Fri, 16 Jan 2026
တောအူးခရိုင် မှုခင်းဖော်ပြသည့်မှတ်တမ်းလွှာ - ဒေါ်ဖားခိုမြို့နယ်တွင် SAC လက် နက်ကြီးပစ်ခတ်မှုကြောင့် (၄) နှစ်အရွယ်ကလေးတစ်ဦးထိမှန်သေဆုံးပြီး (၆) နှစ် အရွယ်ကလေးတစ်ဦးနှင့်ရွာသားတစ်ဦးလည်း ဒဏ်ရာရရှိ (၂၀၂၅ ခုနှစ်၊ ဇွန်လ)

ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာသည် တောအူး (တောင်ငူ) ခရိုင်၊ ဒေါ်ဖားခို (သံတောင်ကြီး) မြို့နယ်တွင်ဖြစ်ပွားခဲ့ သော လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်အကြောင်းကို ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့၌ လိပ်သိုမြို့တွင် အခြေစိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၆၀၃) သည်လက်နက်ကြီး (၁၂၀) မမ (၃)လုံးပစ်ခတ်ခဲ့သည်။ ပထမလက်နက်ကြီးတစ်လုံးသည် ဒေါ်ဖားခိုမြို့နယ်၊ ပရှော့လိုကျေးရွာအုပ်စု၊ အအ--- ကျေးရွာအတွင်းတွင် ကျရောက်ပေါက်ကွဲပြီး အခြားလက်နက်ကြီးနှစ်လုံးသည် ကျေးရွာအပြင်ဖက်တွင် ကျရောက် ပေါက်ကွဲခဲ့သည်။ ကျေးရွာတွင်းရှိ လူနေအိမ်အနီးနားတွင် လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲ၍ အသက် (၄)နှစ် အရွယ် ယောင်္ကျားလေးတစ်ဦးထိမှန်သေဆုံးပြီး ၎င်း၏ဖခင်နှင့် (၆)နှစ်အရွယ်မိန်းကလေးတစ်ဦးလည်း ထိမှန်ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါယောင်္ကျားလေးသည် ဦးခေါင်းတွင် လက်နက်ကြီးကျည်စထိမှန်၍ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ ထိုမိန်းကလေးသည် ဒဏ်ရာအနည်းငယ်သာရရှိခဲ့သည်။ သေဆုံးသူယောင်္ကျားလေး၏ဖခင်သည် ရင်ဘက်တွင် ကျည်စ များထိမှန်ဒဏ်ရာရရှိခဲ့သည်။ ၎င်းဖခင်သည် သေဆုံးသွားသည့်သားဖြစ်သူကို သင်္ဂြိုလ်ပြီးမှ တောအူးဆေးရုံသို့သွား၍ ခွဲ စိတ်ကုသခဲ့သည်။ သူသည် ဆေးရုံတွင် (၅) ရက်ကြာ ဆေးကုသမှုခံယူခဲ့သည်။ ၎င်းသည် မိသားစုကိုကျွေးမွေး စောင့်ရှောက်ရသည့်အိမ်ထောင်ဦးစီးဖြစ်ပြီး ဤသို့ဒဏ်ရာရရှိ၍ ဆေးကုသနေရသည့်အတွက်ကြောင့် သူ၏မိသားစု သည် စားဝတ်နေရေးနှင့်ငွေကြေးအခက်အခဲများ ကြုံတွေ့နေရသည်။ [1]

 

 

အပိုင်း ၁ - မှုခင်းဖြစ်ပွားသည့်အကြောင်းအရာအပြည့်အစုံ

အခင်းဖြစ်ပွားမှုအမျိုးအစား

လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု

အခင်းဖြစ်ပွားသည့်နေ့ရက်

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့

အခင်းဖြစ်ပွားသည့်နေရာ (ခရိုင်၊ မြို့နယ်၊ ကျေးရွာ အုပ်စု၊ ကျေးရွာ)  

တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ပရှော့လိုကျေးရွာအုပ်စု၊ အအ--- ကျေးရွာ (အအ--- ကျေးရွာသည် အဘ--- ကျေးရွာဟုလည်း ခေါ်ဝေါ်ကြသည်။)

စော်ကားခံရသူ(ရာဇဝတ်မှုကျူးလွန်ခံရသူ)၏ ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်

စောအ---

စောဘ---

နော်စ---

နော်ဒ---

အသက်

၃၀ နှစ်

၄ နှစ်

၂၈ နှစ်

၆ နှစ်

ကျား/မ

ကျား

ကျား

လူမျိုး

ကရင်

ကရင်

ကရင်

ကရင်

အိမ်ထောင် ရှိ/မရှိ   

ရှိ

-

ရှိ

-

အလုပ်အကိုင်

ဥယျာဉ်ခြံ

-

ဥယျာဉ်ခြံ

-

ကိုးကွယ်သည့် ဘာသာ

ခရစ်ယာန်

ခရစ်ယာန်

ခရစ်ယာန်

ခရစ်ယာန်

ရာထူးအဆင့်

ရွာသား

ရွာသား

ရွာသား

ရွာသား

နေရပ် ရွာအမည်

အအ--- ကျေးရွာ

အအ--- ကျေးရွာ

အအ--- ကျေးရွာ

အအ--- ကျေးရွာ

ပစ်မှုကျူးလွန်သူ၏ကိုယ်ရေးအကြောင်းအရာအပြည့်အစုံ

အမည်          

ရာထူး

စစ်ကြောင်း၊ တပ်ရင်း၊ တပ်မ

အခြေစိုက်သည့်နေရာ ဒေသ   

အထက်အရာရှိ အမည်

မသိရှိရ

မသိရှိရ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) စစ်ကွပ် ကဲအခြေစိုက် (စကခ) အမှတ် (၆) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၆၀၃)

ဒေါ်ဖားခိုမြို့နယ်၊ လိပ်သိုမြို့

မသိရှိရ

 

အဆင့် ၂- သတင်းအချက်အလက်များပြန်လည်စီစစ်ခြင်း

(၁) ဤသတင်းအချက်အလက်မှတ်တမ်းပြုစုပုံတစ်ဆင့်ချင်းကို ရှင်းပြပါ။

ဤဖြစ်စဉ်အကြောင်းနှင့်ပတ်သက်၍ တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ပရှော့လိုကျေးရွာအုပ်စု၊ အအ--- ကျေးရွာတွင် နေထိုင်သည့်ရွာသား စောဃ--- သည် ကျွန်တော့်ကို (KHRG သတင်းစုဆောင်းသူ) ပြောပြခဲ့သည်။ ထို့အပြင် KHRG သတင်းစုဆောင်းသူသည် အခြားရွာသားနှစ်ဦး စောအ--- နှင့်နော်စ---တို့ကိုလည်း အင်တာဗျူးခဲ့သည်။ အဆိုပါရွာသား နှစ်ဦးသည် လက်နက်ကြီးပစ်ခတ်မှုကို ကြုံတွေ့ခံစားရသူများဖြစ်သည်။

(၂) ဤသတင်းကိုပေးသောသူတို့သည် ဤသတင်းအချက်အလက်များမှန်ကန်ကြောင်း မည်သို့ဖော်ပြလိုပါသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၏ ရှင်းပြချက်(များကို) ရေးမှတ်ပေးပါ။

KHRG သတင်းစုဆောင်းသူသည် (လက်နက်ကြီးပစ်ခတ်မှုကို ကြုံတွေ့ခံစားရသည့်) ရွာသားနှစ်ဦး စောအ--- နှင့်နော်စ--- တို့ကို အင်တာဗျူးခဲ့သည်။ စောအ--- သည် လက်နက်ကြီးကျည်စထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။ သူ၏သားလည်း ကျည် စထိမှန်၍ ဒဏ်ရာရခဲ့သည်။ လက်နက်ကြီးသည် နော်စ---၏နေအိမ်အနီးတွင် ကျရောက်ပေါက်ကွဲ၍ သူမ၏အိမ်နှင့် စိုက်ပျိုးထားသည့်အပင်များ ပျက်စီးသွားခဲ့သည်။

 

အဆင့် ၃- အခင်းဖြစ်ပွားပုံ

အခင်းဖြစ်ပွားပုံ အသေးစိတ်ကို ပြည့်စုံစွာ ရေးသားဖော်ပြပေးပါ။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ မနက် (၁၀)နာရီခွဲအချိန်တွင် တောအူးခရိုင်၊ ဒေါ်ဖားခိုမြို့နယ်၊ ပရှော့လိုကျေးရွာအုပ်စု၊ အအ--- ကျေးရွာနှင့်အစ--- ကျေးရွာအကြား ကားလမ်းမပေါ်တွင် လိပ်သိုမြို့အခြေစိုက်သည့်ခြေမြန်တပ်ရင်း (ခမရ) အမှတ် (၆၀၃) အတွက် ရိက္ခာပို့ပေးရန် စစ်ကောင်စီကားတစ်စီးသည် သွားလာနေခဲ့သည်။ ထိုသို့ရိက္ခာပို့ဆောင်ရန် သွားလာနေစဉ်တွင် တပ်မဟာ (၂)၊ တပ်ရင်း (၅) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့သည် အဆိုပါကားတစ်စီးကို စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့သည်။ (ပစ်ခတ်မှုဖြစ်ပွားသည့်နေရာသည် ကျေးရွာနှင့်နှစ်မိုင်၊ သုံး မိုင်ခန့် အကွာအဝေးရှိသည်။) ပစ်ခတ်မှုဖြစ်ပွားနေချိန်တွင် အအ--- ကျေးရွာမှ ရွာသားများသည် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ (SAC) ဖက်က ရွာထဲသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မည်ကို စိုးရိမ်ကြောက်ရွံ့၍ စိုက်ပျိုးခြံနှင့်ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

 

ထိုသို့ရွာသားများသည် ကျေးရွာအတွင်း ထွက်ပြေးနေစဉ်အတွင်း စောအ--- က ပစ္စည်းများသယ်ပြီးသူ၏ဇနီးလည်း (၄)နှစ်သားအရွယ်သားဖြစ်သူ စောဘ---ကို ကျောပိုးကာ ထွက်ပြေးနေကြသည်။ အသက် (၆) နှစ်အရွယ် နော်ဒ---နှင့် သူမ၏မိဘများလည်း စောအ---၏မိသားစုနှင့်အတူ ထွက်ပြေးကြသည်။ နေ့လယ် (၁၂)နာရီခွဲအချိန်တွင်အဆိုပါမိသားစု နှစ်စုသည် အခြားရွာသားဖြစ်သူ နော်စ---၏နေအိမ်ခြံစည်းရိုးအနီးနားတွင် ထွက်ပြေးရောက်ရှိသည့်အခါတွင် လက်နက် ကြီး (၁၂၀) မမတစ်လုံးသည် ထိုအိမ်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့သည်။ အခြားလက်နက်ကြီးနှစ်လုံးသည် ပစ်ခတ်မှု ဖြစ်ပွားနေစဉ်တွင် ကျေးရွာအပြင်ဘက်တွင် ကျရောက်ပေါက်ကွဲသည့်အတွက် ထိခိုက်ပျက်စီးမှုများမရှိခဲ့ပါ။

 

ဤလက်နက်ကြီးပစ်ခတ်မှုတွင် စောဘ--- သည် (၄ နှစ်) ဦးခေါင်းကိုကျည်စထိမှန်၍ ပွဲချင်းပြီးသေသွားခဲ့သည်။ ထို့အ ပြင် စောအ---သည် (၃၀ နှစ်) ရင်ဘတ်တွင်ကျည်စထိမှန်၍ ဒဏ်ရာရပြီး နော်ဒ--- လည်း (၆ နှစ်) တင်ပါးတွင် ကျည်စ စင်ပြီး ရှထိခဲ့သည်။ နော်ဒ---၏ဒဏ်ရာသည် စိုးရိမ်စရာမရှိသည့်အတွက် နောက်တစ်နေ့တွင် ဒဏ်ရာပျောက်ကင်း သွားပြီး ပြန်ကစားနိုင်ခဲ့သည်။ စောအ---၏ရင်ဘတ်တွင် ကျည်စနှစ်စစိုက်ဝင်ပြီး ၎င်းဒဏ်ရာသည် ပြင်းထန်၍ ခွဲစိတ် ကုသရန်လိုအပ်ခဲ့သည်။ သို့သော်လည်း သူသည် ဆေးကုသမှုကိုချက်ချင်းမခံယူခဲ့ပါ။ အစပိုင်းတွင် သူသည် သေဆုံးသွား သည့်သား၏အသုဘကို စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ အသုဘပြီးဆုံးသွားနောက် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် သူသည် စိုက်ဝင်နေသည့်ကျည်စများကိုဖယ်ရှားရန်အတွက် SAC စီမံအုပ်ချုပ်သည့် လိပ်သိုဆေးရုံသို့သွားခဲ့သည်။ သို့သော်လည်း လိပ်သိုဆေးရုံတွင် ခွဲစိတ်မှုပြုလုပ်ရန် ပစ္စည်းကိရိယာများမရှိသည့်အတွက်ကြောင့် သူသည် တောအူး (တောင်ငူ) ဆေးရုံသို့သွားခဲ့ပြန်သည်။ တောအူးဆေးရုံသည်လည်း SAC စီမံအုပ်ချုပ်သည့်ဆေးရုံဖြစ်သည်။ သူသည် ထို ဆေးရုံတွင် (၅) ရက်ကြာ ဆေးကုသမှုခံယူခဲ့ရသည်။ (စောအ---သည် ဆေးကုသမှုကုန်ကျစရိတ်ကို မိမိဘာသာပေး ဆောင်ခဲ့ရသည်။ သို့သော် ဆေးကုသမှုကုန်ကျစရိတ်အတိအကျမသိရှိရပါ။)

 

၂၀၂၅ ခုနှစ်၊ ဇွန်လတွင် KHRG သတင်းစုဆောင်းသူမှ စောအ--- အား အင်တာဗျူးသည့်အချိန်တွင် သူ၏ဒဏ်ရာသည် အပြည့်အဝပျောက်ကင်းခြင်းမရှိခဲ့ပါ။ ထိုအချိန်တွင် သူ့အနေဖြင့် ဆက်လက်ဆေးသောက်နေရပြီး ဆေးရုံ၊ဆေးခန်းရက် ချိန်းနှင့်ပြန်လည်ပြီး ပြသခဲ့ရသည်။ စောအ--- သည် (သားဖြစ်သူအား ဆုံးရှုံးရမှုနှင့်ဆေး ကုသမှုစရိတ်အတွက်) မည်သည့်လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းထံမှ ကူညီထောက်ပံ့မှုမရရှိခဲ့ပါ။ သို့သော်လည်းကျေးရွာဘာသာ ရေးအဖွဲ့အစည်းတစ်ခု (ခရစ်ယာန်ဘာသာ) စောအ---၏သားနာရေးပွဲကို ကူညီထောက်ပံ့ပေးပြီး ရွာသားများက သင်္ဂြိုလ်ပေးခဲ့သည်။ စောအ---သည် ခင်ပွန်းသည်တစ်ဦးဖြစ်သည့်အပြင် ကျန်ရှိသူကလေးနှစ်ဦး၏ဖခင်လည်းဖြစ်သည်။ ဤသို့ခွဲစိတ်ကုသမှုလုပ်ရသည့်အတွက် သူ၏မိသားစုသည် စားဝတ်နေရေးအခက်အခဲများနှင့်ကြုံတွေခဲ့သည်။ စောအ--- သည် မိသားစုအတွက် အိမ်ထောင်ဦးစီးဖြစ်ပြီး ငွေရှာ၍ ကျေးမွေးစောင့်ရှောက်ရသည့်အတွက်ကြောင့် မိသားစုလည်း ငွေကြေးအခက်အခဲများကို ရင်ဆိုင်ကြုံတွေ့ခဲ့သည်။ အကြောင်းမှာ သူသည် ဒဏ်ရာရရှိသည့်အတွက် အလုပ်ဆက်လုပ် နိုင်ခြင်းမရှိသောကြောင့်ဖြစ် သည်။ (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း စောအ--- သည် အလုပ်ပြန်လုပ်နိုင်ခဲ့ပြီးဖြစ်သည်။ သူ၏မိသားစုလည်း အအ---ကျေးရွာသို့ပြန်လာနေထိုင်နိုင်ကြပြီးဖြစ်သည်။)

     

လက်နက်ကြီးပစ်ခတ်မှုတွင် နော်စ---၏နေအိမ်နံရံ၊ အိမ်တိုင်၊ ကုတင်သိမ်မိုး၊ ပျဉ်ပြားနှင့်စိုက်ပျိုးထားသော ငှက်ပျော ပင်များ၊ ကွမ်းပင်များ ထိမှန်ပျက်စီးသွားခဲ့သည်။ သို့သော်လည်း နော်စ---နှင့်သူမ၏မိသားစုသည် ခြံထဲသို့ ထွက်ပြေး တိမ်းရှောင်နေခဲ့ပြီးဖြစ်သောကြောင့် မည်သူမှ ထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ပါ။

 

SAC သည် ကျေးရွာများသို့ လက်နက်ကြီးများ မကြာခဏပစ်ခတ်သည့်အဖွဲ့တစ်ဖွဲ့ဖြစ်သည့်အတွက် လက်နက်ကြီးပစ် ခတ်မှုတွင် တာဝန်ရှိကြောင်း ရွာသားများက တင်ပြခဲ့သည်။ ထိုပစ်ခတ်မှုဖြစ်ပွားပြီးနောက်တွင် SAC စစ်သားများသည် အအ--- ကျေးရွာရှိ လမ်းမကြီးသည်အနီးရှိ ရွာသားတစ်ဦး၏နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရွာသားများတင် ပြခဲ့သည်။

 

အဆင့် ၄- ခွင့်ပြုချက်တောင်းခံခြင်း

ရွာသားသို့မဟုတ် လူ့အခွင့်အရေးချိုးဖောက်ခံရသူသည် ဤသတင်းကိုအသုံးပြုရန်ခွင့်ပြုပါသလား။ မည်ကဲ့သို့သော နည်းလမ်းဖြင့် အသုံးပြုခွင့်ပေးသည်ကိုဖော်ပြပေးပါ။

၎င်းတို့သည် (နော်စ---နှင့်စောအ---) ဤသတင်းအကြောင်းအရာများကို ရေးသားဖြန့်ဝေရန်အတွက် KHRG အား ခွင့်ပြုချက်ပေးထားပါသည်။

Fri, 16 Jan 2026

Footnotes: 

[1] ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ ဇူလှိုင်လတွင်ရရှိသောအကြောင်းအရာ၌ အခြေခံပြုပါသည်။ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) မှ လေ့ကျင့် သင်ကြားပေးထားသော တောအူးခရိုင်ရှိ ဒေသခံတစ်ဦးမှ ဒေသအတွင်းလူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေအား ဖော်ပြထားပါသည်။ ချိုး ဖောက်ခံရသူများ၏အမည်၊ ဓာတ်ပုံနှင့်နေရပ်လိပ်စာအတိအကျအား လုံခြုံရေးအရတည်းဖြတ်ထားပါသည်။ ကွင်းစကွင်းပိတ်အတွင်း ရေးသား ထားသော အချက်အလက်များသည် KHRG မှ ရှင်းပြမှုများအတွက် ထည့်သွင်းထားခြင်းဖြစ်သည်။ ဤမှုခင်းဖော်ပြသည့်မှတ်တမ်းလွှာကို မြေပြင် တွင်လက်ခံရရှိသော အစီရင်ခံစာ (၅) စောင်ဖြင့် ပေါင်းစပ်ရေးသားထားပါသည်။ ထိုအစီရင်ခံစာများ၏စာအမှတ်မှာ #25-256-I1၊ #25-256-D1၊ #25-256-M1၊ #25-256-A1-I1 နှင့် #25-256-A2-I1 တို့ဖြစ်သည်။

ဒေါင်းလုတ်လင့်

ဆက်စပ်ဖတ်ရှုရန်