Karen Human Rights Group

ဒူးသထူခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - မြန်မာစစ်တပ်မှ ဘီးလင်းမြို့နယ် တွင် လေကြောင်းဖြင့်တိုက်ခိုက်၍ ကလေး(၅) ဦးထိမှန်သေဆုံးပြီး ရွာသား (၉) ဦး ဒဏ်ရာရရှိ (၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ)

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

(လေကြောင်းတိုက်ခိုက်မှု) မြန်မာစစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် က လေး (၅) ဦးထိမှန်သေဆုံး၍ ရွာသား (၉) ဦးဒဏ်ရာရရှိမှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ယိုကလား (ကြသောင်းဆိပ်) ကျေးရွာအုပ်စု၊ ရန--- ကျေးရွာ

သေဆုံးသွားသူများ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောဆ---

စောသ---

နော်ဝ---

နော်န---

နော်ဘ---

အသက်

၆ နှစ်

၇ နှစ်

၉ နှစ်

၁၀ နှစ်

၁၂ နှစ်

ကျား/မ

ကျား

ကျား

မ

မ

မ

လူမျိုး

ကရင်

ကရင်

ကရင်

ကရင်

ကရင်

အိမ်ထောင် ရှိ/မရှိ   

မရှိ (ကလေး)

မရှိ (ကလေး)

မရှိ (ကလေး)

မရှိ (ကလေး)

မရှိ (ကလေး)

အလုပ်အကိုင်

ကျောင်းသား

ကျောင်းသား

ကျောင်းသူ

ကျောင်းသူ

ကျောင်းသူ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓ

ဗုဒ္ဓ

ဗုဒ္ဓ

ဗုဒ္ဓ

ဗုဒ္ဓ

ရာထူးအဆင့်

ကျောင်းသား

ကျောင်းသား

ကျောင်းသူ

ကျောင်းသူ

ကျောင်းသူ

နေရပ်ရွာအမည်

ရန--- ရွာ

ရန--- ရွာ

ရန--- ရွာ

ရန--- ရွာ

ရန--- ရွာ

ဒဏ်ရာရရှိသူများ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ - ကလေးသူငယ်များ

အမည်

စောဟ---

စောမ---

အသက်

၂ လ

၁၀ နှစ်

ကျား/မ

ကျား

ကျား

လူမျိုး

ကရင်

ကရင်

အိမ်ထောင် ရှိ/မရှိ   

မရှိ (မွေးကင်းစ)

မရှိ (ကလေး)

အလုပ်အကိုင်

-

-

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓ

ဗုဒ္ဓ

ရာထူးအဆင့်

-

-

နေရပ်ရွာအမည်

ရန--- ရွာ

ရန--- ရွာ

ဒဏ်ရာရရှိသူများ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ - လူကြီးများ

အမည်

စောက---

စောခ---

ယားဒ---

ယားအ---

တီးဂ---

စောရ---

နော်လ---

အသက်

၃၁ နှစ်

၃၄ နှစ်

၆၁ နှစ်

၅၁ နှစ်

၆၂ နှစ်

၅၄ နှစ်

၁၈ နှစ်

ကျား/မ

မ

ကျား

မ

မ

ကျား

ကျား

မ

လူမျိုး

ကရင်

ကရင်

ကရင်

ကရင်

ကရင်

ကရင်

ကရင်

အိမ်ထောင် ရှိ/မရှိ   

ရှိ

ရှိ

ရှိ

ရှိ

ရှိ

ရှိ

မရှိ

အလုပ်အကိုင်

လယ်ယာ

လယ်ယာ

လယ်ယာ

လယ်ယာ

လယ်ယာ

လယ်ယာ

မသိရှိရ

ကိုးကွယ်သည့် ဘာသာ

ဗုဒ္ဓ

ဗုဒ္ဓ

ဗုဒ္ဓ

ဗုဒ္ဓ

ဗုဒ္ဓ

ဗုဒ္ဓ

ဗုဒ္ဓ

ရာထူးအဆင့်

ရွာသား

ရွာသား

ရွာသား

ရွာသား

ရွာသား

ရွာသား

ရွာသား

နေရပ်ရွာအမည်

ရန--- ရွာ

ရန---ရွာ

ရန---ရွာ

ရန---ရွာ

ရန---ရွာ

ရန--- ရွာ

ရန--- ရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

လေယာဥ်အမျိုးအစား

ပင်မတပ်

အခြေစိုက်သည့်နေရာဒေသ           

အထက်အရာရှိအမည်

မသိရှိရ

မြန်မာတပ်မတော် လေတပ်

မသိရှိရ

ဗိုလ်ချုပ်ကြီးထွန်းအောင်သည် မြန်မာတပ်မတော် ကာကွယ် ရေးဦးစီးချုပ် (လေတပ်) အဖြစ် တာဝန်ထမ်းဆောင်သည်။

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ကျွန်တော်သည် (KHRG သတင်းစုဆောင်းသူတစ်ဦး) ဤသတင်းအကြောင်းအရာများကို (အခင်းဖြစ်စဉ်အနီးတွင် နေ ထိုင်ကြသော) နီးစပ်ရာ ရွာသားများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အုပ်စုအုပ်ချုပ်ရေးမှူးနှင့်ဆွေမျိုးသားချင်းများထံမှ လက်ခံသိရှိခဲ့ရသည်။ (KHRG သတင်းစုဆောင်းသူသည် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသော ရွာသား တီးဂ--- နှင့်မိသားစုဝင်နှစ်ဦးတို့ကိုလည်း အင်တာဗျူးခဲ့ပါသည်။) တစ်ချို့ရွာသားများသည် အခင်းဖြစ်ပွားသည့်အချိန်၌ အခင်းဖြစ်ပွားသည့်နေရာတွင် ရှိနေခဲ့သည်။ တစ်ချို့လည်း အခင်းဖြစ်ပွားပြီးနောက် ဗုံးထိမှန်သူများကို အခင်းဖြစ်ပွား သည့်နေရာတွင် လာရောက်ကူညီပေးခဲ့သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

ဤသတင်းအကြောင်းအရာကို ပြောပြသောသူတို့သည် အခင်းဖြစ်ပွားသည့်အချိန်၌ အခင်းဖြစ်ပွားသည့်နေရာတွင် ရှိနေ ခဲ့သည်။ တစ်ချို့သောသူသည် အခင်းဖြစ်ပွားပြီးနောက် ဗုံးထိမှန်သူများကို လာရောက်ကူညီပေးခဲ့သည်။ ၎င်းတို့ဆွေမျိုး များသည် ၎င်းတို့အိမ်အနီးတွင် နေထိုင်ကြသည်။ သူတို့လည်း (ဆွေမျိုးဖြစ်သူများ) အခင်းဖြစ်စဉ်ကို မြင်တွေ့ခဲ့သူ ဖြစ်သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အသေးစိတ် -

 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ည (၈း၁၀) မိနစ်ခန့်တွင် မြန်မာစစ်တပ်သည် ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်၊ ယိုကလား (ကြသောင်းဆိပ်) ကျေးရွာအုပ်စု၊ ရန--- ကျေးရွာကို ပေါင် (၅၀၀) ဗုံးသုံးလုံးပစ်ချ၍ လေကြောင်းဖြင့် တိုက် ခိုက်ခဲ့သည်။ ရန--- ကျေးရွာသည် ခဈ--- ကျေးရွာဟုလည်း သိရှိကြသည်။ အဆိုပါဗုံးသုံးလုံးသည် ရွာသားတစ်ဦးဖြစ်သူ တီးဂ--- ၏နေအိမ်အနီးနားတွင် ကျခဲ့သည်။ ဗုံးတစ်လုံးသည် တီးဂ--- ၏အိမ်နှင့်၎င်းတူမဖြစ်သူ နော်က--- ၏အိမ်အ ကြားတွင်ကျရောက်ပေါက်ကွဲခဲ့သည်။ အခြားဗုံးတစ်လုံးသည် တီးဂ--- ၏နေအိမ်အရှေ့တွင်ကျရောက်ပေါက်ကွဲခဲ့သည်။ နောက်ဆုံးဗုံးတစ်လုံးသည် တီးဂ---၏အိမ်ဘေးနားတွင်ကျပြီး မပေါက်ကွဲပဲရှိနေသည်။ ပေါက်ကွဲသွားသည့်ဗုံးနှစ်လုံး တွင် ကလေး (၅)ဦးကိုထိမှန်၍ သေဆုံးသွားခဲ့သည်။ ထိုကလေးများအားလုံးသည် ကျောင်းသား၊ ကျောင်းသူများဖြစ်ကြ သည်။ ထို့အပြင် ရွာသား (၉)ကိုလည်း ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူထဲတွင် ကလေး (၃)ဦးပါသည်။ ဗုံးထိ မှန်ကြသူများအားလုံးသည် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားသည့်အချိန်တွင် အိမ်ယာဝင်ရန်ပြင်ဆင်နေကြသည်။

 

လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ တီးဂ--- က ယခုလိုပြောသည်။ “လေကြောင်းနဲ့တိုက်ခိုက်တဲ့အချိန်မှာ ကျွန်တော်တို့ဘာမှ မလုပ်ဘူး။ အိမ်ထဲမှာပဲနေပြီး စကားတွေပြောနေကြတယ်။ အချိန်ကလည်း ည (၈)နာရီခွဲနေပြီး လေ။ အဲဒါကြောင့် အိမ်ယာဝင်တော့မဲ့အချိန်ပေါ့။ (…) ကျွန်တော်အိပ်ပျော်တော့မဲ့အချိန်မှာ လေယာဉ်သံကိုကြားတယ်။ အသံက ‘ဝိုး၊ ဝိုး၊ ဝိုး’နဲ့။ ပြီးတော့ ကျွန်တော့်မိန်းမနဲ့ကလေးနှစ်ယောက်ကို လှမ်းခေါ်ပြီး အိမ်အောက်ကိုဆင်းခိုင်းတယ်။ ဒါပေမဲ့ အိမ်ရှေ့အဝမှာရောက်တဲ့အချိန်မှာ ဗုံးကျသွားတယ်။ ကျွန်တော်တို့အိမ်ကတော့ ပြိုကျပျက်စီးသွားတယ်။ (…) အဲဒီအိမ်မှာ နေလို့မရတော့ဘူး။ (…) ဗုံးနှစ်လုံးက ပေါက်ကွဲသွားတယ်။ တစ်လုံးက ကျွန်တော့်အိမ်ရှေ့မှာ ကျပြီးပေါ က်သွားတယ်။ အခြားတစ်လုံးက ကျွန်တော့်အိမ်နဲ့တူမအိမ်အကြားမှာကျပြီးပေါက်သွားတယ်။ အဲဒါကြောင့် တူမရဲ့အိမ် လည်းပြိုကျပျက်စီးသွားတယ်။ (…) နောက်ဆုံးဗုံး တစ်လုံးက ကျွန်တော့်အိမ်ဘေးမှာကျတယ်။ ဒါပေမဲ့မပေါက်ကွဲဘူး။ ကျတဲ့နေရာမှာ အပေါက်ကြီးကြီးဖြစ်သွားတယ်။ ဘယ်သူမှ အဲဒါကိုသွားတူးယူလို့မရဲဘူး။ ဒါပေမဲ့ သူတို့က (ရပ်မိရပ်ဖ များ) သတိပေးချက်ဆိုင်းဘုတ်ထားပြီး မည်သူမှမလာရလို့ရေးထားတယ်။”  တီးဂ--- က ဤသို့ဆက်လက်ပြောပြသည်။ “သူတို့က (မြန်မာစစ်တပ်) ကျွန်တော်တို့ရွာကို ဘာဖြစ်လို့လေကြောင်းနဲ့လာတိုက်ခိုက်ရလဲဆိုတာ မသိရဘူး။ ဘာဖြစ် လို့လဲဆိုတော့ လေယာဉ်က ကျွန်တောတို့ရွာဖက်ခြမ်းကို အမြဲတမ်းလာပျံဝဲကြတယ်။ ဒါပေမဲ့ လေယာဉ်က ရွာကိုပဲ ဖြတ်သန်းသွားနေကြတယ်။ အဲဒါကြောင့် တစ်နေ့မှာ ကျွန်တော်တို့ရွာကို လေယာဉ်နဲ့ဘာဖြစ်လို့လာတိုက်ခိုက်လဲဆိုတာ မသိရဘူး။ (…) နွေရာသီမှာကျွန်တော်တို့အမြဲတမ်းဂရုစိုက်နေထိုင်ရတယ်။ (ညဖက်ဆိုရင်) အိမ်မှာတောင် မအိပ်ရဲဘူး။ ဒီလိုနဲ့နေထိုင်လာတာ လအနည်းငယ်ရှိသွားပြီး (ဒါပေမဲ့ဘာမှတော့မဖြစ်သေးဘူး)။ အဲဒါကြောင့် ဘာမှဖြစ်မှာ မဟုတ် ဘူးဆိုပြီးထင်ကြတယ်။ (…) အဲဒါနဲ့ အရင်လိုပဲ ပြန်နေထိုင်ကြတယ်။ လေယာဉ်ရောက်လာတဲ့အချိန်မှာ ကျွန်တော် ဘာမှမလုပ်တတ်ဘူး။ အိမ်အောက်ကိုပြေးပြီး ကျွန်တော့်ကလေးကို (နော်ဘ---) ဖက်ထားပြီး အကူအညီတောင်းတယ်။ အဲဒါနဲ့ရွာသားတွေက ကျွန်တော့်ဆီပြေးလာပြီး ကူညီကြတယ်။ ပြီးတော့ ကျွန်တော့်ကလေးကိုချီပြီး တက--- ဆေးရုံကို လိုက်ပို့ပေးခဲ့တယ်။”   

 

  • ရွာသားများ သေကြေဒဏ်ရာရရှိခြင်း

 

လေကြောင်းတိုက်ခိုက်မှုတွင် ကလေး (၃) ဦးကိုထိမှန်၍ ပွဲချင်းပြီးသေဆုံးသွားပြီး ရွာသား (၁၁) ဦးကိုလည်း ထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသည့်သူ (၉) ဦးကို ၎င်းတို့မိသားစုများနှင့်အခြားရွာသားများက တက--- ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့သည်။ ဒဏ်ရာရရှိသည့်ကလေး (၂) ဦးသည် (နော်ဘ---နှင့်စောဆ---) ဆေးရုံသို့ရောက်ရှိချိန် တွင် သေဆုံးသွားခဲ့သည်။ ကျန်ရှိသောဒဏ်ရာရရှိသူ (၇) ဦးသည် အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေတွင်ရှိ၍ (၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၌) တက--- ဆေးရုံတွင် ဆေးကုသမှုခံယူနေပါသည်။ (တက--- ဆေးရုံသည် ဒူးသထူ ခရိုင်၊ ဘားအံမြို့နယ်၊ ဖျာဝေါ်ကျေးရွာအုပ်စု၊ တက--- ကျေးရွာတွင် တည်ရှိသည်။ ၎င်းဆေးရုံသည် ကရင်ကျန်းမာ ရေးနှင့်လူမှုဖူလှုံရေးဌာန (KDHW) စီမံခန့်ခွဲသောဆေးရုံဖြစ်သည်။) ဒဏ်ရာရရှိသည့်အခြားရွာသား (၃)ဦးသည် ကျေးရွာ တွင်းရှိ KDHW ဆေးခန်းတွင် ဆေးကုသမှုခံယူခဲ့သည်။

 

နော်န---၏ခန္ဓာကိုယ်သည် နှစ်ပိုင်းပြတ်သွားပြီးသေဆုံးခဲ့သည်။ သူမသည် တတိယတန်းကျောင်းသူဖြစ်သည်။ နော်ဝ---သည် သူမ၏ခေါင်းတွင်ဗုံးစထိမှန်၍ သေဆုံးသွားခဲ့သည်။ သူမသည် ဒုတိယတန်းကျောင်းသူဖြစ်သည်။ ထို့အပြင် စောသ---ကိုလည်းထိမှန်၍ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ သူသည် မူကြိုကျောင်းသားဖြစ်သည်။ နော်ဘ---သည် တစ် ကိုယ်လုံးတွင်ဗုံးစများထိမှန်၍ သူမ၏ဗိုက်တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ သူမကို ဆေးရုံသို့ပို့ဆောင်ပြီးနောက် ဆေးရုံတွင်သေဆုံးသွားခဲ့သည်။ စောဆ---သည်လည်း တစ်ကိုယ်လုံးဗုံးစများထိမှန်ပြီး ခေါင်းတွင်ဒဏ်ရာပြင်းထန်သော ကြောင့် ဆေးရုံသို့ရောက်ရှိပြီးနောက် သေဆုံးသွားခဲ့သည်။

 

ထို့အပြင် စောရ---သည် တစ်ကိုယ်လုံးတွင်ဒဏ်ရာရရှိခဲ့သည်။ တီးဂ---သည် ဘယ်ဖက်လက်နှင့်မှေ့ရိုးတွင် ဒဏ်ရာရရှိခဲ့ သည်။ ယားအ---သည် တစ်ကိုယ်လုံးတွင်ဒဏ်ရာရရှိခဲ့သည်။ ယားဒ---သည် ညာဖက်လက်နှင့် ဗိုက်တွင်ဒဏ်ရာရခဲ့ သည်။ စောခ---သည် တင်ပါးနှင့်ညာဖက်ခြေထောက်တွင်ဒဏ်ရာရခဲ့သည်။ နော်က--- သည် ဗိုက်နှင့်ကျောကုန်းတွင် ဒဏ်ရာရခဲ့သည်။ ၎င်းတို့အားလုံးသည် ဒဏ်ရာပြင်းထန်စွာရရှိပြီး အသက်စိုးရိမ်ရ သည့်အခြေအနေတွင်ရှိသောကြောင့် တက--- ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရသည်။ ကျေးရွာကနေ ဆေးရုံ သို့ကားဖြင့်သွားလျှင် (၃)နာရီခန့်ကြာမြင့်သည်။

 

စောဟ---သည် တင်ပါးတွင်ဒဏ်ရာရခဲ့သည်။ စောမ---သည် မေးရိုးနှင့်ဘယ်ဖက်လက်တွင်ဒဏ်ရာရခဲ့သည်။ နော်လ---သည် ဘယ်ဖက်လက်တွင်ဒဏ်ရာရခဲ့သည်။ ၎င်းတို့အားလုံးသည် ဒဏ်ရာမပြင်းထန်သောကြောင့် ကျေးရွာတွင်ရှိသည့် KHDW ဆေးခန်းသို့သွားရောက်ပြီး KHRG ကျန်းမာရေးဝန်ထမ်းတစ်ဦးမှ ၎င်းတို့ကိုဆေးကုသပေးခဲ့သည်။      

 

  • လူနေအိမ်များပျက်စီးခြင်းနှင့် တိရိစ္ဆာန်များသေကြေဒဏ်ရာရခြင်း

 

လေကြောင်းတိုက်ခိုက်မှုကြောင့် တီးဂ---၏နေအိမ်နှင့်သူ၏တူမဖြစ်သူ နော်က---၏နေအိမ်များကိုထိမှန်၍ ပြိုကျပျက် စီးသွားခဲ့သည်။ ယားဒ---၏အိမ်လည်း ထိမှန်၍ပြိုကျပျက်စီးခဲ့သည်။ ထို့အပြင် အခြားလူနေအိမ် (၉) လုံးလည်း ဗုံးစများ ထိမှန်၍ အနည်းငယ်ပျက်စီးခဲ့ရသည်။ ထိုအိမ်(၉)လုံး၏ပိုင်ရှင်များမှာ စောရ---၊ ယားည---၊ ယားထ---၊ ယားတ---၊ စောစ---၊ နော်ပ---၊ စောဧ---၊ ယားဃ---နှင့်ယားဒ---တို့ဖြစ်ကြသည်။

 

လေကြောင်းတိုက်ခိုက်မှုတွင် စောစ---၏နွားသုံးကောင်ကို ဗုံးစများထိမှန်၍ နှစ်ကောင်သေဆုံးခဲ့သည်။ ယားအ---၏ ဝက်သုံးကောင်နှင့်ဘဲနှစ်ကောင်လည်း ဗုံးထိမှန်သေဆုံးခဲ့သည်။ ထို့အပြင် စောဖ---၏ကြောင်နှစ်ကောင်နှင့်ခွေးတစ် ကောင်လည်း ထိမှန်သေဆုံးခဲ့သည်။

 

မြန်မာစစ်တပ်မှ ကျေးရွာကို လေကြောင်းဖြင့်တိုက်ခိုက်သည့်အချိန်တွင် ကျေးရွာတွင်ဖြစ်စေ၊ ကျေးရွာပတ်ဝန်းကျင် တွင်ဖြစ်စေ တိုက်ပွဲမဖြစ်ပွားခဲ့သလို လက်နက်ကိုင်တပ်ဖွဲ့များလည်း မရှိခဲ့ပါ။ ရန---ကျေးရွာမှ ရွာသားများသည် ယခင်က မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှလည်း ကျေးရွာထဲကို သွားလာလှုပ်ရှားခြင်းလည်းမရှိခဲ့ကြောင်း တင်ပြကြ သည်။   

 

  • ဗုံးထိမှန်သူများ၏မိသားစုများနှင့်အခြားရွာသားများအပေါ် အကျိုးသက်ရောက်မှုများ

 

မြန်မာစစ်တပ်သည် ကျေးရွာကိုလေကြောင်းဖြင့်တိုက်ခိုက်သောကြောင့် ရွာသားများအကြားတွင် စိုးရိမ်ထိတ်လန့်မှု များဖြစ်စေခဲ့သည်။ ထို့ကြောင့် (လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တွင်) တစ်ချို့ရွာသားများသည် ကျေးရွာအ ပြင်ဖက်ရှိ ၎င်းတို့လယ်ယာထဲတွင်ရှိသောတဲအိမ်များတွင် သွားရောက်အိမ်စက်နေရသည်။ တစ်ချို့ရွာသားများလည်း မြစ်ချောင်းနားသို့ သွားရောက်ပုန်းရှောင်ခဲ့ရသည်။ တစ်ချို့လည်း ဒဏ်ရာရရှိသူများကို ဆေးရုံသို့လိုက်လံပို့ဆောင်ပေးခဲ့ သည်။ တစ်ချို့လည်း သေဆုံးသွားသူများကို မြေမြှုပ်သဂြိၤုလ်ပေးခဲ့သည်။

 

ရန--- ကျေးရွာမှ ဗုံးထိမှန်သူတစ်ဦး၏ဆွေမျိုးတစ်ဦးဖြစ်သူ နော်ဈ---သည် (၃၅ နှစ်) သူမ၏အမြင်နှင့်ခံစားချက်ကို ယခု လိုပြောပြသည်။ “မြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်မရဲ့ဆွေမျိုးတွေလည်း ဒဏ်ရာရခဲ့တယ်။ ရွာသားသုံးယောက်လည်း (ကလေးများ) ပွဲချင်းပြီးသေသွားခဲ့တယ်။ နှစ်ယောက်ကျတော့ တက--- ဆေးရုံကိုရောက်တဲ့ အချိန်မှာ သေသွားခဲ့တယ်။ (…) ကရင်အမျိုးသမီးအဖွဲ့က (KWO) ဒဏ်ရာရတဲ့သူတွေကို အကူအညီပေးတယ်။ ဒါပေမဲ့ သူတို့က (KWO) ဗုံးထိမှန်တဲ့အားလုံးကို အကူအညီပေးလား၊ မပေးဘူးလားဆိုတာ သေချာမသိရဘူး။ အခြားရွာသား တွေလည်း ဒဏ်ရာရတဲ့သူတွေကို ငွေကြေးထောက်ပံ့ပေးကြတယ်။ တစ်ချို့ရွာသားတွေက ငွေကျပ်တစ်သိန်းပေးလှူ ကြတယ်။ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်မှာ ရွာသားတွေလည်း ရွာထဲမှာဆက်နေရင်လုံခြုံမှုမရှိဘူး ခံစားရတယ်။ ကျောင်းသူ၊ ကျောင်းသားတွေလည်း ကျောင်းကို မသွားရဲတော့ဘူး။ (…) ကျွန်မရဲ့ညီမရဲ့ (နော်က---) မိသားစုဝင်နှစ်ဦးက (နော်ဝ---နှင့်စောစ---) သေဆုံးသွား ခဲ့တယ်။ ကျွန်မရဲ့အဒေါ်ရဲ့ (ယားဒ---) မိသားစုဝင်နှစ်ဦးလည်း (နော်---နှင့်နော်ဘ---) သေဆုံးသွားခဲ့တယ်။ ပြီးတော့ စောသ---နဲ့သူရဲ့မိသားစုဝင်တစ်ဦးလည်း လေကြောင်းတိုက်ခိုက် မှုမှာ သေဆုံးခဲ့ရတယ်။ သူက (စော သ---) သူ့ဦးလေး စောရ--- နဲ့အတူနေတယ်။”  နော်ဈ---က ဆက်လက်၍ ထပ်မံပြောပြသည်။ “ကျွန်မတို့ဒေသ မှာ ငြိမ်းချမ်းမှုတွေယူဆောင်လာပေးဖို့ KNU (ကရင်အမျိုးသားအစည်းအရုံး) ခေါင်းဆောင်တွေကိုတောင်းဆိုချင်တယ်။ ကျွန်မတို့တွေ ဒီလိုပဲဆက်ပြီးမနေနိုင်တော့ဘူး။ (…) အခုချိန်မှာ ကျွန်မတို့ တွေ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့အသက်ရှင်နေရတယ်။ သူတို့က ကျွန်မတို့အတွက် ငြိမ်းချမ်းတဲ့အခြေအနေကို ဖန်တီးနိုင်ရင် အရမ်းကောင်းမှာပဲ။ အခုချိန်မှာ ရွာသားတစ်ယောက်မှ ရွာထဲမှာမနေတော့ဘူး။ ရွာကပိုပြီးခြောက်ချား လာတယ်။ (…) တစ်ချို့က တောထဲကိုပြေးသွားတယ်။ တစ်ချို့လည်း ရွာအစွန်နားမှာသွားနေကြတယ်။ တစ်ချို့လည်း လုံခြုံတဲ့နေရာတွေမှာ သွားနေကြတယ်။ ကျေးဇူးပြု၍ ကျွန်မတို့ရပ်ရွာဒေသကို ဗုံးကြဲတာတွေရပ်ဖို့ မြန်မာစစ်တပ်ရဲ့ ခေါင်းဆောင်တွေကိုလည်း တောင်းဆိုချင်တယ်။ ကျေးဇူးပြုပြီး ကျွန်မတို့ကို ငြိမ်းချမ်းမှုတွေပေးပါ။ (…) ကျွန်မတို့အ နေနဲ့ ဒီလိုအခြေအနေတွေကို ဆက်ပြီးမမြင်ချင်တော့ဘူး။ ကျွန်မရဲ့ဆွေမျိုးတွေရဲ့ဒဏ်ရာတွေကိုကြည့်ပြီး အရမ်းခံစား ရတယ်။ (…) သူတို့တွေ ကျွန်မတို့ကို ဘယ်လိုစိတ်နဲ့ဗုံးကြဲရတာလဲဆိုတာ စဉ်းစားလို့မရဘူး။”

 

ကဘောယူပလောကျေးရွာတွင်နေထိုင်သည့် စောရ---၏အမျိုးသမီးဖြစ်သူ ဒေါ်ဈအ---သည်လည်း (၅၂ နှစ်) ယခုလိုတင် ပြသည်။ “ ကျွန်မတို့ရွာကို လေကြောင်းတိုက်ခိုက်မှုဖြစ်သွားပြီး လူတွေအများကြီးဒဏ်ရာရသွားတယ်။ ကျွန်မတို့ရွာကို မပြန်ရဲတော့ဘူး။ အဲဒါကို (လေကြောင်းတိုက်ခိုက်မှု) တွေးမိတိုင်း ကျွန်မကြောက်တယ်။ (…) ကျွန်မရဲ့တူလည်း (စောသ---) ဗုံးစထိမှန်ပြီး ပွဲချင်းပြီးသေသွားတယ်။ ကျွန်မရဲ့အမျိုးသားလည်း ဒဏ်ရာရပြီး မကြာခဏခွဲစိတ်မှုတွေ လုပ်ရတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်မမှာ စိတ်ဒဏ်ရာတွေရနေပြီး။ ကားအင်ဂျင်အသံကိုကြားရင်တောင်မှ လေယာဉ်သံလို့ထင်မိသွားတယ်။ ကျွန်မစိုးရိမ်ထိတ်လန့်နေတယ်။ ကျွန်မရဲ့အမျိုးသားက တက---ဆေးရုံမှာ ဆေးကုသမှုခံယူတာ (၆) ရက်ရှိသွားပြီး။ အဲဒါနဲ့ သူ့ကို ပရ--- ဆေးရုံကို လွဲပြောင်းပို့ပေးခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အခြေအနေကပိုဆိုးလာတယ်လေ။ (…) ကျွန်မအနေနဲ့ ငြိမ်းချမ်းရေး ကိုပဲလိုချင်တယ်။ လေကြောင်းတိုက်ခိုက်မှု တွေကို မမြင်ချင်တော့ဘူး။ ကျွန်မအမျိုးသားဒဏ်ရာပြင်းပြင်းထန်ထန် ရတော့ သူ့ကိုဆေးကုပေးရတာ ငွေအများကြီးကုန်မယ်ထင်တယ်။ အဲဒါကြောင့် ကျွန်မတို့ကိုသနားရင် ဆေးဖိုးဝါးခ အတွက်ကူညီပေးနိုင်ရင် အရမ်းကောင်းမယ်။” (ပရ--- ဆေးရုံသည် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်တွင် တည်ရှိသည်။)

 

လက်ရှိအချိန်တွင် (၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်) မည်သည့်ရွာသားမှ ကျေးရွာထဲတွင် မနေရဲတော့သည့်အ တွက်ကြောင့် အခြားနေရာများသို့ သွားရောက်ပုန်းရှောင်နေထိုင်ကြသည်။ ထို့အပြင် ကျောင်းသား၊ ကျောင်းသူများ သည်လည်း ကျောင်းကိုမတက်ရဲကြတော့ပါ။ ကျောင်းသားမိဘလည်း ၎င်းတို့သားသမီးများကို ကျောင်းသို့မပို့ရဲကြပါ။ အကျိုးဆက်အနေဖြင့် (ရန--- ကျေးရွာမှ) စာသင်ကျောင်းကို ပိတ်သိမ်းခဲ့ရသည်။ ဤကျောင်းသည် KECD (ကရင်ပညာ ရေးနှင့်ယဉ်ကျေးမှုဌာန) မှ စီမံခန့်ခွဲသောကျောင်းဖြစ်သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

ဤသတင်းအကြောင်းအရာများကို ပြောပြသောရွာသားသုံးဦးသည် သတင်းဖြစ်စဉ်ကို ရေးသားဖြန့်ဝေရန်အတွက် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။ ထိုရွာသားသုံးဦးသည် ဗုံးထိမှန်ဒဏ်ရာရရှိသူ စောရ---၏အမျိုးသမီးဖြစ်သူ ဒေါ်ဈအ---၊ ဒဏ်ရာရရှိသည့်တီးဂ--- နှင့်အခြားဒဏ်ရာရရှိသူများ၏ဆွေမျိုးဖြစ်သူ နော်ဈ---တို့ ဖြစ်ကြသည်။ (နော်ဈ--- သည် နော်က---၊ နော်ဝ---၊ စောဆ---၊ ယားဒ---၊ နော်န---နှင့်နော်ဘ---တို့၏ဆွေမျိုးတစ်ဦးဖြစ်သည်။)