခုနှစ်၊ မတ်လ အကုန်တွင် SAC လေတပ်ဖွဲ့သည် မူတြော်ခရိုင်ရှိ အရပ်သားဒေသများ၌ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ရာတွင် ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အဦးများကိုလည်း တိုက်ခိုက်ခဲ့သည်။[121] မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်မှ KHRG ကွင်းဆင်းလုပ်သားတစ်ဦး၏တင်ပြချက်အရ KDHW စီမံခန့်ခွဲသည့်တစ်ချို့သောဆေးခန်းများသည် လုံခြုံ သောနေရာများသို့ ပြောင်းရွှေ့ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် SAC ဒရုန်းများနှင့် ရဟတ်ယာဉ်များသည် နေ့ရောညပါ ကောင်းကင်တွင်ပျံဝဲပြီး နယ်မြေ အခြေအနေများအကြောင်းကို ကင်းထောက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
၂၀၂၁ခုနှစ်၊ ဧပြီလ ၁၉ရက်နေ့ညတွင် ကျန်းမာရေးဌာနမှညှိနှိုင်းရေးမှူးဖြစ်သူ စောညည---သည် KDHW ဆေးခန်းအား ကျောဖဒေသသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ၎င်းဆေးခန်းသည် ယခုအချိန်ထိ မူလနေရာသို့ ပြန်မပြောင်း နိုင်ခဲ့ပေ။ ကျန်းမာရေးဝန်ထမ်းများမှာလည်း ကြောက်ရွံ့မှုများနှင့် နေထိုင်နေရသည်။ အခြားသောဆေးခန်းများလည်း အခြားနေရာသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေပြီးဖြစ်သည်။ ထိုသို့သော အခြေအနေကြောင့် ဒေသခံရွာသားများသည် နေမကောင်းသည့်အခါ ဆေးခန်းသို့သွားရာတွင် အချိန်ကြန့်ကြာခဲ့သည်။ ထို့အပြင် ဖာပွန်ဆေးရုံတွင် ဆရာဝန်များ၊ သူနာပြုများ သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများ မရှိသောကြောင့် ဒေသခံရွာသားများသည် ဖာပွန်ဆေးရုံသို့ သွား၍ ဆေးကုသမှု မရနိုင်ပါ။ ဖာပွန်ဆေးရုံသည် မြန်မာအစိုးရဆေးရုံဖြစ်သောကြောင့် ကျန်းမာရေးဝန်ထမ်းများ CDM လှုပ်ရှားမှုတွင်ပါဝင်လာသည့်အတွက် ၎င်းဆေးရုံတွင် ကျန်းမာရေးဝန်ဆောင်မှုရရှိရန် အခက်အခဲများရှိလာသည်။ ရောဂါပြင်းထန်သော လူနာသည်များသည် ဆေးရုံတွင် ဆေးကုသမှုခံယူရန် သို့မဟုတ် KNLA စီမံခန့်ခွဲသည့် ဆေးခန်းတွင် ဆေးကုသမှုခံယူရန် လိုအပ်လာသောအခါ ဒေသခံဘုန်းကြီးများနှင့် ဘာသာရေးခေါင်းဆောင်များအား ဆက်သွယ် မေးမြန်းပြီး အကူအညီတောင်းခဲ့ရခြင်းလည်း ရှိခဲ့သည်။[122]
၂၀၂၁ခုနှစ်၊ ဧပြီလ ၂ရက်နေ့တွင် ဒူးသထူခရိုင်၊ သထုံမြို့နယ်၊ နဲဖောထကျေးရွာအုပ်စု၊ တလာအောဖိုးက လားကျေးရွာတွင် KNLA တပ်မဟာ (၁) တပ်ရင်းအမှတ် (၂)နှင့် SAC ခမရ (၄၀၆)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ပနွဲ့ကလားတပ်စခန်းမှ SAC စစ်သားများသည် ခမရ (၄၀၆)မှ ၎င်းတို့စစ်သားများကို ကူညီတိုက်ပေးရန်အတွက် လက်နက်ကြီး ၁၂၀ မမဖြင့် ကျေးရွာအနီးတစ်ဝိုက်တွင် ပစ်ခတ်ခဲ့သည်။ ထိုသို့ပစ်ခတ်မှုကြောင့် လက်နက်ကြီးအစအနများသည် အိမ်ခေါင်းမိုးနှင့် KDHW ဆေးခန်းနံရံကို ထိမှန်ပြီး ပျက်စီးမှုအများအပြားရှိခဲ့သည်။ ထိုအချိန်တွင် ဆေးခန်းတွင် ဆေးကုသမှုရရှိရန် ရောက်ရှိနေသည့် ဖါဘောကျေးရွာမှ အမျိုးသမီးတစ်ဦးသည် သူမ၏ကလေးကိုနို့တိုက်နေစဉ်အတွင်း သူ၏ကျောကုန်းကို လက်နက်ကြီးအပိုင်းအစ ထိမှန်ခဲ့သည်။ ထို့နောက် ဆေးခန်းတွင်ရှိသောကျန်းမာရေးဝန်ထမ်းများသည် ညဖက်တွင် ဆေးခန်းတွင်မနေရဘဲ ရွာအပြင်သို့သွားအိပ်စက်ခဲ့ရသည်။ ၎င်းတို့မှ လူနာများကို ဆေးကုသပေးရန်အတွက် နေ့အချိန်တွင်သာ ဆေးခန်း သို့ပြန်လာခဲ့သည်။[123]
၃) ကျန်းမာရေးစောင့်ရှောက်မှုများရရှိရန် မလုံလောက်ခြင်း
ဤအစီရင်ခံစားအား ရေးသားပြုစုနေစဉ်အတွင်း KHRG မှ IDP စစ်ဘေးရှောင်နေရာများနှင့် ဝေးလံလှသည့် နေရာများရှိ ရွာသားများသည် လုံလောက်သောကျန်းမာရေးစောင့်ရှောက်မှုများ မရရှိခဲ့ကြောင်း သတင်းအချက် အလက်များ လက်ခံရရှိခဲ့သည်။ ၂၀၂၁ခုနှစ်၊ မတ်လ ၁၀ရက်နေ့တွင် စစ်ဘေးရှောင်နေရာတစ်ခုတွင်ရှိသော လတ---ကျေးရွာဖြစ်သားတစ်ဦးဖြစ်သူ အသက် ၇၈နှစ်အရွယ် နော်ဆလ---သည် ကျန်းမာရေးစောင့်ရှောက် မှုအပြည့်အဝမရရှိခဲ့သောကြောင့် သေဆုံးခဲ့ရသည်။ သူမသည် ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ ခဲဒဲကျေးရွာအုပ်စု၊ ဆထ---ဒေသတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး သူမခံစားနေရသည့်ရောဂါဝေဒနာကို ကုသပေးရန် ကျန်းမာရေးစောင့် ရှောက်မှုမရရှိခဲ့ခြင်းဖြစ်သည်။[124]
ထို့အပြင် ဘိတ်-ထားဝယ်ခရိုင်ရှိ KHRG ကွင်းဆင်းလုပ်သားတစ်ဦးမှ တနောတရီမြို့နယ်မှ ကျေးလက်နေ ဒေသခံရွာသားများသည် ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် စိန်ခေါ်မှုများ ကြုံတွေ့နေရကြောင်း တင်ပြခဲ့သည်။ ကျန်းမာရေးစောင့်ရှောက်မှုများအား ရယူရန်လမ်းကြောင်းများ မတူညီသည့်အခြေအနေတွင် တစ်ချို့ သောရွာသား များသည် မယ်ဝကျေးရွာရှိ KHDW ဆေးခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှုကိုသာ မှီခိုအားထားရသလို အခြား သောရွာသားများသည် လက်ဖွားဆရာမများနှင့် ငှက်ဖျားစစ်ဆေးမှုကိရိယာစသည့်တို့ကို မြန်မာအစိုးရကျန်းမာ ရေးဝန်ဆောင်မှုများထံမှ ရယူကြသည်။ သို့သော်လည်း ဤနယ်မြေဒေသတွင်မြန်မာ အစိုးရနှင့် KNU တို့နှစ်ခုစလုံးမှ ပေးသောကျန်းမာရေးဝန်ဆောင်မှုများသည် လုံလောက်မှုမရှိပေ။ ရောဂါပြင်းထန်သည့်အခြေအနေနှင့်ရင် ဆိုင်ရပါက တနောတရီမြို့နယ်ရှိ ဒေသခံရွာသားများသည် လုံလောက်သောကျန်းမာရေးစောင့်ရှောက်မှုရရှိရန် ထားဝယ်မြို့ရှိ ဆေးရုံသို့ သွားကြရသည်။[125]
(င) ပညာရေး
၂၀၂၀ခုနှစ်အစောပိုင်းတွင် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် မြန်မာအစိုးရကျောင်းများ ပိတ်ခဲ့ရသည်။ ၂၀၂၁ ခုနှစ်၊ ပထမခြောက်လအတွင်းတွင် ဖေဖော်ဝါရီလ ၁ရက်နေ့မှ အာဏာသိမ်းမှုကြောင့် အစိုးအရကျောင်းများ ဆက်လက် ပိတ်ထားနေဆဲဖြစ်သည်။ ဇွန်လတွင် SAC မှ အစိုးရကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန်ကြိုးစားသော်လည်း CDM လှုပ်ရှားမှုနှင့် ကိုဗစ်-၁၉တတိယလှိုင်းဖြစ်ပေါ်မှုကြောင့် ကျောင်းပြန်လည်ဖွင့်လှစ်ရန် အဆင်မပြေခဲ့ပေ။ ဤသို့ အစိုးရကျောင်းများပိတ်ထားရသည့်အတွက်ကြောင့် KECD ကျောင်းများ (ယခုအချိန်ထိဖွင့်လှစ်) ကျောင်းသား၊ ကျောင်းသူများအပေါ် သက်ရောက်မှုရှိစေသည်။ SAC မှ KECD ကျောင်းများကို ပိတ်ပင်ရန် ဖိအားပေးမှု လည်းရှိခဲ့သည်။ စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ပညာရေးလက်လှမ်းမှီမှုအပေါ် ဆိုးကျိုး သက်ရောက်မှုများရှိသည်။ အဘယ်ကြောင့်ဆိုသော နေရာဒေသတော်တော်များများတွင် လက်နက်ကိုင်ပဋိပက္ခနှင့် တိုက်ပွဲများဖြစ်ပွားပြီး နေရပ်ရွှေ့ပြောင်းစေမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့်ဖြစ်သည်။
၁) အစိုးရကျောင်းများအပိတ်ခံရခြင်း
၂၀၂၁ခုနှစ်မှစ၍ တစ်ချို့ဒေသများတွင် မြန်မာအစိုးရကျောင်းများ ပိတ်ထားသည့်အတွက်ကြောင့် ကျောင်းသူ၊ ကျောင်းသားများသည် KECD ကျောင်းများသို့တက်ရောက်ရန် နာမည်စရင်းများလာသွင်းရာတွင် ပို၍များလာသည်။ ဤကဲ့သို့နာမည်စာရင်းများ ပို၍များလာသည့်အတွက် KECD ကျောင်းများတွင် အခက်အခဲ စိန်ခေါ်မှုများရှိလာခဲ့သည်။ ယခုအချိန်တွင် KECD ကျောင်းများတွင် ဆရာ၊ ဆရာများနှင့် ကျောင်းသုံးပစ္စည်းများ ပို၍လိုအပ်လာသည်။ ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုပေါ်ပေါက်လာသည့်အတွက် ၂၀၂၁-၂၀၂၁ ပညာသင်နှစ်တွင် အစိုးရကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် အဆင်မပြေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မြန်မာတစ်ဝှမ်းရှိ ကျောင်းဆရာ၊ ဆရာများသည် စစ်အစိုးရအတွက် တာဝန် မထမ်းဆောင်နိုင်သည့်အတွက်ကြောင့် ဖြစ်သည်။ SAC မှ အခြေခံမူလတန်းကျောင်းများကို ၂၀၂၁ခုနှစ်၊ ဇွန် လ ၁ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန် အမိန့်ပေးခဲ့သည်။ သို့သော် ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူအများစုသည် ကျောင်းတွင် ပြန်လာ၍ ပညာသင်ကြားပေးရန် ငြင်းဆိုခဲ့သည်။[126]
ဒူးသထူခရိုင်ရှိ KHRG ကွင်းဆင်းလုပ်သားများ၏တင်ပြချက်အရ KECD ကျောင်းများတွင် ပညာသင်ကြားရန် စာသင်ခန်းများမလုံလောက်သည့်အပြင် ဘော်ဒါဆောင်များတွင်လည်းကျောင်းသားသစ်များအတွက် နေရာထိုင်ခင်း များလုံလောက်မှုမရှိပေ။ အကယ်၍ ကျောင်းသား၊ ကျောင်းသူများအားလုံးကို ဆက်လက်၍ ပညာသင်ကြားပေးမည် ဆိုလျှင် ဆရာ၊ ဆရာများနှင့် ငွေကြေးထောက်ပံ့မှုများလည်း ပို၍လိုအပ်လာပါသည်။[127] ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတွင်း ဒူးသထူခရိုင်၊ သထုံမြို့နယ်၊ ဖါဝေါ်ကျေးရွာအုပ်စု၊ မဲတခီးကျေးရွာရှိ မဲတခီးကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများဦးရေ (၄၀၀)အထိများလာပါသည်။ ယခင်နှစ်က ကျောင်းသား၊ ကျောင်းသူဦးရေ ၁၀၀ သာရှိသည်။ ဤသို့ကျောင်းသား၊ ကျောင်းသူများဦးရေ များလာရခြင်းမှာ မြန်မာအစိုးရကျောင်းများ ပိတ်ထားသောကြောင့် ဖြစ်သည်။[128]
မူတြော်ခရိုင်မှ KHRG ကွင်းဆင်းလုပ်သားများသည်လည်း အလားတူပြဿနာများကို တင်ပြခဲ့သည်။[129] အခြားနေ ရာဒေသများကဲ့သို့ပင် ဒေသခံရွာသားအများအပြားသည် ၎င်းတို့၏သားသမီးများကို မြန်မာအစိုးရကျောင်းများသို့ ပို့ဆောင်ခဲ့ဖူးသည်။ သို့သော် အာဏာသိမ်းပြီးနောက် ၎င်းတို့၏သားသမီးများကို အစိုးရကျောင်းများသို့ပို့၍ ပညာသင်ကြားစေရန် ဆန္ဒမရှိတော့ပေ။ KECD ကျောင်းများတွင် ကျောင်းသူ၊ ကျောင်းသားများ နာမည်စာရင်း လာသွင်းမှု များပြားလာခြင်းကြောင့် KECD သည် ဆရာ၊ ဆရာမများ ပို၍ ခန့်အပ်ခဲ့ရပြီး များပြားလာသည့် စာသန်ခန်းများသာမက ပညာရေးအတန်းခွဲကိုလည်း တိုးချဲ့ခဲ့ရပါသည်။ (အချို့ ကျောင်းများတွင် လေးတန်းအထိသာ ရှိသည်။) ထို့ကြောင့် ယခုနှစ်တွင် ကုန်ကျမည့် ကုန်ကျစရိတ်များကို ကာမိစေရန်အတွက် ကျောင်းသားမိဘများအား တောင်းဆိုရာတွင် ကျောင်းသားမိဘများ မတတ်နိုင်၍ အခက်အခဲများရှိခဲ့သည်။[130]
KECD ကျောင်းများ ဆက်လက်၍ဖွင့်လှစ်နေသောကြောင့် အခြားပြဿနာများလည်း ရှိလာခဲ့သည်။ SAC စစ်တပ်နှင့် ၎င်းတို့နှင့်အတူပူးတွဲလုပ်ကိုင်သည့်လက်နက်ကိုင်တပ်ဖွဲ့များသည် KECD ကျောင်းများကို ပိတ်ပစ်ရန် ဖိအားပေးခဲ့ သည်။ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ မယ်သဲခီးကျေးရွာအုပ်စုတွင် တည်ရှိသော ထီးကျော် ခီး KECD ကျောင်းသည် ၂၀၂၁ခုနှစ်၊ ဇွန်လတွင် ဖွင့်လှစ်ရန် အစီအစဉ်ရှိခဲ့သည်။ သို့သော်လည်း BGF စစ်သားများမှ အစိုးရကျောင်းများ ပိတ်ထားသည့်အချိန်တွင် KECD ကျောင်းများက ဆက်လက်ဖွင့်လှစ်ထားသောကြောင့် ၎င်းတို့အား နှောက်ယှက်မှု ပေးသည်ဟု မယ်သဲခီးကျေးရွာအုပ်စုရှိ KECD ကျောင်းဆရာ၊ ဆရာမများအား ပြောခဲ့သည်။ ထို့နောက် BGF စစ်သားများသည် မယ်သဲခီးကျေးရွာအုပ်စု၊ ထီးကျော်ခီး ကျောင်းဆရာနှစ်ဦးအား ၎င်းတို့၏တပ်စခန်းတွင် လာရောက်တွေ့ဆုံရန် ခေါ်ဆိုခဲ့သည်။ မည်သည့်အကြောင်းအရင်းများကြောင့် ကျောင်းဆရာ၊ ဆရာမများအား ခေါ်ယူတွေ့ဆုံရကြောင်းကို မသိရှိခဲ့ရပါ။ BGF တပ်စခန်းသည် ကျေးရွာအနီးတွင် တည်ရှိနေသောကြောင့် ကျောင်းဆရာ၊ ဆရာမများသည် BGF ၏အမိန့်ကို မလိုက်နာပါက ၎င်းတို့၏လုံခြုံရေးအန္တရာယ်စိုးရိမ်ရပါသည်။ KECD ထီးကျော်ခီး အလယ်တန်းကျောင်းကို ၂၀၂၁ခုနှစ်၊ ဇွန်လတွင် စတင်ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ပေ။ သို့သော်လည်း ထိုကျောင်းကို ၂၀၂၁ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ဖွင့်လှစ်ရန် အစီအစဉ်ရှိခဲ့သည်။[131]
ဒူးပလာယာခရိုင်တွင်လည်း ထိုသို့သောအခြေအနေမျိုးနှင့်ပတ်သက်၍ သတင်းအကြောင်းအရာများ လက်ခံ ရရှိခဲ့ သည်။ ၂၀၂၁ခုနှစ်၊ မေလကတည်းက ရွာသားများသည် အစိုးရကျောင်းများပိတ်ပင်နိုင်ရေးအတွက် ဒေသခံကလေး ငယ်များအား ကျောင်းတက်၍ပညာသင်ကြားနိုင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် ကော်တရီမြို့နယ်၊ ကျောထကျေးရွာ အုပ်စု၊ မပ---ကျေးရွာအတွင်းရေးမှူးက ရွာသားများအား ပြောခဲ့သည်မှာ ရွာသားများသည် မြန်မအစိုးရကျောင်း များကိုပြန်လည်ဖွင့်လှစ်ရာတွင် ငြင်းဆိုခဲ့သည့်အတွက်ကြောင့် SAC စစ်တပ်မှ အကယ်၍ KECD ကျောင်းများဖွင့် လှစ်ရန်ကြိုးစားပါက ရွာသားများအပေါ် ဆိုးရွားသော တစ်စုံတစ်ရာ ပြန်လုပ်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် KECD ကျောင်းများ မဖွင့်လှစ်နိုင်ဘဲ ရှိနေသည်။ ကြာအင်းဆိပ်ကြီးမြို့အနီးရှိ စာသင်ကျောင်းများကို ၂၀၂၁ခုနှစ်၊ ဇွန်လတွင် ဖွင့်လှစ်တော့မည်ဖြစ်သည်။ ကျေးရွာများတွင်လည်း ကျောင်းများဖွင့်လှစ်ရန် အစီအစဉ်ရှိခဲ့သော်လည်း သေချာမှုမ ရှိပေ။[132] မူတြော်ခရိုင်ရှိ ဒေသခံများလည်း ဤကဲ့သို့သော ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရကြောင်း သိရှိခဲ့ရ သည်။[133]
၂) တိုက်ပွဲများနှင့် နေရပ်ရွှေ့ပြောင်းမှုများကြောင့် ပညာရေးအပေါ် ထိခိုက်မှုများ
KHRG လှုပ်ရှားရာနယ်မြေဒေသအများအပြားတွင် မလုံခြုံသည့်အခြေအနေများအပါအဝင် တိုက်ပွဲများနှင့် လက်နက်ကြီးပစ်ခတ်မှုများ များပြားလာသည့်အတွက် KECD ကျောင်းအချို့ကို ဆက်လက်ဖွင့်လှစ်ရန် စိန်ခေါ်မှုများ ရှိခဲ့သည်။ အာဏာသိမ်းပြီးနောက် မကြာမီတွင် ဤစိန်ခေါ်မှုပြဿနာများ စတင်၍ရှိလာခဲ့သည်။ ဖေဖော်ဝါရီလ အလယ်မှစ၍ SAC တပ်ဖွဲ့များမှ မူတြော်ခရိုင်၊ လူသောမြို့နယ်ရှိ KNU ထိန်းချုပ်နယ်မြေဒေသတော်တော်များများ တွင် ၎င်းတို့၏စစ်ဆင်ရေးများကို စတင်တိုးချဲ့လာခဲ့ပြီး ဒေသအတွင်း လှည့်လည်လှုပ်ရှားခြင်းများနှင့် လက်နက်ကြီး များ ရမ်းသန်းပစ်ခတ်မှုများကြောင့် ဒေသခံရွာသားများ အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့်အပြင် စာသင်ကျောင်းများကိုလည်း ပိတ်ထားခဲ့ရသည်။[134] မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်ရှိ အချို့သောစာသင်ကျောင်း များသည် ယခင်ကကဲ့သို့ ဖွင့်လှစ်နိုင်ခဲ့သော်လည်း လမ်းမကြီးအနီးတွင်တည်ရှိသော ဒေသခံကျေးရွာများအတွက် တည်ငြိမ်သောအခြေအနေ မရှိသေးပါ။[135]
ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ ခဲဒဲကျေးရွာအုပ်စုရှိ ဒဒ---၊ လတ---၊ ဒအ---၊ ဒမ---၊ ဒဓ---နှင့် ဒန--- ကျေးရွာများတွင်နေထိုင်သော ကျောင်းသား၊ ကျောင်းသူများမှာ ပညာဆည်းပူးလေ့လာရန် အခက်အခဲများရှိသည်။ KNLA နှင့် SAC တပ်ဖွဲ့တို့ကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ၎င်းတို့၏ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ၂၀၂၁ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာ ဏာသိမ်းပြီးကတည်းက လယ်ဒိုမြို့နယ်ရှိ ကျေးရွာများအနီးတွင် တိုက်ပွဲများနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပို၍ များပြားလာခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများသည် ၎င်းတို့ရွာကိုမပြန်နိုင်၍ ကျောင်းလည်း ကောင်းကောင်းမတက်နိုင်ခဲ့ပေ။[136] ဤကဲ့သို့အခြေအနေများကို ၎င်းတို့ကြုံတွေ့နေရသော်လည်း ရွာသားများ သည် ကျောင်းများ ဆက်လက်လည်ပတ်ရန် ကြိုးပမ်းခဲ့သည်။ ယခုအချိန်တွင် ရွာသားများသည် တောထဲတွင်ပုန်းရှောင် နေရသော်လည်း ဒန---မူလတန်းကျောင်း၊ ဒဒ---အလယ်တန်းကျောင်းနှင့် လတ---အလယ်တန်းကျောင်းများကို ဖွင့်လှစ်၍ ဆက်လက်လည်ပတ်နိုင်ခဲ့သည်။ ထို့အပြင် ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းကော်မတီဝင်များသည် စစ်ဘေးရှောင်ကလေးငယ်များ ပိုမိုကောင်းမွန်သည့် အခြေအနေအောက်တွင် ပညာသင်ကြားနိုင်စေရန်အတွက် ပုန်းရှောင်နေရသည့်နေရာများတွင် ယာယီကျောင်းများဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်။ ၂၀၂၁-၂၀၂၂ ပညာသင် နှစ်အတွက် ယာယီကျောင်းများကို ၂၀၂၁ခုနှစ်၊ ဇွန်လတွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။[137]
၃) အခြားသော ပြဿနာများ
ဘိတ်-ထားဝယ်ခရိုင်၊ တနောသရီမြို့နယ်၊ လေညာဘုတ်ပြင်းဒေသရှိ အချို့သောကျေးရွာသားများသည် KECD ကျောင်းများ တက်ရောက်ရန် ကြိုးပမ်းရာတွင် SAC စစ်ထောက်လှမ်းရေး၏နှောက်ယှက်မှုများကို ရင်ဆိုင်ကြုံတွေ့ ခဲ့ရသည်။ ၂၀၂၁ခုနှစ်၊ ဇွန်လ ၁၅ရက်နေ့တွင် စရဖ (စစ်ထောက်လှမ်းရေး)[138] အရာရှိ (၃)ဦး သည် ဘိတ်-ထားဝယ်ခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ချောင်ကဖဲကျေးရွာအုပ်စု၊ ဃဃ---ကျေးရွာသို့ ဝင်ရောက်လာ၍ KECD ကျောင်းတက်နေသော ကလေးများအား ရွာသို့ ပြန်လာရန် ခိုင်းစေခဲ့သည်။ ၎င်းတို့မှ ကရင်ကျောင်းတက်နေသော ကလေးများသည် KNLA စစ်သားဖြစ်လာမည်ဟု ကြားသိရခြင်းကြောင့် ရွာသားမျာအား ပြောခဲ့သည်။ ထို့ကြောင့် ရွာကိုလာရောက်၍ စစ်ဆေးနေရသည်ဟု ဆိုသည်။ တနောသရီမြို့နယ်၊ စဘ---ကျေးရွာအုပ်စု၊ စဘ---ကျေးရွာရှိ အချို့သော မိဘများသည် ၎င်းတို့သားသမီးများကို စစ်တပ်အုပ်ချုပ်သည့်ကျောင်းသို့ မပို့လိုသောကြောင့် ၎င်းတို့ကလေးများအတွက် ကျောင်းမအပ်ရသေးပဲ ရှိနေခြင်းဖြစ်သည်။ ထိုအတွက်ကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးမှ ရွာသားများသည် နိုင်ငံတော်ကိုဆန့်ကျင်သောအားဖြင့် ဒဏ်ငွေရိုက်မည်ဟုပြောဆို၍ ဒေသခံရွာသားများကို ခြိမ်းခြောက်ခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးကတည်းက SAC မှ အချို့သောကျေးရွာအုပ်ချုပ်ရေးမှူးကို ခန့်အပ်ခဲ့ပြီး ၎င်းတို့ကိုယ်စား တာဝန်ထမ်းဆောင်နေရခြင်းဖြစ်သည်။[139]
(စ) စားဝတ်နေရေး
၂၀၂၁ခုနှစ်ပထမနှစ်ဝက်အတွင်း မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများသည် အလွန်ဆိုးရွားသည့် အသက်မွေး ဝမ်းကြောင်းဆိုင်ရာပြဿနာများကို ရင်ဆိုင်ခဲ့ရကြောင်း KHRG မှ အစီရင်ခံစာ ရေးသားထုတ် ဝေခဲ့ပြီးဖြစ်သည်။ KHRG လှုပ်ရှားရာနယ်မြေအတွင်းနေထိုင်ကြသည့် ရွာသားများသည် ၎င်းတို့၏စားဝတ်နေရေးအတွက် အများအားဖြင့် လယ်ယာ၊ စိုက်ပျိုးခြံ သို့မဟုတ် ဥယျာဉ်ခြံလုပ်ငန်းများအပြင် ငါးဖမ်းခြင်း၊ တိရစ္ဆာန်မွေးမြူခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်း၊ သို့မဟုတ် မီးသွေးနှင့် အခြားထွက်ကုန်များ ရောင်းချခြင်း သို့မဟုတ် ရောင်းဝယ်ခြင်းနှင့် နေ့စားအလုပ်မျိုးစုံကို လုပ်ကိုင်ကြသည်။ ပထမကိုဗစ်လှိုင်းတွင် ထိုသို့သောအလုပ်အကိုင်များအပေါ် သက်ရောက်မှု ရှိစေသည်သာမက စစ်တပ်အာဏာသိမ်းမှုကြောင့် စီးပွားရေးစနစ်များကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သည်။ တိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ရေးလှုပ်ရှားမှုများကြောင့် မလုံခြုံသည့်အခြေအနေများ ပို၍ဖြစ် ပေါ်လာပြီး စားဝတ်နေရေးအခက်အခဲများလည်း များပြားလာခဲ့သည်။ ရွာသားများသည် အာဏာသိမ်းမှုနှင့် ကိုဗစ် ကပ်ရောဂါအခြေအနေများကို ရင်ဆိုင်နေရသည့်အပြင် ရာသီဥတုအခြေအနေကြောင့်လည်း စားဝတ်နေရေး အခက် အခဲများ ကြုံတွေ့ခဲ့ရသည်။ ဥပမာအားဖြင့် မူတြော်ခရိုင်ရှိ အချို့သောရွာသားများမှ ၎င်းတို့သည် ရာသီဥတု ဖောက်ပြန်မှုများကြောင့် ဆန်စပါးအထွက်နှုန်းမှာ ယခင်ကထက် ပို၍နည်းနေသည်ဟု တင်ပြခဲ့သည်။[140]
၁) စီးပွားရေးကျဆင်းခြင်း
အာဏာသိမ်းပြီးနောက်ပိုင်း စားသောက်ကုန်များနှင့် လောင်စာဆီစသည့် လိုအပ်သော ကုန်ပစ္စည်းများ၏ ဈေးနှုန်းများသည် သိသိသာသာ မြင့်တက်လာခဲ့သည်။ ထို့အပြင် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော မတည်ငြိမ်မှုများသည် လုပ်ငန်းဈေးကွက်တစ်ခုလုံးကို ထိခိုက်စေခဲ့သည်။ အာဏာသိမ်းပြီးကတည်းက အလုပ်စက်ရုံ အများအပြားပိတ်ထားရပြီး နိုင်ငံခြားစီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီမြှုပ်နှံမှု မရှိသောကြောင့် အလုပ်သမားအနည်း ငယ်သာကျန်ရှိတော့သည်။ စီးပွားရေးကျဆင်းပြိုလဲမှုကြောင့် မြို့ပြဒေသမှာတွင်သာမက ကျေးလက်ဒေသများ တွင်လည်း အလုပ်အကိုင်ရရှိရေးအပေါ် သက်ရောက်မှုရှိခဲ့သည်။ မြေယာပိုင်ဆိုင် မှုများရရှိရန်ကြုံတွေ့ရသည့် အခက်အခဲများနှင့် အခြားစားဝတ်နေရေးအခက်အခဲများကြောင့် ကျေးလက်နေ ဒေသခံပြည်သူအများစုသည် သာမန်လက်လုပ်လက်စား သို့မဟုတ် နေ့စားလုပ်သားများအဖြစ် လုပ်ကိုင်ခဲ့ကြရသည်။
ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်းဈေးကွက်ကိုလည်း ထိခိုက်စေခဲ့သည်။ မြိတ်မြို့တွင်နေထိုင်သော ပြည်သူတစ်ဦးမှ ဤကဲ့သို့တင်ပြခဲ့သည်။ “ရွာသားတွေဟာ စိုက်ပျိုးရေးလုပ်ကိုင်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့သီးနှံထွက် ကုန်တွေကို ရောင်းမထွက်ခဲ့ဘူး။ ကုန်သည်တွေလည်း သီးနှံထွက်ကုန်တွေကို ဝယ်ယူဖို့ပိုက်ဆံလည်း မရှိတော့ဘူး။ (…) စီးပွားရေးသမားတွေနဲ့ ဒေသခံပြည်သူတွေဟာ ခက်ခဲတဲ့အခြေအနေမျိုးနဲ့ကြုံတွေ့နေရ တယ်။”[141] အာဏာသိမ်းမှုနှင့် ကိုဗစ်ကပ်ရောဂါအခြေအနေတွေကြောင့် စားသောက်ကုန်များနှင့် လောင်စာဆီစသည့် လိုအပ်သည့် အခြေခံကုန် ပစ္စည်းများ၏ဈေးနှုန်းမြင့််တက်လာခဲ့အတွက်ကြောင့် အထူးသဖြင့် ဆင်းရဲမွဲတွေမှုနှင့် ရုန်းကန်နေရသည့်ပြည်သူလူထု များသည် အစာရေစာပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။[142] စားသောကုန်ဈေးများမြင့်တက်လာခြင်းနှင့် စားဝတ်နေရေးဖူလုံမှုမရှိခြင်းကြောင့် ဒေသခံပြည်သူများသည် ထောက်ပံ့မှုလမ်းကြောင်းများကို ပို၍မှီခိုလာရသည်။ သို့သော် ထိုထောက်ပံ့မှုတို့မှာ လုံလောက် မှုမရှိပေ။ ဤသို့အရာများကြောင့် ဆင်းရဲမွဲတေမှု ပို၍များပြားလာပြီး အကယ်၍ အရပ်သားအစိုးရ မပေါ် ပေါက်လာပါက အနာဂတ်ဖွံ့ဖြိုးရေးကိုလည်း ထိခိုက်စေလိမ့်သည်။
၂) SAC နှင့် BGF တို့မှ သယ်ယူပို့ဆောင်ရေးအား ကန့်သတ်ခြင်းနှင့် မတရားအခွန်ကောက်ခံခြင်း
ဤအစီရင်ခံစာအား ရေးသားပြုစုနေစဉ်ကာလအတွင်း ဘိတ်-ထားဝယ်ခရိုင်၊ တနေသရီမြို့နယ်ရှိ ရွာသားများသည် SAC ဌာနများမှ မတရားအခွန်ကောက်ခံမှုများကို ရင်ဆိုင်နေခဲ့ရသည်။ ကျွန်းပေါ်တွင် နေထိုင်ပြီး တံငါသည်လုပ်ငန်းအဖြစ် လုပ်ကိုင်ခြင်း သို့မဟုတ် မီးသွေးဖုတ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများသည် မတရားဒဏ်ကြေးပေးဆောင်ရန် သို့မဟုတ် မြန်မာ့တပ်မတော် ရေတပ်အတွက် လောင်စာဆီဝယ်ပေးရန် လိုအပ်ကြောင်း မြန်မာစစ်ထောက်လှမ်းရေးအဖွဲ့မှ တောင်းဆိုထားသည်။[143] တနောသရီမြို့နယ်ရှိ ကျေးလက်ဒေသ များတွင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြသော ရွာသားများသည် မတရားအခွန်ပေးဆောင်ရန် တနော်သရီမြို့နယ် နယ်ခြားတွင် အခြေစိုက်သော မြန်မာ့စစ်ထောက်လှမ်းရေး၊ မြန်မာနိုင်ငံသစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် SAC စစ်တပ်စသည့် SAC ဌာနများမှ တောင်းဆိုခဲ့သည်။[144]
မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ပရီနှင့် ထီးသဒေါထကျးရွာအုပ်စုများရှိ ရွာသားများမှ BGF တပ်ဖွဲ့အား မတ ရားအခွန်များပေးဆောင်ရန် အတင်းအကြပ်ခိုင်းစေခံရကြောင်း တင်ပြခဲ့သည်။ ၂၀၂၁ခုနှစ်၊ ဇွန်လအစောပိုင်းတွင် BGF တပ်ရင်းအမှတ် (၁၀၁၄) သည် ပွယ်လိုကလိုးမြစ်ကမ်းတစ်လျှောက်တွင် စစ်ဆေးရေးဂိတ်များချထား၍ မြစ်ကြောင်းတစ်လျှောက် ခရီးသွားလာနေသည့် စက်လှေများကို “အခွန်” အဖြစ် ကျပ်ငွေ ၂၀၀၀ ပေးဆောင်ရပြီး စက်လှေသမားများမှလည်း ခရီးသွားထောက်ခံစာကိုလည်း ယူဆောင်လာရသည်။ (ထောက်ခံစာ တစ်စောင်လျှင် ၃၀၀၀ မှ ၅၀၀၀၀ ကျပ် ကုန်ကျသည်။)[145]
ဒူးသထူခရိုင်ရှိ ရွာသားများမှ ရိက္ခာသယ်ယူပို့ဆောင်ရာတွင် KNLA နှင့် BGF တပ်ဖွဲ့တို့မှ ကန့်သတ်ချက်များ ချမှတ်ထားကြောင်း တင်ပြခဲ့သည်။ ၂၀၂၁ခုနှစ်၊ မေလတွင် KNLA မှ ရွာသားများအား ကျေးရွာအုပ်စု အာဏာပိုင်များထံမှ ခွင့်ပြုချက်စာမရှိဘဲ ဆန်အမြောက်အမြား သယ်ယူခြင်းမပြုရန် တားမြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းဆန်များနှင့် အခြားပစ္စည်းများသည် မူတြော်ခရိုင်ရှိ SAC တပ်ဖွဲ့များထံသို့ ရောက်ရှိသွား မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် BGF လည်း ရွာသားများမှ ဆန်သယ်ယူခွင့်ကိုလည်း တားမြစ်ထားသည့်အတွက် ရွာသားများအတွက် အခြေအနေ ဆိုးရွားစေသည်။ ရွာသားများမှ ခွင့်ပြုချက်စာရှိ သော်လည်း BGF မှ တားမြစ်ကန့်သတ်ထားသည်။[146]
၃) စစ်ရေးလှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသည့်ထိခိုက်မှုများ
တိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အထူးသဖြင့် မူတြော်ခရိုင် နှင့် ကလယ်လွီထူခရိုင်တွင်သာမက ဒူးသထူခရိုင်နှင့် ဒူးပလာယာခရိုင်များရှိ တစ်ချို့သောနေရာဒေသများတွင်းလည်း နေရပ်ပြောင်းရွှေ့မှုများ ပို၍များပြားလာခဲ့သည်။ ရွာသားများသည် ထွက်ပြေးတိမ်းရှောင်နေရမှု မဖြစ်ခင်တွင် စားစရာများနှင့်လိုအပ်သည့်ပစ္စည်းများ သယ်ယူသွားရန် ပြင်ဆင်မှုများအနည်းငယ်သာ လုပ်နိုင်ခဲ့သည်။[147] ရွာသားများသည် နေရပ်ပြောင်းရွှေ့နေရစဉ်အတွင်း စားဝတ်နေရေးစိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့ရခဲ့ရသည်။ ထို့မျှမက နေရပ်ပြောင်းရွှေ့ခံရသောရွာသားများသည် ၎င်းတို့လယ်ယာတွင် သွားရောက် လုပ်ကိုင်နိုင်ခြင်းမရှိသည့် အတွက်ကြောင့် လာမည့်ဇွန်လနှင့်ဇူလိုင်လအတွင်း စပါးစိုက်ပျိုးချိန်မတိုင်မှီတွင် လယ်ယာစပါးခင်းတွင် လိုအပ်သည့် ရှင်းလင်းမှုများ မလုပ်နိုင်တော့ပေ။[148]
မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်ရှိရွာသားများသည် အလုပ်အကိုင်ဆုံးရှုံးခြင်း၊ ခရီးသွားလာမှုများ ပိတ်ပင်ကတ် သန့်ခြင်း နှင့် မတရားအခွန်ကောက်ခံခြင်းများကို ရင်ဆိုင်နေရသည့်အပြင် ၎င်းတို့လယ်ယာများတွင် သွား ရောက်လုပ်ကိုင်ရာ တွင် SAC စစ်သားများမှ ၎င်းတို့အား ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းနှင့် ပေါ်တာအဖြစ် ခိုင်းစေမည်ကိုလည်း ကြောက်ရွံ့နေ ရကြောင်း တင်ပြခဲ့သည်။ အဘယ်ကြောင့်ဆိုသော် SAC စစ်သားများများသည် ရွာသားများလုပ်ကိုင်စိုက်ပျိုးသည့် မြေယာဒေသအနီးရှိလမ်းများတွင် နေရာယူလှုပ်ရှားနေသည့်အပြင် ၎င်းတို့စခန်းများလည်း ရွာသားများ၏ လယ်ယာအနီးတွင် တည်ရှိနေသောကြောင့်ဖြစ်သည်။ အခြားသော ရွာသားများသည် မြေမြှုပ်မိုင်းများ တည်ရှိနေသောကြောင့် ၎င်းတို့လယ်ယာ၊ စိုက်ပျိုးခြံများတွင် လုပ်ကိုင်ရာတွင် အလွန်အန္တရာယ်ရှိကြောင်း တင်ပြခဲ့ သည်။ ဘူးသိုမြို့နယ်မှ ရွာသားများသည် ဆက်လက်ဖြစ်ပွားနေသည့်တိုက်ပွဲများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ နောက်ထပ်ဖြစ်ပေါ်လာနိုင်သည့် လေကြောင်းတိုက်ခိုက်မှု များ၊ (မယ်ညူ၊ ဘူးအားဒဲ၊ ခေါပူ၊ မယ်ကလော၊ ပါဟဲ၊ မယ်ကူ၊ မယ်မွဲ၊ ဒေးဝါး၊ ကျော်ပါ၊ မယ်ပရီနှင့် ထီးသဒေါ့ထကျေးရွာအုပ်စုများသည် လေကြောင်း တိုက်ခိုက်မှုဖြစ်ပေါ်နိုင်သည့်ဒေသများဖြစ်သည်။) မြေမြှုပ်မိုင်းအန္တရာယ်များ၊ နှင့် လယ်ယာမြေများတွင် ရှိနိုင်သည့် UXO များ တည်ရှိနေသောကြောင့် ၎င်းတို့လယ်ယာခြံမြေများတွင် သွားရောက်လုပ်ကိုင်ရန်လုံခြုံမှုမရှိကြောင်းလည်း တင်ပြခဲ့သည်။[149]
ဘူးသိုမြို့နယ်မှ ရွာသားများသည် SAC မှ ဒရုန်းများနှင့် ရဟတ်ယာဉ်များကိုအသုံးပြု၍ မြေပြင်အခြေအနေအား ကင်းထောက်နေမှုအပေါ် ကြောက်ရွံ့နေပြီး ၎င်းတို့လယ်ယာစိုက်ပျိုးခြံများတွင် သွားလာလုပ်ကိုင်ရန် အဆင်မပြေ ကြောင်းကိုလည်း တင်ပြခဲ့သည်။[150] မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မာထောကျေးရွာအုပ်စုရှိ ရွာသားများသည် လွန်ခဲ့သည့်လအနည်းငယ်တွင် ကမမောင်းမြို့နှင့် ဖာပွန်မြို့ကြားလမ်းမတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် ကြောင့် မြို့ထဲသို့ စားစရာများသွားဝယ်ယူ၍ မရဲပေ။[151]
SAC တပ်ဖွဲ့များသည် လုယက်ခိုးယူခြင်း၊[152] ပစ္စည်းဥစ္စာသိမ်းယူခြင်း၊[153] အတင်းအဓမ္မငွေ ကောက်ခံခြင်း နှင့်[154] ဒေသခံပိုင်ဆိုင်မှုများအားဖျက်စီးခြင်း[155] စသည့် လူ့အခွင့်အရေးချိုးဖောက်များကို ကျူးလွန်နေသည့် အတွက်ကြောင့် ရွာသားများ၏စားဝတ်နေရေးအခြေအနေကို ပို၍ ဆိုးရွားစေခဲ့သည်။[156] ထို့အပြင် KHRG လက်ခံရရှိသည့် သတင်းအချက်အလက်များအရ ၂၀၂၁ခုနှစ်၊ မတ်လနှင့်ဇွန်လတွင် ဘိတ်-ထားဝယ်ခရိုင်၊ ပ---ဒေသသို့ ထွက်ပြေးတိမ်းရှောင်လာသည့် တစ်ချို့သော CDM ပါဝင်သူများသည် ၎င်းတို့၏လစာများ မရရှိသည့်အပြင် စားဝတ်နေရေးအခက်အခဲများနှင့်ရင်ဆိုင်ကြုံတွေ့နေရခဲ့သည်။[157] ထိုမျှမက အထူးသဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်လာသူများသည် (၎င်းတို့သည် မိသားစုအတွက် အဓိကဝင်ငွေရှာကြသူများဖြစ်သည်။) လစာများမရရှိတော့ဘဲ ၎င်းတို့နှင့် ၎င်းတို့မိသားစုဝင်များအတွက် အခက်အခဲများဖြစ်စေခဲ့သောကြောင့် အချို့သောမိသားစုဝင်များသည် စားဝတ်နေရေးစိန်ခေါ်မှုများကို ပို၍ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

ဤပုံကို ၂၀၂၁ခုနှစ်၊ မတ်လ ၉ရက်နေ့၌ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့အနီး အာရှလမ်းဘေးတွင် ရိုက်ယူခဲ့သည်။ ပုံတွင် ရွာသားများမှ စစ်အစိုးရကိုဆန့်ကျင်ဆန္ဒပြနေသော ပုံကို ပြထားပါသည်။ (ဓာတ်ပုံ - KHRG)

KHRG မှ ဤပုံကို ၂၀၂၁ခုနှစ်၊ မတ်လ ၈ရက်နေ့တွင် လက်ခံရရှိခဲ့သည်။ ပုံတွင် ဘိတ်-ထားဝယ်ခရိုင်၊ လယ်ဒို စိုးမြို့နယ်၊ ကမိုသွေးကျေးရွာအုပ်စုမှ ရွာသား ၁၀၀၀ ခန့်သည် စစ်အစိုးရကိုဆန့်ကျင်ဆန္ဒပြနေသော ပုံကိုပြထားပါသည်။ KNLA စစ်သားများမှ ရွာသားများအား ဝန်းရံပေးနေပါသည်။ (ဓာတ်ပုံ - ရွာသားတစ်ဦး)

ဤပုံကို ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ရက်နေ့၌ ဘိတ်-ထားဝယ်ခရိုင်၊ တနောသရီမြို့တွင် ရိုက်ယူခဲ့သည်။ တကဲ့ဒေသမှ ရွာသားများသည် ဘိတ်-ထားဝယ်ခရိုင်၊ တနောသရီမြို့တွင် စစ်အာဏာသိမ်းမှုကို ဆန္ဒပြနေပါသည်။ (ဓာတ်ပုံ - KHRG)

ဤပုံကို ၂၀၂၁ခုနှစ်၊ ဧပြီလ ၁၀ရက်နေ့၌ မူတြော်ခရိုင်၊ လူသောမြို့ နယ်၊ ပေကေးကျေးရွာအုပ်စု၊ ဒေ့ပူနို့ဒေသတွင် ရိုက်ယူခဲ့သည်။ ပုံတွင် ၂၀၂၁ခုနှစ်၊ မတ်လ ၂၈ရက်နေ့တွင် SAC လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေ့ပူနို့အထက်တန်းကျောင်း ပျက်စီးခဲ့ရသော ပုံဖြစ်သည်။ ဤကျောင်းသည် ၂၀၁၇ခုနှစ်တွင် တည်ဆောက်ပြီး မကြာမှီက ဖွင့်လှစ်ခဲ့သောကျောင်းဖြစ်သည်။ ကျောင်းအဆောက် အဦး၊ အိမ်သာများနှင့် ကျောင်းပစ္စည်းများအားလုံးပျက်စီးခဲ့ သည်။ (ဓာတ်ပုံ - KHRG)

ဤပုံကို ၂၀၂၁ခုနှစ်၊ ဧပြီလ ၈ရက်နေ့၌ ဒေ့ပူနို့ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ပုံတွင် ၂၀၂၁ခုနှစ်၊ မတ်လ ၂၇ရက် နေ့တွင် SAC လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ၊ နေအိမ်များနှင့် ရွာပတ်ဝန်းကျင်များ ပျက်စီးခဲ့ရသည်။ (ဓာတ်ပုံ - KHRG)

KHRG မှ ဤပုံကို ၂၀၂၁ခုနှစ်၊ ဧပြီလ ၁၉ရက်နေ့တွင် လက်ခံရရှိခဲ့ သည်။ ပုံကို လူသောမြို့နယ်၊ ပေကေးကျေးရွာ အုပ်စု၊ အဘ---ကျေးရွာတွင် ရိုက်ယူခဲ့သည်။ ပုံတွင် လေ ကြောင်းတိုက်ခိုက်မှု ကြောင့် ရွာသားတစ်ဦး၏ဆိုင်ကယ် ပျက်စီးသွားပြီး ကျန်ရှိနေ သောပုံကို ပြထားပါသည်။ (ဓာတ်ပုံ - KHRG)

ဤပုံကို ၂၀၂၁ခုနှစ်၊ ဧပြီလတွင် ရိုက်ယူခဲ့သည်။ ပုံတွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ရက်နေ့တွင် SAC လေကြောင်း တိုက်ခိုက်မှုတွင် SAC စစ်လေယာဉ်မှ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ပေကေး ကျေးရွာအုပ်စုတွင် ကြဲချလိုက်သည့် ဗုံး၏အခွံဖြစ်သည်။ (ဓာတ်ပုံ - KHRG)

KHRG မှ ဤပုံကို ၂၀၂၁ခုနှစ်၊ ဧပြီလ ၁၉ရက်နေ့တွင် လက်ခံရ ရှိခဲ့သည်။ ပုံတွင် ဒေ့ပူနို့ဒေသတွင် လေယာဉ် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့်ရွာသားတစ်ဦး၏ပုံ ဖြစ်သည်။ အခြားရွာသား များနှင့်အတူ ထိုရွာသားလည်း တောထဲတွင်ပုန်းရှောင်နေရပြီး သင့်တင့်လုံလောက်သော ကျန်းမာရေးကုသမှုနှင့် နေရာထိုင်ခင်း များ မရရှိကြပေ။ (ဓာတ်ပုံ - KHRG)

KHRG မှ ဤပုံကို ၂၀၂၁ခုနှစ်၊ ဧပြီလ ၁၉ရက်နေ့တွင် လက်ခံရရှိခဲ့ သည်။ ပုံတွင် ၂၀၂၁ခုနှစ်၊ မတ်လ ၂၇ရက် နေ့၌ SAC လေကြောင်း တိုက်ခိုက်မှုပြုလုပ်ပြီးနောက် မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ပေကေးကျေးရွာအုပ်စုမှရွာသားများသည် နောက်ထပ်လေ ကြောင်းတိုက်ခိုက်မှု ဖြစ်ပွားမည်ကို ကြောက်ရွံ့၍ ပုန်းရှောင်နေ သောပုံဖြစ်သည်။ ပထမလေကြောင်းတိုက်ခိုက်မှုတွင် ကျေးရွာ ပေါင်း ၁၅ ရွာမှ ရွာသား ၂၄၉၀ ဦး ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ပုံကို ပြထားသည်။ (ဓာတ်ပုံ - KHRG)

ဤပုံကို ၂၀၂၁ခုနှစ်၊ ဧပြီလ ၉ရက်နေ့၌ မူတြော်ခရိုင်၊ လူသော မြို့နယ်၊ ပေကေးကျေးရွာအုပ်စု၊ ဒေ့ပူနို့ဒေသတွင် ရိုက်ယူခဲ့သည်။ ပုံတွင် SAC လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်း ရှောင်နေရသော ဒေ့ပူနို့ရွာသားများ ဆောက်လုပ်ထားသော ယာယီတဲအိမ်ဖြစ်သည်။ (ဓာတ်ပုံ - KHRG)

ဤပုံကို ၂၀၂၁ခုနှစ်၊ မေလ ၁ရက်နေ့၌ မူတြော်ခရိုင်၊ ဒွယ်လိုး မြို့နယ်၊ မဲသူးကျေးရွာအုပ်စု၊ အခ---ကျေးရွာတွင် ရိုယ်ယူခဲ့ သည်။ ပုံတွင် SAC စစ်ဂျက်လေယာဉ်တစ်စီးသည် မူတြော် ခရိုင် တွင်ပျံဝဲပြီး မြေပြင်အခြေအနေကို ကင်းထောက်နေသောပုံကို ပြ ထားပါသည်။ (ဓာတ်ပုံ - ရွာသားတစ်ဦး)

အထက်ပါပုံကို တတ--- ကျေးရွာနှင့် ထိုင်းနိုင်ငံကြား နယ်စပ် တွင် နေထိုင်သော စစ်ဘေးရှောင်ရွာသားတစ်ဦးမှ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂ရက်နေ့တွင် ရိုက်ယူခဲ့သည်။ ကော်တရီမြို့နယ်၊ တတ---ကျေးရွာမှ တစ်ချို့သောရွာသားများသည် ၎င်းတို့ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားသောကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်။ ပုံတွင် ရွာသားများမှ ထိုင်းနိုင်ငံသို့ တိမ်းရှောင်ရန် ဝေါ်လေမြစ်ကို ဖြတ်ကူးနေသောပုံဖြစ်သည်။ ကိုဗစ်-၁၉အခြေအနေကြောင့် စစ်ဘေးရှောင်ရွာသားများသည် ထိုင်းနိုင်ငံရှိရွာထဲသို့ ဝင်လာ၍မရခဲ့ပေ။ သို့သော် မြစ်ကမ်း ဘေးနားတွင်သာ နေထိုင်ခွင့်ရှိခဲ့သည်။ (ဓာတ်ပုံ-ဒေသခံရွာသား တစ်ဉီး)

ဤပုံကို ၂၀၂၁ခုနှစ်၊ ဧပြီလ ၇ရက်နေ့၌ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်၊ ယောကဒေါကျေးရွာအုပ်စု၊ ဟေ ဒေးတကုကျေး ရွာတွင် ရိုက်ယူခဲ့သည်။ ပုံတွင် ကျေးရွာ၏ အဝင်ဝတွင် အစွန့်ပစ်ခံရသော ကိုဗစ်-၁၉ စစ်ဆေးရေး ဂိတ်၏ပုံကို ပြထားပါသည်။ (ဓာတ်ပုံ - KHRG)

ဤပုံကို ၂၀၂၁ခုနှစ်၊ ဧပြီလ ၇ရက်နေ့၌ ဒူးပလာယာခရိုင်၊ ကော်တရီမြို့နယ်၊ တောင်ကလေးကျေးရွာတွင် ရိုက်ယူခဲ့သည်။ ပုံတွင် မြေပေါ်တွင် ပျံ့ကျဲနေသော ကိုဗစ်-၁၉ အသိပညာပေး ပိုစတာများ ဖြစ်သည်။ ဒေသ ခံရောဂါစစ်ဆေးရေးလည်း ဖျက်ဆီး ခံခဲ့ရသည်။ (ဓာတ်ပုံ - KHRG)

ဤပုံတွင် ၂၀၂၁ခုနှစ်၊ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ အ နောက်ဖက်ကမ်းကျေးရွာအုပ်စု၊ ဝဝ---ကျေးရွာတွင် နေထိုင် သော ရွာသားတစ်ဦးသည် သူမ၏ကျေးရွာအနီးတွင် မြေမြှုပ် မိုင်းနင်းမိပြီးနောက် ဒဏ်ရာရှိခဲ့ပုံကို ပြထားပါသည်။ သူမ၏ ဒဏ်ရာ အလွန်ပြင်းထန်သောကြောင့် ညာခြေထောက် တစ်ဖက် အဖြတ်ခံခဲ့ရသည်။ (ဓာတ်ပုံ - ရွာသားတစ်ဦး)

, 
အထက်ပါပုံများကို ၂၀၂၁ခုနှစ်၊ မတ်လ ၂ရက်နေ့၌ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်တွင် ရိုက်ယူခဲ့သည်။ ပုံများတွင် လယ်ဒိုမြို့နယ်၊ ခဲဒဲကျေးရွာအုပ်စုရှိ ဒဒ---၊ လတ---၊ ဒဃ---၊ ဒအ---၊ ဒရ---နှင့် ထယ---ကျေးရွာများတို့မှ စစ်ဘေးရှောင်ရွာသားများကို ပြထားပါသည်။ ဝဲဖက်ရှိပုံတွင် စစ်ဘေးရှောင်ကလေးများသည် ၎င်းတို့ထွက်ပြေးတိမ်းရှောင်သည့်တောထဲတွင် စာမေးပွဲ ဖြေဆိုနေသောပုံဖြစ်သည်။ ယာဖက်ပုံတွင် စစ်ဘေးရှောင်ကလေးများ ညဖက်တွင် လက်နှိပ်ဓာတ်မီးကိုအသုံးပြု၍ စာလေ့လာနေ သောပုံဖြစ်သည်။ (ဓာတ်ပုံများ - Forum Asia မှ ဝန်ထမ်းတစ်ဦး)