
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ - ကရူတူးမြို့နယ်တွင် SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံး၊ ဒဏ်ရာ ရရှိခြင်း
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့၌ ည (၁၂)နာရီခန့်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ) အမှတ် (၁၂) လက်အောက်ခံဖြစ်သော ခြေလျင်တပ်ရင်း (ခလရ) အမှတ် (၉၇)နှင့် အမြောက်တပ် (၃၂၁) တို့သည် ကရူတူးမြို့နယ်၊ လောက်ကိုင်ကျေးရွာအုပ်စု၊ ယ---ကျေးရွာအတွင်းသို့ လက်နက်ကြီး များရမ်းသမ်းပစ်ခတ်ခဲ့ပြီး ရွာသားနှစ်ဦးအား ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ထိုရွာသားနှစ်ဦးမှာ စောဆ---(၁၉နှစ်)နှင့် ဦးဒ---(၈၇နှစ်)တို့ဖြစ်ကြ သည်။ စောဆ---သည် သူ၏ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်။ ဦးဒ---သည်လည်း သူ၏ခြေ ထောက်တွင် ဒဏ်ရာရရှိခဲ့ သည်။ ဦးဒ--၏ဒဏ်ရာသည် အနည်းငယ်ပြင်းထန်သောကြောင့် ဆေးကုသမှုရရှိရန်အတွက် ၎င်းအား ကရူတူးမြို့နယ်၊ ဝင်းကကျေးရွာအုပ်စု၊ အအ---ဆေးခန်းသို့ ပို့ဆောင်ခဲ့သည်။
၂၀၂၃ခုနှစ်၊ မတ်လ - ကရူတူးမြို့နယ်တွင် SAC လက်နက်ကြီးပစ်ခတ်မှုနှင့် အရပ်သားတစ်ဦးအား ပစ်သတ်မှု
၂၀၂၃ခုနှစ်၊ မတ်လ ၂၅ရက်နေ့၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များသည် ဒူးပလာယာခရိုင်၊ ကရူတူးမြို့နယ်၊ ကရူတူးမြို့ရှိ SAC ရဲစခန်းအား ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် ကရူတူးမြို့ရှိ အရပ်သားပြည်သူများသည် ၎င်းတို့၏အိမ်ထဲတွင် ပိတ်မိနေပြီး အပြင်သို့ထွက်ရန်ကြောက်ရွံ့နေကြသည်။
ကျွန်းကလေးတပ်စခန်းတွင် အခြေစိုက်သော စကခ (၁၂) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၅၄၆) သည် (ကရူတူးမြို့နယ်အတွင်းရှိ) ကျေးရွာများသို့ လက်နက်ကြီး (၁၂၀ မမ)အား ရမ်းသမ်းပစ်ခတ်ခဲ့သည်။ ပစ်ခတ်လိုက် သောတစ်ချို့လက်နက်ကြီးများသည် ကရူတူးမြို့နယ်၊ ကော့ဝါလယ်ကျေးရွာအုပ်စု၊ ဈ---ကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး လက်နက်ကြီးအစအနသည် အသက် (၁၅)နှစ်အရွယ်ရှိသော စောဃ---၏လည်ပင်းအား ထိမှန်၍ ပွဲချင်း ပြီး သေဆုံးသွားခဲ့သည်။
မနက် (၈း၃၀)မိနစ်အချိန်တွင် အရပ်သားတစ်ဦးဖြစ်သော စောအ---သည် (၂၃ နှစ်) လူသားချင်းစာနာထောက်ထားမှု စိတ်ဓာတ်ဖြင့် ကရူတူးမြို့သို့သွား၍ မြို့တွင်းပိတ်မိနေကြသည့်ပြည်သူများကို သောက်သုံးရေများ လိုက်ဝေပို့ပေးခဲ့ သည်။ တိုက်ပွဲကြောင့် မြို့တွင်းပိတ်မိနေသည့်ပြည်သူများကို သောက်သုံးရေများ လိုက်ဝေနေစဉ်အတွင်း SAC စစ်သား တစ်ဦးသည် စောအ---အား ပစ်သတ်သွားခဲ့သည်။
(SAC ရဲစခန်းအား တိုက်ခိုက်ခံရသည့်အတွက်ကြောင့်) ကျွန်းကလေးတပ်စခန်းတွင် အခြေစိုက်သော စကခ (၁၂) လက် အောက်ခံ ခမရ (၅၄၆) သည်လည်း စစ်ကူအနေဖြင့် KNLA နှင့် PDF စစ်သားများ၏တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် အတွက် ကရူတူးမြို့သို့ လက်နက်ကြီးများအား ရမ်းသမ်းပစ်ခတ်ခဲ့သည်။ ဤလက်နက်ကြီးပစ်ခတ်မှုကြောင့် ကရူတူးမြို့ ရှိ အရပ်သားနေအိမ် (၃၉)လုံး ထိခိုက်ပျက်စီးသွားခဲ့ပြီး အရပ်သားများလည်း လက်နက်ကြီးအစအနများ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့ကြသည်။
ကရူတူးမြို့နယ်၊ ကရူတူးမြို့၊ အမှတ် (၂) ရပ်ကွက်တွင် အရပ်သားပြည်သူ (၆)ဦးအား လက်နက်ကြီးအစအနများ ထိမှန် ပြီး ဒဏ်ရာရရှိခဲ့သည်။
|
စဉ် |
နာမည် |
အသက် |
ဆေးကုသမှုခံယူသည့်ဆေးရုံ |
|
၁ |
ဦးဖ--- |
၄၄ နှစ် |
သာယာကုန်း၊ ကျုံးဒိုးဆေးရုံ |
|
၂ |
ဒေါ်ဂ--- |
၄၀ နှစ် |
သာယာကုန်း၊ ကျုံးဒိုးဆေးရုံ |
|
၃ |
မောင်ဟ--- |
၅ နှစ် |
သာယာကုန်း၊ ကျုံးဒိုးဆေးရုံ |
|
၄ |
ဦးဧ--- |
၆၅ နှစ် |
သာယာကုန်း၊ ကျုံးဒိုးဆေးရုံ |
|
၅ |
ဦးသ--- |
၅၅ နှစ် |
ကွက်သစ်တောင်ကလေးဆေးရုံ |
|
၆ |
က--- |
၄၀ နှစ် |
ကမ်းနားတောင်ကလေးဆေးရုံ |
ကရူတူးမြို့နယ်၊ ကရူတူးမြို့၊ အမှတ် (၃) ရပ်ကွက်တွင် အရပ်သားပြည်သူ (၁)ဦးအား လက်နက်ကြီးအစအန ထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။
|
စဉ် |
နာမည် |
အသက် |
ဆေးကုသမှုခံယူသည့်ဆေးရုံ |
|
၁ |
လ--- |
၄၀ နှစ် |
တောင်ကလေးဆေးရုံ |
ကရူတူးမြို့နယ်၊ ကရူတူးမြို့၊ အမှတ် (၄) ရပ်ကွက်တွင် အရပ်သားပြည်သူ (၉) ဦးအား လက်နက်ကြီးအစအနများ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။
|
စဉ် |
နာမည် |
အသက် |
ဆေးကုသမှုခံယူသည့်ဆေးရုံ |
|
၁ |
ဦးမ--- |
၆၅ နှစ် |
ဘားအံမြို့၊ တောင်ကလေးဆေးရုံ |
|
၂ |
ဒေါ်န--- |
၆၀ နှစ် |
ဘားအံမြို့၊ တောင်ကရင်စုဆေးရုံ |
|
၃ |
မောင်ဝ--- |
၆ နှစ် |
ဘားအံမြို့၊ တောင်ကရင်စုဆေးရုံ |
|
၄ |
မပ--- |
၄၈ နှစ် |
ဘားအံမြို့၊ တောင်ကရင်စုဆေးရုံ |
|
၅ |
ကိုခ--- |
၃၅ နှစ် |
ဘားအံမြို့၊ တောင်ကရင်စုဆေးရုံ |
|
၆ |
ဦးရ--- |
၅၄ နှစ် |
ဘားအံမြို့၊ တောင်ကရင်စုဆေးရုံ |
|
၇ |
မောင်စ--- |
၄၅ နှစ် |
ဘားအံမြို့၊ တောင်ကရင်စုဆေးရုံ |
|
၈ |
မောင်တ--- |
၉၂ နှစ် |
ဘားအံမြို့၊ တောင်ကရင်စုဆေးရုံ |
|
၉ |
ဦးဗ--- |
၅၀ နှစ် |
မောင်လမြိုင်ဆေးရုံ |
၂၀၂၃ခုနှစ်၊ မတ်လ ၂၆ရက်နေ့ မနက် (၁၀)နာရီခန့်တွင် ကျွန်းကလေးတပ်စခန်းတွင် အခြေစိုက်သော စကခ (၁၂) လက် အောက်ခံ ခမရ (၅၄၆) သည် (နောက်တစ်ဖန်) ကရူတူးမြို့သို့ (၁၂၀ မမ) လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ပြီး အသက် (၆၇)နှစ်အရွယ်ရှိသော ဒေါ်ဘ---အား ထိမှန်ပြီး (အလွန်ပြင်းထန်စွာ) ဒဏ်ရာရရှိခဲ့သည်။ ဒေါ်ဘ---အား လက်နက်ကြီးအစအနများ ထိမှန်၍ဒဏ်ရာရရှိပြီး တစ်ချိန်တည်းမှာပင် ဆေးကုသမှုခံယူရန်အတွက် သူမအား ကရူတူး ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ သို့သော်လည်း ဒေါ်ဘ---သည် နှလုံးရောဂါအခံရှိပြီး အခုလိုပြင်းထန်စွာ ဒဏ်ရာရရှိသော ကြောင့် ဆေးရုံတွင် ကွယ်လွန်သွားခဲ့သည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှ ၂၆ရက်နေ့အထိ ကရူတူးမြို့နယ်တွင် SAC လက်နက်ကြီးပစ်ခတ်မှုကြောင့် စုစုပေါင်းရွာ သားများ (၁၆) ဦးဒဏ်ရာရရှိခဲ့ပြီး (၂) ဦးသေဆုံးခဲ့သည်။ ထို့အပြင် SAC မှ ရွာသားတစ်ဦးကို ကရူတူးမြို့ထဲ တွင် ပစ်သတ်ခဲ့သည်။