မြိတ်၊ဇူလိုင် ၂၁။
မြိတ်-ထားဝယ်ခရိုင်အတွင်းကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတဦး ဒဏ်ရာရခဲ့ပြီးစာသင်ကျောင်းလည်း ပျက်စီးခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ဇူလိုင်လ ၂၀ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၊လေညာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတရွာကို အဲဒီနေ့ ညနေ ၃ နာရီကျော်အချိန်မှာလေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်တပ်က တိုက်လေယာဥ်နဲ့၁၂၀ မမ လက်နက်ကြီးကျည် နှစ်လုံး ကြဲချခဲ့သလို စက်သေနတ်တွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား တဦးဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်း အဆောက်အဦး နှစ်ခု၊ ဈေးဆိုင် နှစ် လုံး၊ ကွမ်းခြံ တ ခြံနဲ့ မိုဘိုင်းဖုန်း တ လုံးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - KHRG



