Karen Human Rights Group

KNU တပ်မဟာ (၆) မှာ စစ်ကောင်စီတပ်နဲ့ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေ (ရုပ်သံ)

Embedded thumbnail for KNU တပ်မဟာ (၆) မှာ စစ်ကောင်စီတပ်နဲ့ နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေ (ရုပ်သံ)
Sat, 26 Mar 2022

 

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင် တပ်မဟာ (၆) စုကလိမြို့အနီးက ထီးကပလာကျေးရွာမှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ပြင်းထန်နေသလို စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ မြေပြင် သတင်းပေးပို့ချက်အရ သိရပါတယ်။

ထီးကပလာကျေးရွာမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းယူဖို့ လာရောက်စဉ် စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံး လေးလုံးကြဲပြီး လေယာဉ်ပေါ်ကနေ စက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် အနီးနားကျေးရွာက ဒေသခံတွေ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ထုတ်ပြန်ထားပါတယ်။